ဒေသတွင်းသတင်း

တိုက်ပွဲပြင်းထန်နေတဲ့ လွိုင်ကော် နဲ့ မိုးဗြဲမြို့မှာ လူမှုကူညီရေးအသင်းတွေ ကူညီကယ်ဆယ်ခွင့် စစ်ကောင်စီ ပိတ်ပင်

မဲခေါင် 25 Nov - 2023
မြို့တွင်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်၊ လွိုင်ကော်မြို့နဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့မှာ စစ်ကောင်စီက လူမှုကူညီရေးအသင်းတွေ ကူညီကယ်ဆယ်ခွင့် ပိတ်ပင်ထားတယ်လို့ ကူညီကယ်ဆယ်နေတဲ့ အဖွဲ့အစည်းတွေက ဒီကနေ့ ပြောပါတယ်။

မဲခေါင်၊ နို၀င်ဘာ ၂၅

မြို့တွင်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်၊ လွိုင်ကော်မြို့နဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့မှာ စစ်ကောင်စီက လူမှုကူညီရေးအသင်းတွေ ကူညီကယ်ဆယ်ခွင့် ပိတ်ပင်ထားတယ်လို့ ကူညီကယ်ဆယ်နေတဲ့ အဖွဲ့အစည်းတွေက ဒီကနေ့ ပြောပါတယ်။

မြို့တွင်း တိုက်ပွဲတွေ ပြင်းထန်နေစဥ် တော်လှန်ရေး အင်အားစုတွေ စစ်ဘေးရှောင် အသွင်ယူပြီး လူမှုကူညီရေးအသင်း လူနာတင် ကားတွေနဲ့ လိုက်ပါလာမှာ စစ်ကောင်စီက စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ အသင်းက တိုက်ပွဲထိတဲ့ သူတွေကို ကယ်ထုတ်တယ်။ ပြီးတော့ စစ်ရှောင်တွေကို ကယ်ထုတ်တော့ သူတို့ (စစ်ကောင်စီက) က ကယ်လို့ မရဘူး ဆိုတဲ့ အမိန့်ကို ထုတ်လိုက်တာ။ အဲလို ကယ်ထုတ်လို့ ဆိုပြီးတော့ ကားကိုလည်း သိမ်းသွားတာ။ ဘယ်အသင်းအဖွဲ့မှ အဲလို ကူညီပိုင်ခွင့် မရှိအောင် အမိန့်ထုတ်လိုက်တာ” လို့ ဒေသတွင်း လူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“၁၁၁၁ စစ်ဆင်ရေး” စတင်တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး ဒီနေ့ နိုဝင်ဘာ ၂၅ အထိ ဒေသတွင်း ပိတ်ပင်ခံရတဲ့ ကူညီရေးအသင်း ၅ ခုကျော် အပါအဝင် ကားအစီး ၂၀ ကျော် အသိမ်းခံထားရတယ်လို့ သူက ဆက်ပြောပါတယ်။

အခုလို တရားဝင် လူမှုကူညီရေးအသင်းတွေ ပိတ်ပင်ခံရပြီးနောက် မြို့တွင်း လက်နက်ကြီး ထိမှန်သူတွေနဲ့ ပိတ်မိနေတဲ့ ပြည်သူတွေ အကူအညီရဖို့ ခက်ခဲလာပြီး တော်လှန်ရေးတပ်ဖွဲ့ရဲ့ မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေကို အားကိုးနေရတယ်လို့ သိရပါတယ်။

“ကျနော်တို့လည်း ကြားရတာပေါ့နော်။ ကားအသိမ်း ခံရသူတွေလည်း ရှိတာပေါ့နော်။ ပြီးတော့ သူတို့ တရားဝင် မြို့ပေါ်မှာ Register လုပ်ထားတဲ့ အတွက်ကြောင့် ကျနော်တို့လိုမျိုး Register လုပ်မထားတဲ့ အဖွဲ့တွေလိုမျိုးတော့ လွတ်လွတ်လပ်လပ် ပေးမသွားတော့ဘူးပေါ့။ မြို့ထဲမှာ ပြည်သူတွေက တအားကြီး အရေးပေါ် ဖြစ်နေတယ်။ ပြည်သူတွေက ဒဏ်ရာရလို့ တချို့က ဘယ်လို ပြောမလဲ ဆူလည်း ဆူပါစေ၊ ဆဲလည်း ဆဲပါစေ။ လုပ်ရဲရင် ခံရဲမယ်ဆိုတဲ့ တကယ်ကို လုပ်ပေးနေတဲ့ ပရဟိတ အဖွဲ့လောက်ပဲ တစ်ယောက်၊ နှစ်ယောက် လောက်ကပဲ လူနာ သွားသယ်ပြီးမှ ဆေးရုံပို့တာ အဲလောက်အထိပဲ လုပ်ပေးတာ ရှိတော့တယ်။ သိရသလောက်က တရားဝင် ပေါ်ပေါ်တင်တင် လုပ်ပေးလို့ မရတော့ဘူး။ စစ်ကောင်စီက သူတို့ကို ပိတ်လိုက်ပြီ” လို့ လွိုင်ကော်မြို့ခံ တစ်ဦးက ပြောပါတယ်။

အခုလို ပိတ်ပင်ထားတာကြောင့် မြို့ခံ ပြည်သူတွေ အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မြေပြင်ဆေးအဖွဲ့တွေကို အားကိုးနေရလို့ ဆေးရုံပို့ရမယ့် လူနာတွေအတွက် အသက်အန္တရာယ် စိုးရိမ်ရတာနဲ့ ဆေး၀ါးမလုံလောက်မှုတွေ ကြုံတွေ့ရမှာ စိုးရိမ်ပူန် နေကြတယ်လို့ ဆိုပါတယ်။

လက်ရှိ လွိုင်ကော်မြို့ထဲမှာ တော်လှန်ရေး အင်အားစုတွေနဲ့ စစ်ကောင်စီတပ် တစ်ခြမ်းစီ နေရာယူထားပြီး “၁၁၁၁ စစ်ဆင်ရေး” ၁၄ ရက်အတွင်း လေကြောင်းနဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့် အရပ်သား ၇၀ နီးပါး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

CJ-007

#MeKongNews

#လွိုင်ကော်မြို့

#လူမှုကူညီရေးအသင်း

#စစ်ဘေးရှောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now