မြန်မာ့နွေဦး

၆ လအတွင်း တိုက်ပွဲ ၂,၅၀၀ ခန့် ဖြစ်ပြီး တပ်ရင်းမှူးအဆင့် ၁၀ ဦး အပါအဝင် စစ်ကောင်စီတပ်သား ၂,၆၀၀ ကျော် သုတ်သင်နိုင်ခဲ့တယ်လို့ KNU ဆို

မဲခေါင် 9 Jul - 2023
မဲခေါင်၊ ဇူလိုင် ၉ ကရင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ကနေ ဇွန်လကုန် အထိ ၆ လအတွင်း တိုက်ပွဲပေါင်း ၂,၅၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး စစ်တပ် တပ်ရင်းမှူး ၁၀ ဦးအပါအဝင် စစ်သား ၂,၆၀၀ ကျော်ကို ရှင်းလင်း သုတ်သင်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး-KNU ဗဟိုက ဒီကနေ့ ဇူလိုင်လ ၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ ဇူလိုင် ၉

ကရင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ကနေ ဇွန်လကုန် အထိ ၆ လအတွင်း တိုက်ပွဲပေါင်း ၂,၅၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး စစ်တပ် တပ်ရင်းမှူး ၁၀ ဦးအပါအဝင် စစ်သား ၂,၆၀၀ ကျော်ကို ရှင်းလင်း သုတ်သင်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး-KNU ဗဟိုက ဒီကနေ့ ဇူလိုင်လ ၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၆ လအတွင်း ကရင်ပြည်နယ်မှာ စစ်ရေးအရှိန်မြှင့် လှုပ်ရှားခဲ့ရာ စစ်တပ် တပ်ရင်းမှူး ၅ ဦး၊ ဒုတပ်ရင်းမှူး ၅ ဦး၊ ဗိုလ်ကြီး ၉ ဦး၊ ဗိုလ် ၄ ဦး၊ အရာခံဗိုလ် ၅ ဦး အပါအဝင် စစ်ကောင်စီတပ်သား ၂,၆၃၂ ဦး သေဆုံးပြီး ဒုရင်းမှူး တစ်ဦး အပါအဝင် စစ်သား ၁,၆၈၅ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကာ စစ်ကား ၉၉ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ်အနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-K.N.L.A၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့-K.N.D.O နဲ့ စစ်ရေးကွပ်ကဲမှု လက်အောင်ခံ PDF တပ်ရင်းတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့တွေဘက်က ရဲဘော် ၇၆ ဦး ကျဆုံးကာ ၂၅၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU ကပြောပါတယ်။

မြဝတီမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ လေးကေကော်မြို့သစ် အပါအဝင် ဒေသအနှံ့မှာ စစ်ကောင်စီတပ်၊ ကရင်နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်တွေနဲ့ KNU လက်အောက်ခံ တပ်မဟာတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပေါင်းများစွာ ဖြစ်ပွားနေပါတယ်။

တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကို အကြောင်းမဲ့ စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာတွေကြောင့် ဒေသခံပြည်သူ ၆ သိန်းနီးပါး နေ့ရပ်စွန့်ခွာ ထွက်ပြေးနေရကာ ထိုင်းနယ်စပ်နဲ့ ထိုင်းနိုင်ငံအတွင်း ခိုလှုံ နေထိုင်နေရပါတယ်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ KNU က စစ်ရှောင်ပြည်သူ ၂၅၀,၀၀၀ ခန့်ကို အရေးပေါ် အကူအညီတွေ ထောက်ပံ့ပေးခဲ့ပေမဲ့ လက်ရှိ မိုးတွင်းကာလ စစ်‌‌ရှောင်ဦးရေ များပြားလာတာကြောင့် စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါး လုံလောက်မှုမရှိ ဖြစ်နေပြီး ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေ အနေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့ ဖိတ်ခေါ်တယ်လို့ ထုတ်ပြန်ချက်မှာ မေတ္တာရပ်ခံထားပါတယ်။

MK-007

#MeKongNews

#ကရင်ပြည်နယ်

#KNU

#တပ်ရင်းမှူး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now