မဲခေါင်၊ ဧပြီ ၂၉
ကရင်နီပြည် အခြေစိုက် ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်-KNDF တပ်ရင်း (၁၄) နဲ့ (၁၇) တို့ ပူးပေါင်းပြီး အခြေခံ စစ်ပညာတွေ သင်ကြားပေးနေရာ မနေ့ ဧပြီလ ၂၈ ရက်မှာ အပတ်စဉ် (၄) သင်တန်း ဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ KNDF B 14 က ထုတ်ပြန်လိုက်ပါတယ်။
သင်တန်းကာလ တစ်လတာ သတ်မှတ် သင်ကြားခဲ့တဲ့ သင်တန်းဆင်းပွဲမှာ စစ်အာဏာရှင်စနစ်ကို ရရာ လက်နက် ကိုင်စွဲပြီး အဆုံးတိုင် တိုက်ထုတ် တော်လှန်သွားဖို့၊ ပြည်သူလူထုနဲ့ တသားတည်း ရပ်တည်ကာ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်သည် အထိ တိုက်ပွဲဝင်ကြဖို့နဲ့ စုပေါင်း လုပ်ဆောင်မှသာ ပန်းတိုင် ရောက်မယ်ဆိုတဲ့ ဦးတည်ရမဲ့ အချက်တွေကို ပြောခဲ့တယ်လို့ KNDF B 14 ကဆိုပါတယ်။
အဆိုပါ အပတ်စဉ် (၄) အခြေခံ စစ်သင်တန်း ဆင်းပွဲကို ပြည်သူတွေ၊ Karenni Army တာဝန်ရှိသူတွေ၊ မြို့နယ် တာဝန်ရှိသူတွေနဲ့ ကရင်နီပြည် ရဲဌာန တာဝန်ရှိသူတွေ တက်ရောက်ပြီး သင်တန်း ဖြစ်မြောက်ရေး အတွက် လူအား၊ ငွေအား ကူညီပေးခဲ့တဲ့ ပြည်သူနဲ့ ရဲဘော်၊ ရဲမေတွေကို ကျေးဇူးတင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိ ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ခြမ်းမှာ စစ်ကောင်စီနဲ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ပြင်းထန်နေသလို ရှမ်း-ကရင်နီ နယ်စပ်ကနေ ဝင်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်တွေနဲ့လည်း ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
MK-007
#MeKongNews
#ကရင်နီပြည်
#KNDF
#အခြေခံစစ်သင်တန်း