စီးပွားရေး

ညောင်ရွှေမြို့နယ်မှာ လုပ်ငန်းသုံးစက်သုံးဆီဝယ်မရတာကြောင့် တောင်သူတွေအခက်အခဲဖြစ်

မဲခေါင် 22 Dec - 2023
ညောင်ရွှေမြို့နယ်တောင်ပိုင်း စံကားဒေသမှာ စက်သုံးဆီများကို စိုက်ပျိုးရေးလုပ်ငန်းမှာသုံးဖို့အတွက် ဝယ်လို့မရတာကြောင့် စိုက်ပျိုးထားတဲ့ သီးနှံတွေကို ရိတ်သိမ်းခြွေလှဲ့တာတွေ ဆောင်ရွက်ဖို့အတွက် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မဲခေါင် ၊ ဒီဇင်ဘာ ၂၂

ညောင်ရွှေမြို့နယ်တောင်ပိုင်း စံကားဒေသမှာ စက်သုံးဆီများကို စိုက်ပျိုးရေးလုပ်ငန်းမှာသုံးဖို့အတွက် ဝယ်လို့မရတာကြောင့် စိုက်ပျိုးထားတဲ့ သီးနှံတွေကို ရိတ်သိမ်းခြွေလှဲ့တာတွေ ဆောင်ရွက်ဖို့အတွက် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီဒေသမှာက စက်သုံးဆီတွေ ပြတ်လပ်နေတာမျိုးမဟုတ်ပေမယ့် ကားနဲ့ဆိုင်ကယ်ထဲ ထည့်ဖို့သာ ဝယ်လို့ရပြီး လုပ်ငန်းခွင်မှာ သုံးဖို့အတွက် စစ်ကောင်စီနဲ့ပြည်သူ့စစ်တွေက ဝယ်ယူရောင်းချခွင့်မပြုတာကြောင့် စိုက်ပျိုးရေးလုပ်ငန်းမှာ သုံးဖို့ စက်သုံးဆီတွေ ဝယ်ယူလို့မရတာဖြစ်ပါတယ်။

အဲ့ဒီလို ဝယ်လို့မရတာကြောင့် လက်ရှိပြောင်းသိမ်းရာသီရောက်နေပြီဖြစ်ပေမယ့် ပြောင်းတွေကို ရိတ်သိမ်းတာ စက်နဲ့ပြောင်းဆံ ခြွေလှဲ့တာတွေကို အင်တိုက်အားတိုက်မပြုလုပ်နိုင်ကြဘူးလို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ပီပါမပြောနဲ့ ပီပါအခွံသယ်ရင်တောင် မတရားရစ်ခံနေရတာ။ ပီပါနဲ့ဆီဝယ်ဖို့ဆိုတာ ရကိုမရတော့တာ။ ပီပါမှမဟုတ်ဘူး ပုံးနဲ့ဝယ်တာတောင်မရတော့ဘူး။ ကားထဲ ဆိုင်ကယ်ထဲ တစ်ခါတည်းထည့်မှပဲရတာ။ ပြောင်းတွေချွေဖို့ ပြောင်းချွေစက်အတွက်ဆို ကားထဲက ဒီဇယ်ကို ပြန်စုပ်ထုတ်ပြီး သုံးနေရတော့ လုပ်ငန်းက ဘယ်လိုမှ အလုပ်မဖြစ်တော့ဘူး”လို့ ဒေသခံတောင်သူတစ်ဦးကပြောပါတယ်။

အဲ့ဒီလိုနည်းလမ်းနဲ့ ဆောင်ရွက်နေရတာကြောင့် ပြောင်းဆံချွေခလည်း အရင်နှစ်ထက် စျေးများစွာပိုပေးရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

“အရင်နှစ်ဆို ပြောင်းထည့်ဖို့အိတ်လည်း စက်သမားပဲထုတ်ရတာတောင်မှ တစ်အိတ်ကို ၃၀၀ ကျပ်ပဲ အခု ဒီနှစ်က ခြံရှင်ကပဲ အိတ်လည်းစိုက်ရတယ် ပြောင်းချွေခကလည်း တစ်အိတ်ကို ၅၀၀\၆၀၀ အနည်းဆုံးပေးရတယ်။ ဒါတောင်မှ ပြောင်းချွေစက်တွေက ဒီဇယ်ရှိလိုက် မရှိလိုက်နဲ့ နေ့တိုင်းမလည်ပတ်နိုင်ဘူး” လို့ ပြောင်းစိုက်တောင်သူတစ်ဦးကပြောပါတယ်။

လက်ရှိအချိန်မှာ ညောင်ရွှေမြို့နယ်တောင်ပိုင်းရှိ စံကားဒေသမှာ စက်သုံးဆီစျေးနှုန်းတွေဟာ တည်ငြိမ်မှုမရှိပဲ ၁ လီတာကို ၄၀၀၀ ကျပ်ကနေ ၆၀၀၀ ကျပ်အထိ ပေးဝယ်နေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

အဲ့ဒီလို စိုက်ပျိုးရေးလုပ်ငန်းတွေ အစစအရာရာခက်ခဲနေပေမယ့် တောင်သူတွေ စိုက်ပျိုးတဲ့ ပြောင်းဟာ ဒီနှစ်မှာ စျေးကောင်းမရပဲ တစ်ပိဿာကို ၈၀၀ ကျပ်ဝန်းကျင်ခန့်သာရလို့ အရင်းပြန်ရဖို့တောင် မသေချာဘူးလို့ ပြောင်းစိုက်တောင်သူတွေကပြောပါတယ်။

ကရင်နီပြည်နယ်စပ်နဲ့ ထိကပ်နေတဲ့ ညောင်ရွှေမြို့နယ်တောင်ပိုင်း စံကားဒေသကို စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက စားနပ်ရိက္ခာတွေ စက်သုံးဆီတွေကို သယ်ယူခွင့်မပြုပဲ ပိတ်ပင်ထားတာကြောင့် စစ်ဘေးရှောင်ပြည်သူများ ဒေသခံပြည်သူများဟာ အခက်အခဲကြုံနေရတာဖြစ်ပါတယ်။

CJ-002

#MeKongNews

#ညောင်ရွှေ

#စက်သုံးဆီ

#တောင်သူ

#ခက်ခဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး

တရုတ်နိုင်ငံက ဝင်လာတဲ့အချိုလက်ဖက်ခြောက်တွေကြောင့် ပြည်တွင်းအချိုခြောက်စျေးကွက် ပျက်စီးသည်အထိ ထိခိုက်နေ

တရုတ်နယ်စပ်ကဝင်တဲ့ အချိုလက်ဖက်ခြောက်အတုနဲ့ အရည်အသွေးမမီတဲ့ လက်ဖက်တွေကြောင့် ပြည်တွင်းအချိုခြောက်စျေးကွက် ပျက်စီးလာတဲ့အထိ ထိခိုက်နေတယ်လို့ နမ့်ဆန်အခြေစိုက် ပလောက်လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချရေးအသင်းက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now