စစ်ရေးသတင်း

ကော့နွဲ့စစ်တပ်စခန်းကို KNLA သိမ်းပိုက်၊ လှိုင်၀ဂိတ်မှာ လက်နက်ကြီးထိလို့ ယာဥ်မောင်း တစ်ဦး သေဆုံးပြီး ကုန်ကား ၂ စီး မီးလောင်

မဲခေါင် 2 Dec - 2023
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အနီးရှိ ကော့နွဲ့ စစ်တပ်စခန်းကို ဒီကနေ့ KNLA က သိမ်းပိုက်လိုက်ပြီလို့ KNLA GHQ က ထုတ်ပြန်ထားပြီး လှိုင်ဝစစ်ဆေးရေးဂိတ် အနီးမှာ လက်နက်ကြီး ထိမှန်လို့ ယာဥ်မောင်း တစ်ဦး သေဆုံးကာ ကုန်တင်ကား ၂ စီး မီးလောင်ခဲ့တယ်လို့ ကုန်တင်ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အနီးရှိ ကော့နွဲ့ စစ်တပ်စခန်းကို ဒီကနေ့ KNLA က သိမ်းပိုက်လိုက်ပြီလို့ KNLA GHQ က ထုတ်ပြန်ထားပြီး လှိုင်ဝစစ်ဆေးရေးဂိတ် အနီးမှာ လက်နက်ကြီး ထိမှန်လို့ ယာဥ်မောင်း တစ်ဦး သေဆုံးကာ ကုန်တင်ကား ၂ စီး မီးလောင်ခဲ့တယ်လို့ ကုန်တင်ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ KNLA တပ်မဟာ (၆) ပူးပေါင်းတပ်တွေ အနေနဲ့ ကော့ကရိတ်မြို့ အနီးက ကော့နွဲ့စခန်းကို သိမ်းဆည်းရမိပြီး တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေတယ်လို့ KNLA GHQ က ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့၊ နေ့လယ်ပိုင်းမှာ လှိုင်ဝဂိတ်အနီး ပိတ်မိနေတဲ့ ကုန်တင်ယာဉ် ၁၂ ဘီး တစ်စီးနဲ့ တွဲကား တစ်စီး လက်နက်ကြီးထိမှန် မီးလောင်သွားပြီး ယာဉ်မောင်း တစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေ ရှိနေတယ်လို့ သိရပါတယ်။

“ကားက လက်နက်ကြီးထိလို့ မီးလောင်တာပါ။ သေဆုံးတာတော့ လက်ရှိ တစ်ယောက်ပဲ။ ထိခိုက်တာတွေတော့ ရှိတယ်။ ရပ်ကွက်ထဲက လူတွေရော ကားသမားတွေရော လျှောက်သွားလို့ မရဘူး။ ရေမြောင်းထဲကကို မထွက်ရဲဘူး” လို့ အဲဒီနေရာမှာ ပိတ်မိနေတဲ့ ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။

ဒီကနေ့ မနက် ကော့ကရိတ်မြို့ထဲမှာ စတင်ဖြစ်ပွားတဲ့ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲကြောင့် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်း ယာယီ ပိတ်ထားပြီး လှိုင်ဝဂိတ်မှာ ခရီးသွားနဲ့ ကားတွေ ပိတ်မိနေတာ ဖြစ်ပါတယ်။

ကော့ကရိတ်မြို့တွင်းမှာတော့ လူနေရပ်ကွက်တွေထဲ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုတွေကြောင့် နေအိမ်၊ အဆောက်အအုံ ထိခိုက် ပျက်စီးတာတွေ ရှိနေပြီး မြို့ခံ တချို့ ထိခိုက်ဒဏ်ရာရတာ ရှိတယ်လို့ သိရပါတယ်။

“ကော့ကရိတ်မြို့ထဲမှာ ကြမ်းနေတာ။ တချို့ဆို မိသားစုတွေ အားလုံး တယောက်တကွဲစီ လိုက်ပုန်းနေကြရတယ်။ နောက် ရေတွင်းထဲ ဝင်ပုန်းတာ ရေတွင်းထဲ တည့်တည့်ကျတယ်လို့ ပြောတယ်။ အတိကျတော့ မသိရသေးဘူး” လို့ ကော့ကရိတ် ဒေသခံ တစ်ဦးက ပြောပါတယ်။

မနေ့က ညသန်းခေါင် ၁၂ နာရီဝန်းကျင်မှာတော့ Yak–130 ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖန်ခါးကုန်းကျေးရွာက အသက် ၄၀ အရွယ် အမျိုးသား ဦးခေါင်းထိမှန် ဒဏ်ရာရခဲ့ပြီး အသက် ၂၅ နှစ်အရွယ် အမျိုးသမီးကတော့ ဦးခေါင်းခွံကွဲပြီး သေဆုံးခဲ့ပါတယ်။။

ဒါ့အပြင် မနက် ၂ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချရာ မိကသစ်ကျေးရွာအုပ်စုရှိ ဘဏ္ဍာဓန တောရဘုန်းတော်ကြီးကျောင်းဝင်းထဲ ကျရောက်ပေါက်ကွဲလို့ သက်တော် ၄၂ နှစ်အရွယ် ဦးဇင်း ဦးသောမ ဗုံးစထိမှန် ပျံလွန်တော်မူခဲ့တယ်လို့ ဒူးပလာယာခရိုင်က ထုတ်ပြန်ထားပါတယ်။

အလားတူ မြဝတီမြို့ပြင် သင်္ကန်းညီနောင်၊ ရွာသစ်၊ မဲကနယ်ကျေးရွာအနီးမှာလည်း မနေ့ညကစပြီး လက်နက်ကြီး ပစ်ခတ်သံတွေနဲ့၊ တိုက်ပွဲသံတွေ ထွက်ပေါ်နေလို့ အနီးတဝိုက်နေ ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

MK–009

#MeKongNews

#ကော့ကရိတ်မြို့

#KNLA

#လှိုင်၀_စစ်ဆေးရေးဂိတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now