မြန်မာ့နွေဦး

အင်းလေး စံကားဒေသမှာ လူသစ်စုဖို့နဲ့ ပြည်သူ့စစ်လစာထောက်ပံ့ဖို့ PNO ဒေသခံတွေကို ခြိမ်းခြောက်

မဲခေါင် 11 Feb - 2024
ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးကန်အရှေ့ဘက်ရှိ စံကားဒေသအတွင်းက ပအိုဝ်းရွာတွေကို PNO ပြည်သူ့စစ်တွေ၊ တပ်သားသစ်တွေကို လစာထောက်ပံ့ရမယ်၊ မပေးတဲ့သူရဲ့ မြေယာတွေကို သိမ်းမယ်ဆိုပြီး အကြပ်ကိုင်ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးကန်အရှေ့ဘက်ရှိ စံကားဒေသအတွင်းက ပအိုဝ်းရွာတွေကို PNO ပြည်သူ့စစ်တွေ၊ တပ်သားသစ်တွေကို လစာထောက်ပံ့ရမယ်၊ မပေးတဲ့သူရဲ့ မြေယာတွေကို သိမ်းမယ်ဆိုပြီး အကြပ်ကိုင်ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။

အဲဒီလိုခြိမ်းခြောက်တာကို ဖေဖော်ဝါရီ ၉ ရက်က၊ လင်လန် မြောက်အုပ်စုအောင်ချမ်းသာ ကျေးရွာဘုန်းကြီးကျောင်းမှာ PNO/PNA တပ်ရင်း ၉ က တာဝန်ရှိသူတွေ အုပ်စုကော်မတီတွေက စံကားဒေသအတွင်းရှိ ပအိုဝ်းရွာတွေကိုဆင့်ခေါ်ခဲ့တယ်လို့ သိရပါတယ်။

စံကားဒေသအတွင်းက ပအိုဝ်းပြည်သူတွေကို ကျေးရွာတစ်ရွာလျှင်တပ်သား ၅ ယောက်ပေးဖို့လူမ ပေးသူများကလစာနဲ့အခြား ထောက်ပံ့ ကြေးတွေပေးဖို့ အကြပ်ကိုင်ဖိအားပေး ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဲဒီအတွက် အချိုးကျထောက်ပံ့ပေးဖို့ တစ်အိမ်ကို ၅၇၀၀၀ ကျပ်ကျပြီး ထွက်ပြေးရင် မြေယာသိမ်းမည်ဟု ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ညောင်ရွှေမြို့နယ်ထဲမှာပါဝင်တဲ့ စံကားအုပ်စုမှာ ပအိုဝ်းရွာပေါင်း ၄၀ ရှိပြီး လူဦးရေ ၁ သောင်းခန့်ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။

MK-012

#MeKongNews

#စံကားရွာ

#ခြိမ်းခြောက်

#ပြည်သူ့စစ်

#လူသစ်စု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ လုပ်ထားတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now