မဲခေါင်၊ နို၀င်ဘာ ၁၇
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ ခရိုင် တရားရုံးကို ဒီနေ့ နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ မနက် ၈ နာရီကျော်က တရားရုံး အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက် တိုက်ခိုက်ပြီးနောက် ရုံးကို သိမ်းပိုက် မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှု အတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးတဲ့သူတွေ ရှိသလို ထွက်ပြေး သူတွေလည်း ရှိတယ်လို့ သိရပါတယ်။
မီးရှို့ခံရတဲ့ ခရိုင် တရားရုံးကတော့ ဒီကနေ့ မနက် ၁၀နာရီခွဲအထိ မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ။
CJ-001
#MeKongNews
#လွိုင်ကော်
#တရားရုံး
#MekongNews
#လွိုင်ကော်မြို့
#KNDF
#စစ်ဘေးရှောင်








