မဲခေါင်၊ နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသတွင်း တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ စစ်ဘေးရှောင် ပြည်သူနဲ့ အလင်းဝင်လာသူ လူ ၃၀ဝ နီးပါးကို ကယ်ထုတ် ပေးခဲ့တယ်လို့ MNDAA က ဒီကနေ့ နိုဝင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
“၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကနေ မနေ့ နို၀င်ဘာ ၂၂ ရက်နေ့ အထိ တိုက်ပွဲဖြစ်ပွားရာ နေရာတွေမှာ ပိတ်မိနေတဲ့ ပြည်သူတွေနဲ့ အလင်း၀င်လာသူ စုစုပေါင်း ၂၈၉ ဦးကို ကိုးကန့်တပ်ဖွဲ့က ကယ်ထုတ် ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်ကလည်း ကိုးကန့်ဒေသ၊ မင်ကျူအုပ်စု၊ ရှင်ကိုင်ကျေးရွာမှာ လာရောက် အလုပ်လုပ်ရင်း အိမ်တစ်အိမ်မှာ ပိတ်မိနေတဲ့ ဗမာလူမျိုး ၂၂ ဦးကို နယ်မြေရှင်းလင်းစဥ် တွေ့ရှိလို့ လုံခြုံတဲ့ နေရာ ကယ်ထုတ် ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ အလုပ်သမား ၂၂ ဦးဟာ ကြံခုတ်၊ ပြောင်းဖူးရိတ်သိမ်းတဲ့ အလုပ်တွေ လာရောက် လုပ်ကိုင်နေသူတွေ ဖြစ်ပြီး တိုက်ပွဲတွေကြောင့် ပြန်ထွက်မရဘဲ ပိတ်မိနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ ကိုးကန့်ဒေသမှာ လမ်းတွေပျက်စီးတာ၊ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေတာတွေကြောင့် ပိတ်မိနေတဲ့ ပြည်သူ သောင်းနဲ့ချီ ရှိနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ မြို့တွေကို ပစ်ခတ်မှုကြောင့် ထိခိုက် သေဆုံးမှုတွေ နေ့စဥ် ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
MK-007
#MeKongNews
#ကိုးကန့်ဒေသ
#စစ်ဘေးရှောင်
#MNDAA









