မဲခေါင်၊ ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မြို့သစ်ရပ်ကွက်ရှိ စစ်ကောင်စီနဲ့ ပြည်သူ့စစ်စခန်းကို တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဒီဇင်ဘာ ၁၀ ရက်မှာ သိမ်းယူခဲ့ပြီး သုံးပန်း ၇ ယောက်နဲ့ လက်နက် ၆၀ သိမ်းမိခဲ့ပါတယ်။
အဲ့ဒီစခန်းသိမ်းအတွင်းက ၆၀ မမ လက်နက်ကြီးအပါ၊ ပစ္စတို ၂ လက်၊ လက်နက်မျိုးစုံ ၅၈ လက်နဲ့အတူ သုံ့ပန်း ၇ ယောက်ကိုလည်း ဖမ်းမိခဲ့တယ်လို့ TNLA က ဒီနေ့ ဒီဇင်ဘာ ၁၁ မှာ ထုတ်ပြန်ပါတယ်။
နမ့်ဆန်မြို့နယ်က ကဒိုင်းဖူးတောင်စစ်ကောင်စီစခန်း၊ လွယ်ဆိုင်တပ်စခန်းနဲ့ နမ့်ဆန်ရဲစခန်းတွေကို တအာင်း(ပလောင်)လွတ်မြောက်ရေးတပ်မတော် (TNLA) က မနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ သိမ်းပိုက်ခဲ့ပါသေးတယ်။
စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး ရှင်းလင်းရေးလုပ်ဆောင်ရာမှာ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းမိခဲ့တယ်လို့ TNLA က ဒီနေ့မှာ ဓာတ်ပုံတွေနဲ့ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ ကာကင်းစခန်းကိုလည်း TNLA က ထပ်မံသိမ်းပိုက်ခဲ့ပါသေးတယ်။
သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာအတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ TNLA၊ PDF ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေပါတယ်။
နမ့်ခမ်းမြို့နယ်အတွင်းမှာတော့ တစ်ခုတည်းကျန်တဲ့ စစ်ကောင်စီစခန်းသစ်ကုန်းကို TNLA က တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ အပြင်းအထန်ခုခံနေပါတယ်။
တအာင်း(ပလောင်)ဒေသတွင်းမှာ “၁၀၂၇ စစ်ဆင်ရေး” အတွင်း စစ်ကောင်စီစခန်း ၅၀ ကျော်ကို TNLA က သိမ်းပိုက်ထားပါတယ်။
#MeKongNews
#ကွတ်ခိုင်
#စစ်ကောင်စီ
#တအာင်း
#TNLA
#သိမ်းပိုက်









