စစ်ရေးသတင်း

ချောင်းနှစ်ခွမှာ တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီတပ်သား ၂၈ ဦးအညံ့ခံပြီး လက်နက်မျိုးစုံ ၅၅ လက် သိမ်းဆည်းရမိ

မဲခေါင် 16 Nov - 2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ၊ နယ်မြေရဲစခန်းနဲ့ တံတားဂိတ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာ ၆ ရက်တာအတွင်း စစ်တပ်ဘက်က ၂၈ ဦး အညံ့ခံ လက်နက်ချခဲ့ပြီး လက်နက်မျိုးစုံ ၅၅ လက် သိမ်းဆည်းရမိ ခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၁၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ၊ နယ်မြေရဲစခန်းနဲ့ တံတားဂိတ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာ ၆ ရက်တာအတွင်း စစ်တပ်ဘက်က ၂၈ ဦး အညံ့ခံ လက်နက်ချခဲ့ပြီး လက်နက်မျိုးစုံ ၅၅ လက် သိမ်းဆည်းရမိ ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ပွဲအတွင်း KNLA၊ PDF ပူးပေါင်းစစ်ကြောင်းတွေနဲ့ ဒရုန်းတပ်ဖွဲ့ဘက်က ရဲဘော် ၃ ဦး ကျဆုံးခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F က ဒီနေ့ မနက် ထုတ်ပြန်ပါတယ်။

“ချောင်းနှစ်ခွ တံတားဂိတ်စခန်း ကတော့ လုံးဝ ကျသွားတယ်။ တံတားရော လမ်းပိုင်းရော အဲ့ဒီမှာအခု တိုက်ပွဲ ကလည်း မပြီးသေးဘူးလို့ ပြောရမှာပေါ့။ သူတို့ စစ်ကြောင်းကလည်း အခု စစ်ကြောင်းထိုးလာတဲ့ အခြေအနေ ရှိတယ်။ ချောင်းနှစ်ခွ ရဲစခန်းမှာလည်း တိုက်ပွဲ ဆက်ဖြစ်နေဆဲပဲ ပေါ့နော်” လို့ S.O.F တပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

KNLA နဲ့ PDF တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ နိုဝင်ဘာ ၁၀ ရက်နေ့ကစပြီး ချောင်းနှစ်ခွ နယ်မြေရဲ စခန်းနဲ့ တံတား ဂိတ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့၊ ည ၁၂ နာရီမှာတော့ အဆိုပါ စခန်း ၂ ခုကို စစ်ကူလာတဲ့ တပ်မ (၂၂) လက်အောက်ခံ ခလရ (၈၁) စစ်ကောင်စီစစ်ကြောင်းနဲ့ S.O.F စစ်ကြောင်း ဖက်ထေးကုန်းရွာ သင်္ချိုင်းအနီး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၃ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာပြင်းထန်ခဲ့ကာ ခဲယမ်းကျည်တွေ သိမ်းဆည်းရမိခဲ့ပါတယ်။

နိုဝင်ဘာ ၁၂ ရက်နေ့၊ မနက် ၈ နာရီခွဲကစပြီး ဘုရားကုန်း အနီးမှာ နေရာယူထားတဲ့ အင်အား ၅၄ ဦးပါ စစ်ကောင်စီ စစ်ကြောင်းနဲ့ တနေကုန် တိုက်ပွဲ ပြင်းထန်ခဲ့ရာ စစ်တပ်ဘက်က ဗိုလ်မှူး တစ်ဦးနဲ့ ဒုဗိုလ်ကြီး ၂ ဦး စနိုက်ပါ ထိမှန် သေဆုံးခဲ့တယ်လို့ S.O.F တပ်ဖွဲ့က ပြောပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့မှာတော့ ဖက်ထေးကုန်းကျေးရွာထဲက ဘုရားကုန်းမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်ခဲ့ရာ စစ်တပ်ဘက်က ဗိုလ်မှူး တစ်ဦး၊ ဒုဗိုလ် ၂ ဦး အပါအဝင် ၁၄ ဦးသေဆုံးခဲ့ပြီး ၂၈ ဦး လက်နက်ချ အညံ့ခံကာ ၁၂ ဦးကတော့ ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့ S.O.F ကထုတ်ပြန်ပါတယ်။

ချောင်းနှစ်ခွတံတား ဂိတ်စခန်းကို နိုဝင်ဘာ ၁၃ ရက်နေ့၊ ညနေ ၃ နာရီခွဲမှာ တော်လှန်ရေး မဟာမိတ်တပ်တွေ အပြီး သိမ်းပိုက်နိုင်ခဲ့ပြီး ချောင်းနှစ်ခွရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ချေမှုန်းကာ လက်နက်ချ အညံ့ခံသူတွေ ရှိခဲ့ကြောင်းကို ဗိုလ်အယ်စေးဝါး ဦးဆောင်တဲ့ Lion Battalion Commando Special Force ဗျူဟာစစ်ကြောင်း တပ်ခွဲ (၃) က နိုဝင်ဘာ ၁၄ ရက်မှာ ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။

မနေ့က နိုဝင်ဘာ ၁၅ ရက်နေ့ ညပိုင်းမှာလည်း ချောင်းနှစ်ခွ တံတား တိုက်ပွဲအတွင်း ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်ကို ထပ်မံ ပိတ်ဆို့ ရှင်းလင်းရာ စစ်တပ်ဘက်က ၅ ဦး သေဆုံးပြီး လက်နက်တွေ ထပ်မံ သိမ်းဆည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီတပ်က ချောင်းနှစ်ခွဘက်ကို ဆက်လက် စစ်ကြောင်းထိုးနေပြီး ‌ချောင်းနှစ်ခွကျေးရွာ အပါအဝင် အနီးဝန်းကျင်က ကျေးရွာတွေနဲ့ လမ်းတွေကို တောင်ကလေး ရဲစခန်းကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ သိရပါတယ်။

စစ်တပ်ဘက်က လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်မှုတွေကြောင့် ချောင်းနှစ်ခွနဲ့ ဖက်တေးကုန်းကျေးရွာ ဒေသခံ တွေဟာ နီးစပ်ရွာ ကျေးရွာ ဘုန်းကြီးကျောင်းနဲ့ မြို့တွေကို ထွက်ပြေးခိုလှုံနေရပြီး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။

MK -009

#MeKongNews

#ချောင်းနှစ်ခွ

#KNLA

#လက်နက်ချ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now