ဒေသတွင်းသတင်း

လွိုင်ကော်မှာ မူးယစ်ဆေးရောင်းနေတဲ့ စစ်ကောင်စီရဲတပ်သားကို ကရင်နီပြည် ရဲတပ်ဖွဲ့က ဖမ်းဆီး

မဲခေါင် 16 Dec - 2023
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်းမှာ လှည့်လည်သွားလာပြီး မူးယစ်ဆေးရောင်းချနေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားကို ကရင်နီပြည်ရဲတပ်ဖွဲ့ - KSPက ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၅ က ဒီဇင်ဘာ ၁၅မှာ ထုတ်ပြန်ထားပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၁၆

ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်းမှာ လှည့်လည်သွားလာပြီး မူးယစ်ဆေးရောင်းချနေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားကို ကရင်နီပြည်ရဲတပ်ဖွဲ့ – KSPက ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၅ က ဒီဇင်ဘာ ၁၅မှာ ထုတ်ပြန်ထားပါတယ်။

KNDF နဲ့ KSP ပူးပေါင်းတပ်တွေက ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး အဲဒီရဲတပ်သားဟာ တောင်ဈေးအနီးက ကမ္ဘောဇဘဏ်မှာ လုံခြုံရေး တာဝန်ယူထားသူလို့ ဆိုပါတယ်။

KSP ပြန်ကြားရေးတာဝန်ခံ ရဲမှူးကိုဘိုဘိုက “လောလောဆယ်တော့ မှူး/စိတ် ဥပဒေအရ တရားစွဲဆို သွားမယ်ပေါ့နော်။ ပြီးတော့ နောက်ထပ် စစ်ဆေးချက်တွေ စောင့်ကြည့်ရမှာပေါ့နော်။ ကျနော်တို့တော့ တပ်အပ်ပြောလို့မရသေးဘူး။ မူးယစ်ဆေးနဲ့ ပတ်သက်ရင်တော့ တော်လှန်ရေး ရဲဘော်တွေရော၊ ကျန်တဲ့လူတွေရော အကုန် တန်းတူပါပဲ။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိပါဘူး” လို့ ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ ရဲတပ်သားဟာ တင်မောင်နိုင် ဖြစ်ပြီး သူ့ဆီကနေ လက်ပစ်ဗုံး ၃ လုံး၊ WY ဆေးပြား ၁၂ ပြား၊ ဖုန်း ၂ လုံးနဲ့ ငွေကျပ် အနည်းကိုလည်း သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။

KSP အနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် လမ်းဆုံလမ်းခွတွေမှာ လိုက်လံစစ်ဆေးတာ၊ စာသင်ကျောင်းတွေမှာ မူးယစ်ဆေးအန္တရာယ် အသိပေးဟောပြောတာတွေလုပ်ဆောင်နေတယ်လို့ KSP ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုက ပြောပါတယ်။

နိုဝင်ဘာလ ၉ ရက်နေ့တုန်းကလည်း KSP ထိန်းချုပ်နယ်မြေတွေထဲမှာ KNDF တပ်ရင်း ၅ နဲ့အတူ ပြည်သူတွေကို ရှောင်တခင် စစ်ဆေးတာ၊ ပညာပေးတာတွေ ပြုလုပ်ခဲ့ပြီး သုံးစွဲသူတွေနဲ့ ရောင်းဝယ်ဖောက်ကားသူတွေကို အရေးယူ ဆောင်ရွက်ခဲ့ပါသေးတယ်။

လတ်တလောမှာ ဖမ်းဆီးရမိတဲ့ ရဲတပ်သားကို လုံခြုံရေးကိစ္စကျိုးပေါက်နိုင်တဲ့ ကိစ္စတွေကလွဲပြီး ကုလသမဂ္ဂရဲ့ ချမှတ်ထားတဲ့ အကျဉ်းသားအခွင့်အရေးနဲ့အညီ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

CJ – 007

#MeKongNews

#KSP

#KNDF

#မူးယစ်ဆေးဝါး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now