စစ်ရေးသတင်း

ဆီဆိုင်မြို့နယ်က ဘုန်းကြီးကျောင်းကို စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်

မဲခေါင် 7 Feb - 2024
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် ဖြစ်ပွားနေသည့် စစ်ကောင်စီနဲ့လက်အောက်ခံပြည်သူ့စစ် PNO တို့ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထီတမောင်းဘုန်းတော်ကြီးကျောင်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၇

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် ဖြစ်ပွားနေသည့် စစ်ကောင်စီနဲ့လက်အောက်ခံပြည်သူ့စစ် PNO တို့ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထီတမောင်းဘုန်းတော်ကြီးကျောင်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဒီနေ့မှာ ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းက ဆိုက်ခေါင်ဘက်က ပစ်တဲ့စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုက ထီးတမောင်းဘုန်းကြီးကျောင်းရဲ့ ဇရပ်၊ ဓမ္မာရုံတွေ ပျက်စီးသွားစေခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။

“ရဟန်းသံဃာနဲ့ကိုရင်တွေ ထိခိုက်မှုတော့ မသိရသေးဘူး” လို့ အဲ့ဒီ့ဒေသခံက ပြောပါတယ်။

ဆီဆိုင်မြို့ကို လေယာဉ်နဲ့ဗုံးကြဲခြင်း၊ ဒရုန်းဗုံးများကြဲချခြင်းနဲ့ အဝေးက လက်နက်ကြီးကျည်ပစ်ခတ်မှုများကြောင်း ယခုကျောင်းအပါအ၀င် ဘုန်းကြီးကျောင်း ၆ ကျောင်း၊ ဓမ္မာရုံ ၁ ခု၊ ခရစ်ယန်ချပ်ချ် ၁ခုနဲ့ စာသင်ကျောင်း ၁ကျောင်းတို့ ပျက်စီးခဲ့ရပြီဖြစ်သည်။

စစ်ကောင်စီအနေနဲ့ ဘာသာရေးအဆောက်အဦတွေ၊ စာသင်ကျောင်းတွေနဲ့ အများပြည်သူ ခိုလှုံရာနေရတွေကို ညှာတာမှုကင်းမဲ့စွာ ပစ်ခတ်တိုက်ခိုက်နေတာဟာ စစ်ရာ၀တ်မှုတွေကို ကျူးလွန်နေတာ ဖြစ်လို့ စစ်ရေးဆိုင်ရာပစ်မှတ်မဟုတ်တာတွေကို တိုက်ခိုက်နေတဲ့ စစ်ရာဇ၀တ်ကောင်တွေအနေနဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံးကို တင်ဖို့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေက ထိထိရောက်ရောက် တရားစွဲလုပ်ငန်းလုပ်ကိုင်ဖို့လိုတယ်လို့ အထက်မြန်မာပြည်နိုင်ငံရေး အကျဉ်းသားများကွန်ရက် (POPUB) အဖွဲ့၀င် ၁ဦးက မဲခေါင်ကို ပြောပါတယ်။

`စစ်ကောင်စီရဲ့ လူမဆန်မှုယုတ်မာကြမ်းကြုတ်မှုကတော့ နောင်ဥဒါန်းမကျေစရာတွေချည့်ပါပဲ၊ နောက်ကိစ္စထက် အခုဖြစ်နေတာတွေကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေကရော ပြည်ပနိုင်ငံတွေကပါ ထိထိရောက်ရောက် အမြန်ဆုံး အရေးယူဆောင်ရွက်ပေးဖို့ လိုမယ်’ လို့ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ရာဇ၀တ်မှုတွေကျူးလွန်မှုများအနက် ဘာသာရေးနဲ့ ပညာရေးအဆောက်အဦတွေကို အဓိကပစ်မှတ်ထားတိုက်ခိုက်ခဲ့တာမှာဘာသာရေးနဲ့ စာသင်ကျောင်း ၁၉၉ ကျောင်းပျက်စီးခဲ့ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖေဖော်ဝါရီ ၆ ရက်က ထုတ်ပြန်ထားပါတယ်။

MK-012

#MeKongNews

#စစ်ကောင်စီ

#ဘုန်းကြီးကျောင်း

#လက်နက်ကြီး

#ပျက်စီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now