မဲခေါင်၊ နိုဝင်ဘာ ၁၁
ကရင်နီပြည်နယ်မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ စစ်ရေး အခြေအနေတွေအရ လွိုင်ကော်မြို့နဲ့ ဆက်သွယ်ထားတဲ့ လွိုင်ကော်-ဒီးမော့ဆို၊ လွိုင်ကော်-မိုးဗြဲနဲ့ လွိုင်ကော်-ဆီဆိုင် လမ်းတွေကို အသုံးပြု သွားလာတာ မလုပ်ဖို့ ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေက မေတ္တာရပ်ခံလိုက်ပါတယ်။
ဒီနေ့ နိုဝင်ဘာ ၁၁ ရက်နေ့၊ မနက်ပိုင်းကစပြီး လွိုင်ကော်မြို့နဲ့ အနီးတဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီ တော်လှန်ရေး တပ်ပေါင်းစု တိုက်ပွဲတွေ ဖြစ်နေတာကြောင့် အဆိုပါ လမ်းတွေကို ခရီးသွားလာခွင့် ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။
ပြည်သူတွေ အနေနဲ့ ခရီးသွားလာတာနဲ့ မလိုအပ်ဘဲ နေအိမ်ပြင်ပ ထွက်ပြီး သွားလာတာကို မလုပ်ကြဘဲ လုံခြုံတဲ့ နေရာမှာ နေထိုင်ဖို့နဲ့ စစ်ရေးသတင်းတွေ လူမှုကွန်ရက်မှာ ရေးသားတာ မလုပ်ဖို့ KNDF က သတိပေး တိုက်တွန်း ထားပြီး စစ်ရေးကိစ္စတွေ ပြီးပြတ်မှသာ အသိပေး ထုတ်ပြန်သွားမယ်လို့ KNDF က ပြောပါတယ်။
MK-009
#MekongNews
#KNDF
#လွိုင်ကော်မြို့
#တော်လှန်ရေး_တပ်ပေါင်းစု








