မြန်မာ့နွေဦး

အပစ်ရပ် ၇ ဖွဲ့ 7 EAO Alliance ဖွဲ့ပြီး နိုင်ငံရေးအကြပ်အတည်းကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်လို့ဆို

မဲခေါင် 19 Mar - 2024
ချင်းမိုင်မြို့မှာ ၂ ရက်ကြာ ပြုလုပ်ခဲ့တဲ့ NCA အပစ်ရပ် ၇ ဖွဲ့ဟာ အဖွဲ့သစ်ဖြစ်တဲ့ (7 Ethnic Armed Organizations Alliance-7 EAO Alliance) ကို ဖွဲ့စည်းလိုက်တယ်လို့ ယင်းအဖွဲ့ရဲ့ မတ်လ ၁၈ ရက်စွဲနဲ့ထုတ်ပြန်စာအရ သိရပါတယ်။

မဲခေါင်၊ မတ် ၁၉

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ ၂ ရက်ကြာ ပြုလုပ်ခဲ့တဲ့ NCA အပစ်ရပ် ၇ ဖွဲ့ဟာ အဖွဲ့သစ်ဖြစ်တဲ့ (7 Ethnic Armed Organizations Alliance-7 EAO Alliance) ကို ဖွဲ့စည်းလိုက်တယ်လို့ ယင်းအဖွဲ့ရဲ့ မတ်လ ၁၈ ရက်စွဲနဲ့ထုတ်ပြန်စာအရ သိရပါတယ်။

ဒီအဖွဲ့သစ်ဟာ 7 NCA-S EAO ကို ပြန်လည်ဖွဲ့စည်းမှုဆိုင်ရာ ဖွဲ့စည်းပုံစည်းမျဉ်း (Regulation) တို့ကိုဆွေးနွေးခဲ့ပြီးနောက် ဖွဲ့စည်းခဲ့တာလို့ ထုတ်ပြန်စာမှာ ပါရှိပါတယ်။

ယင်းအဖွဲ့သစ်ဟာ မျှော်မှန်းချက်အဖြစ် ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကတဆင့် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ အဖွဲ့သစ်ဟာ လူထုရဲ့သဘောထားတွေကိုဖော်ထုတ်တာ၊ အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူလူထုကိုကာကွယ်ရန် တာဝန်ရှိမှုကို သိရှိစေဖို့ သက်ဆိုင်သူတွေအားလုံးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို စဉ်ဆက်မပြတ် ကျင်းပသွားရေး၊ လက်ရှိပဋိပက္ခကိုဖြေရှင်းရာမှာ ငြိမ်းချမ်းစွာအဖြေရှာလိုတဲ့ အင်အားစုတွေရဲ့သဘောထားကို ဖော်ထုတ်နိုင်တဲ့ အခင်းအကျင်းနဲ့ နည်းလမ်းတွေကို ဖော်ဆောင်သွားမယ်ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။

ယင်း7 EAO Alliance ရဲ့ ဦိးဆောင်အဖွဲ့မှာ အဖွဲ့ခေါင်းဆောင်အဖြစ် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီးရွက်ဆစ်နဲ့ ဒုတိယခေါင်းဆောင်အဖြစ် နိုင်အောင်မင်းတို့ ဦးဆောင်မယ်လို့ သိရပါတယ်။

ထို့အပြင် မျက်နှာစုံညီအစည်းအဝေးက ချမှတ်လိုက်တဲ့ လုပ်ငန်းစဉ်တွေကို စနစ်တကျ အကောင်အထည်ဖော်ဖို့အတွက် အတွင်းရေးမှူးအဖွဲ့ကို ဖွဲ့စည်းရာမှာ ဗိုလ်မှူးကြီး စိုင်းငင်း(အထွေထွေအတွင်းရေးမှူး)၊၊ ဗိုလ်မှူးကြီးစောကျော်ညွန့်(တွဲဘက်အတွင်းရေးမှူး)၊ နိုင်အောင်မငေး(အဖွဲ့ဝင်)၊ ဗိုလ်မှူးချုပ်စောစိန်ဝင်း(အဖွဲ့ဝင်)၊ ကျာယာကုပ်(အဖွဲ့ဝင်)၊ ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်(အဖွဲ့ဝင်) ၊ PNLO (အဖွဲ့ဝင်)၊ ဦးမျိုးဝင်း(Coordination) တို့ ၇ ဦးကို ယှဉ်တွဲပါ တာဝန်တွေနဲ့ ဖွဲ့စည်းတာဝန်ပေးအပ်လိုက်တယ်လို့ ပါရှိပါတယ်။

7 EAO Alliance အနေနဲ့ လက်ရှိ နိုင်ငံရေးအကြပ်အတည်းကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းသွားမယ်လို့ ဖော်ပြပါရှိပါတယ်။

ယင်း အဖွဲ့သစ်ထဲက PNLO ရဲ့ အဓိက စစ်ရေးအင်အားစုတွေဟာ စစ်ကောင်စီကို တိုက်ခိုက်နေသလို မွန်ပြည်သစ်ပါတီကလည်း စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD အနေနဲ့ ခွဲကာ စစ်ကောင်စီကို တိုက်ခိုက်နေပြီဖြစ်တယ်လို့ သိရပါတယ်။

US Institute of Peace ရဲ့ ဆန်းစစ်ချက်တွေအရ PPST ၈ ဖွဲ့ရဲ့စစ်အင်အားအနေနဲ့ RCSS မှာ ၆၀၀၀ ၊ DKBA ၂၀၀၀ ၊ ABSDF ၁၅၀၀ ၊ PNLO ၁၅၀၀ ၊ NMSP ၁၅၀၀ ၊ KNU/KNLA-PC ၈၀၀ ၊ ALP/ANA ၃၀၀ နဲ့ LDU ၂၀၀ တို့ရှိတယ်လို့ သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေ တောင်ပို့ကွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာစေတီ ထိမှန်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ့မြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို မနေ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာရဲ့ အနောက်ဘက်ရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင်တွေ မိုးရာသီမှာ ငှက်ဖျားကူးစက်မှုများလာနိုင်တယ်လို့ ဆို

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက မိုးရာသီကာလရောက်ရင် ငှက်ဖျားရောဂါကူးစက်မှုနှုန်း ပိုများလာနိုင်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖယ်ခုံ ညောင်ကုန်းရပ်ကွက်မှ အိမ်တစ်လုံးကို စစ်ကောင်စီဒရုန်း ဗုံးကြဲ

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ညောင်ကုန်း ၄ ရပ်ကွက်မှ အိမ်တစ်လုံးကို စစ်ကောင်စီက ဧပြီ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက ဒရုန်းနဲ့ဗုံးချခဲ့လို့ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ထားဝယ်မှာ တိုက်ပွဲပြင်းထန်နေလို့ နိုင်ငံသားတွေကို ကယ်တင်ရေး ထိုင်းစစ်သင်္ဘော ၄ စီး အသင့်ပြင်ထား

တနင်္သာရီတိုင်း ထားဝယ်လမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေလို့ ပိုဆိုး ဝါးလာရင် စစ်ဇုန်ထဲရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေကို ကယ်တင်ဖို့ ထိုင်းလေတပ်က စစ်သင်္ဘော ၄ စီးကို အန်ဒမန်ပင်လယ်ကမ်းရိုးတန်းမှာ အသင့် ချထားပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ လူစားထိုးစရိတ် သုံးသောင်းကျပ်ကောက်ခံပြီး စစ်မှုထမ်း ၃ ဦးကိုလည်း ခေါ်ယူ

ရှမ်းပြည်နယ် တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်မှာ တစ်နှစ်စာအတွက် စစ်မှုထမ်းလူစားထိုးစရိတ် ကို ဧပြီလ ၂၈ ရက်နေ့အပြီး တစ်အိမ် သုံးသောင်းကျပ် ကောက်ယူခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ် ၀ိန်းလုံရွာကို စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်ခတ်

မဲခေါင်၊ ဧပြီ ၃၀ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ၀ိန်းလုံကျေးရွာကို စစ်ကောင်စီက မနေ့ ဧပြီ ၂၉ မှာ လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရတယ်လို့ PNLA က ယနေ့ ဧပြီလ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now