ဒေသတွင်းသတင်း

သိမ်းပိုက်ထားတဲ့ မော်လူးမြို့မှ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေ လက်နက်ချအလင်းဝင် အသိပေး

မဲခေါင် 14 Dec - 2023
တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့အတွင်းမှ စစ်ကောင်စီဝန်ထမ်းတွေအနေနဲ့ လက်နက်ချအလင်းဝင်ကြဖို့ တော်လှန်ရေးအဖွဲ့တွေက အသိပေးထားပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၁၄

တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့အတွင်းမှ စစ်ကောင်စီဝန်ထမ်းတွေအနေနဲ့ လက်နက်ချအလင်းဝင်ကြဖို့ တော်လှန်ရေးအဖွဲ့တွေက အသိပေးထားပါတယ်။

သိမ်းပိုက်ထားတဲ့ မော်လူးမြို့ကို တော်လှန်ရေးအဖွဲ့တွေက ဒီနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ နယ်မြေရှင်းလင်းနေပြီး လက်နက်ငယ် ၃ လက်ကို သိမ်းမိခဲ့တယ်လို့ မြောက်ပိုင်း ABSDF အဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။

စစ်ကိုင်းနဲ့ကချင်နယ်စပ် မော်လူးမြို့ကို အမှတ် (၁) စစ်ဒေသကွပ်ကဲမှုနဲ့ ABSDF၊ KIA၊ KPDF၊ ပကဖ၊ ပအဖ၊ ပလဖ ပူးပေါင်းအဖွဲ့တွေက မနေ့ ဒီဇင်ဘာ ၁၃ မှာ တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်ထိန်းချုပ်ထားတယ်လို့ ကြေညာထားတာပါ။

အင်အား ၃၀ ခန့်နဲ့ တပ်စွဲထားတဲ့ မော်လူးမြို့မရဲစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက အပြင်းအထန်တိုက်ခိုက်ခဲ့ပြီး မနက်ပိုင်းမှာ အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပါတယ်။ မော်လူးရဲစခန်းကို တိုက်ခိုက်နေစဉ်မှာ မိုညှင်းမြို့နယ်၊ ညောင်ကိုင်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီအမြောက်တပ် အမတ-၉၀၄ က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

နာရီပိုင်းသာ တိုက်ခိုက်ပြီး သိမ်းပိုက်လိုက်တဲ့ မော်လူးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ် လေကြောင်းက ဗုံးကြဲတာကြောင့် မြို့နေပြည်သူ ၁ သောင်းနီးပါး စစ်ဘေးရှောင်နေရတယ်လို့ ABSDF ထုတ်ပြန်ချက်ကဆိုပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ သောင်းဂဏန်းခန့်သာနေထိုင်တဲ့ မော်လူးမြို့မှာ တမြို့လုံးနီးပါး စစ်ဘေးရှောင်နေရတဲ့ သဘောပါ။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီအလောင်း ၁၇ လောင်းနဲ့ သုံ့ပန်း ၇ ယောက်ကို ဖမ်းမိခဲ့ပါတယ်။ လက်နက်ခဲယမ်းအများအပြား တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီး ရဲဘော် ၂ ဦးကျဆုံးခဲ့တယ်လို့ ABSDF က အသိပေးထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ ကောလင်း၊ ခါမ်းပတ်၊ ရွှေပြည်အေးနဲ့ အခု မော်လူးမြို့အပါအဝင် တော်လှန်ရေးအဖွဲ့တွေက ၄ မြို့ထိ သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

#MeKongNews

#မော်လူး

#သိမ်းပိုက်

#အလင်းဝင်

#လက်နက်ချ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now