နေ့စဥ်သတင်း

ဟန်တရုတ်များကို ကွတ်ခိုင်မြို့ အုပ်ချုပ်ရေးတွင် ထည့်သွင်းလာသည့်ပြင် ဒေသခံ တိုင်းရင်းသားအဖြစ် MNDAA ပုံဖော်လာ

မဲခေါင် 5 Apr - 2026
မဲခေါင်၊ ဧပြီ ၅ တိုင်းရင်းသားမဟုတ်သည့် ဟန်တရုတ်များကို ကွတ်ခိုင်မြို့ အုပ်ချုပ်ရေးတွင် ထည့်သွင်းပြီး ဒေသခံတိုင်းရင်းသားအဖြစ် ကိုးကန့်တပ်ဖွဲ့ – MNDAA က ပုံဖော်လာသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။ ကွတ်ခိုင်မြို့ကို တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ပြန်လည် ပြုလုပ်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ သတင်းထုတ်ပြန်မှုတွင် ဟန်တရုတ်လူမျိုးများကို ဒေသခံ တိုင်းရင်းသားအဖြစ် MNDAA က ရှမ်း၊ ကချင်၊ တအာင်းတိုင်းရင်းသားများနှင့် တန်းတူ ဖော်ပြလာသည်ကိုလည်း တွေ့ရသည်။ “ကွတ်ခိုင်မြို့နယ်သည် ဟန်လူမျိုး၊ တအာင်း၊ ကချင်၊ ရှမ်းစသည့် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ရာ ဒေသဖြစ်သည်”ဟု MNDAA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကွတ်ခိုင်မြို့ပေါ် ၈ ရပ်ကွက်တွင်

မဲခေါင်၊ ဧပြီ ၅

တိုင်းရင်းသားမဟုတ်သည့် ဟန်တရုတ်များကို ကွတ်ခိုင်မြို့ အုပ်ချုပ်ရေးတွင် ထည့်သွင်းပြီး ဒေသခံတိုင်းရင်းသားအဖြစ် ကိုးကန့်တပ်ဖွဲ့ – MNDAA က ပုံဖော်လာသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ကွတ်ခိုင်မြို့ကို တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ပြန်လည် ပြုလုပ်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ သတင်းထုတ်ပြန်မှုတွင် ဟန်တရုတ်လူမျိုးများကို ဒေသခံ တိုင်းရင်းသားအဖြစ် MNDAA က ရှမ်း၊ ကချင်၊ တအာင်းတိုင်းရင်းသားများနှင့် တန်းတူ ဖော်ပြလာသည်ကိုလည်း တွေ့ရသည်။

“ကွတ်ခိုင်မြို့နယ်သည် ဟန်လူမျိုး၊ တအာင်း၊ ကချင်၊ ရှမ်းစသည့် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ရာ ဒေသဖြစ်သည်”ဟု MNDAA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကွတ်ခိုင်မြို့ပေါ် ၈ ရပ်ကွက်တွင် ရပ်ကွက် ၃ နှင့် ၄ ၌ တရုတ်လူမျိုးများပြီး ကျန်ရပ်ကွက်များမှာ တအာင်း၊ ကချင်၊ ရှမ်း စသည့် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြသည်။

MNDAA က ပြုလုပ်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွင်လည်း ဟန်တရုတ်များသာ မဲအများဆုံးလာပေးခဲ့ကြပြီး အသစ်ခန့်အပ်သည့် အုပ်ချုပ်ရေးမှူးများတွင်လည်း တရုတ်လူမျိုး ၁၀ ဦးထက်မနည်း ပါဝင်ကြောင်း ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောသည်။

“ရပ်ကွက် ၃၊ ၄၊ ၆၊ ၇၊ ၈ အုပ်ချုပ်ရေးမှူးတွေ အကုန်လုံးက တရုတ်တွေချည်းပဲ၊ ကျန်တာ TNLA ထိန်းချုပ်ချိန်က အုပ်ချုပ်ရေးမှူးလုပ်ဖူးတဲ့ ၂ ယောက်ပါတယ်။ ပြီးတော့ ကချင် နည်းနည်းပါတယ်။ ကွတ်ခိုင်မှာနေတာက ကချင်၊ တအာင်း၊ ရှမ်းက အများဆုံးဆိုပေမယ့် အခု ရွေးတဲ့ အုပ်ချုပ် ရေးမှူးတွေထဲမှာ တအာင်းရော၊ ရှမ်းရော တစ်ယောက်မှ ဝင်ရွေးခွင့်မပြုဘူး”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ အစိုးရအဆက်အဆက်မှ တရားဝင်အတည်ပြုထားသည့် မြန်မာနိုင်ငံဆိုင်ရာ တိုင်းရင်းသားလူမျိုးများတွင် ဟန်တရုတ်လူမျိုးများကို မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးအဖြစ် သတ်မှတ်ထားခြင်း မရှိကြောင်း ရှမ်းမြောက်ရှိ ဥပဒေပညာရှင်တစ်ဦးက ရှင်းပြသည်။

“ဟန် ဆိုတာက တရုတ်တွေ သူတို့ကိုယ်သူတို့ ခေါ်တဲ့ လူမျိုးနာမည်ပါ၊ ဟန်တရုတ်တွေက မြန်မာနိုင်ငံတိုင်းရင်းသား မဟုတ်ပါဘူး။ ဟန်တရုတ်လူမျိုး အချို့ကို နိုင်ငံသားပေးထားတာ ရှိပေမယ့် တိုင်းရင်းသားအဖြစ် သတ်မှတ်ထားတာ မဟုတ်ဘူး၊ နိုင်ငံသားနဲ့ တိုင်းရင်းသား မတူဘူး။ အစိုးရက သတ်မှတ်ထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာလည်း ဟန်တရုတ် မပါဘူး”ဟု ယင်းဥပဒေပညာရှငက ပြောသည်။

ကွတ်ခိုင်မြို့ကို ကိုးကန့်တပ်ဖွဲ့ – MNDAA က ၎င်းတို့၏ မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် တအာင်းတပ်ဖွဲ့ – TNLA ထံမှ မတ် ၁၄ ရက်တွင် ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

#MeKongNews
#ဟန်တရုတ်
#ကွတ်ခိုင်မြို့
#အုပ်ချုပ်ရေး
#တိုင်းရင်းသား
#MNDAA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now