စစ်ရေးသတင်း

တရုတ်ပိုက်လိုင်းအနီး စစ်ကောင်စီတိုက်ခိုက်လို့ ပေါက်ကွဲမှာကို ဒေသခံတွေစိုးရိမ်

မဲခေါင် 23 Dec - 2023
ရှမ်းမြောက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ လေကြောင်း ၊ လက်နက်ကြီးတွေကို အသုံးပြုပြီး တရုတ် ပိုက်လိုင်းအနီးမှာ အဆင်အခြင်မဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အန္တရာယ်ကြီးလွန်းတဲ့ ပိုက်လိုင်းပေါက်ကွဲမှုဖြစ်ပေါ်လာမှာကို ပြည်သူတွေက စိုးရိမ်မှုမြင့်တက်လျက်ရှိတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က သတင်းထုတ်ပြန်ပါတယ်။

မဲခေါင် ၊ ဒီဇင်ဘာ ၂၃

ရှမ်းမြောက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ လေကြောင်း ၊ လက်နက်ကြီးတွေကို အသုံးပြုပြီး တရုတ် ပိုက်လိုင်းအနီးမှာ အဆင်အခြင်မဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အန္တရာယ်ကြီးလွန်းတဲ့ ပိုက်လိုင်းပေါက်ကွဲမှုဖြစ်ပေါ်လာမှာကို ပြည်သူတွေက စိုးရိမ်မှုမြင့်တက်လျက်ရှိတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က သတင်းထုတ်ပြန်ပါတယ်။

မြေအောက်မှာ ၁ မီတာခန့်သာ မြုပ်နှံထားတဲ့ ပိုက်လိုင်းတည်ရှိတဲ့နေရာတွေကို စစ်ကောင်စီ လေကြောင်း နဲ့ လက်နက်ကြီးအသုံးပြုပြီး အကြိမ်ကြိမ်တိုက်ခိုက်နေတာကြောင့် ပြင်းထန်တဲ့ ပိုက်လိုင်းပေါက်ကွဲမှုဖြစ်ပွားကာ အရပ်သားပြည်သူပေါင်းများစွာ ထိခိုက်မှာကို ဒေသခံတွေက စိုးရိမ်နေတာဖြစ်တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့က စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာဟာ တရုတ်ရဲ့ပိုက်လိုင်းနဲ့ မီတာ ၁၀၀ တောင် မဝေးဘူးလို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဲ့ဒီတိုက်ခိုက်မှုအတွင်း အရပ်သာပြည်သူတစ်ဦးသေဆုံးခဲ့ရပြီး ဟိန္ဒူဘာသာရေးကျောင်းတစ်ခုလည်း ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နောင်ချိုမြို့နယ် ရွှေညောင်ပင်နဲ့ အုမ်းမခါးကျေးရွာဟာလည်း ပိုက်လိုင်းအနီးမှာရှိတဲ့ ကျေးရွာတွေဖြစ်ပါတယ်။ နိုဝင်ဘာ ၂၇ ရက်နေ့မှာလည်း ပိုက်လိုင်းနဲ့ မိတာ ၅၀၀ သာဝေးတဲ့ ကျောက်မဲမြို့နယ် ဗူးခါးရွာကိုလည်း စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၆ ရက်နေ့မှာလည်း ပိုက်လိုင်းနဲ့ ဘေးကပ်ရပ်တည်ရှိတဲ့ နမ့်ခမ်းမြို့နယ် ဟိုနားကျေးရွာကိုလည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ တရုတ်ပိုက်လိုင်းဟာ ဟိုနားကျေးရွာ ဘေးကပ်ရပ်ကို ဖြတ်သွားတာဖြစ်ပြီး ရွာနဲ့ မီတာ ၄၀ သာ ကွားဝေးတာဖြစ်ပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတလျှောက်ရှိမြို့နယ်များကို စစ်ကောင်စီက လေကြောင်း ကုန်းကြောင်းတွေနဲ့ အဆင်အခြင်မဲ့ တိုက်ခိုက်တာကြောင့် ပြည်သူ ၂၇ ဦးသေဆုံးပြီး ၃၃ ဦးဒဏ်ရာရရှိကာ အဆောက်အဦး ၁၆၀ ကျော်ပျက်စီးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောပါတယ်။

ဒါ့အပြင် ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီရဲ့ ထောက်ပို့လမ်းကြောင်းကို ပိတ်ဆို့ဖြတ်တောက်ထားရာဖြစ်တဲ့ တရုတ် ပိုက်လိုင်း တောက်ဘက်တစ်လျှောက်ရှိ မြို့နယ်များဖြစ်တဲ့ နောင်ချို ၊ ကျောက်မဲ ၊ သီပေါမြို့နယ်တွေမှာလည်း တိုက်ပွဲများဖြစ်ပွားလျက်ရှိတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောပါတယ်။

CJ-002

#MeKongNews

#တရုတ်

#ပိုက်လိုင်း

#ပေါက်ကွဲ

#စစ်ကောင်စီ

#တိုက်ခိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း မြန်မာ့နွေဦး

SSPDF တပ်ရင်းမှူး ကားမတော်တဆမှုအတွင်း ကျဆုံး

မဲခေါင်၊ နိုဝင်ဘာ ၂၄ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် – ၁၀၀၅ တပ်ရင်း၊ SSPDF တပ်ရင်းမှူး ကားမတော်တဆဖြစ်ပြီး ကျဆုံးသွားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ တပ်ရင်းမှူးမိုကီသည် ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်တွင် တာဝန်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now