မြန်မာ့နွေဦး

အင်းစိန်ထောင် ညွှန်ချုပ်ကို စစ်ကောင်စီ ဖမ်းဆီးပြီး ဗိုလ်မှူးကြီးအဆင့်ကို အစားထိုး ခန့်အပ်

မဲခေါင် 25 Jul - 2023
မဲခေါင်၊ ဇူလိုင် ၂၅ ရန်ကုန်တိုင်း၊ အင်းစိန် အကျဉ်းထောင် ညွှန်ချုပ်ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ထောင်ညွှန်ချုပ်အဖြစ် ဗိုလ်မှူးကြီးမျိုးဇော် ကို အစားထိုး ခန့်အပ်ထားတယ်လို့ ထောင်အရာရှိကြီး တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၅

ရန်ကုန်တိုင်း၊ အင်းစိန် အကျဉ်းထောင် ညွှန်ချုပ်ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ထောင်ညွှန်ချုပ်အဖြစ် ဗိုလ်မှူးကြီးမျိုးဇော် ကို အစားထိုး ခန့်အပ်ထားတယ်လို့ ထောင်အရာရှိကြီး တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ဇူလိုင်လ ဒုတိယပတ်က စပြီး ထောင်တွင်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာ ထောင်အတွင်းမှ တယ်လီဖုန်းများ သိမ်းဆည်းရမိခဲ့သလို ပြင်ပနဲ့ ဆက်သွယ် ငွေကြေး ပေးပို့မှုတွေ စစ်ဆေး တွေ့ရှိလို့ ညွှန်ချုပ်ဖြစ်သူ အပါအဝင် ထောင်ဝန်ထမ်း တစ်ချို့ ဖမ်းဆီးစစ်ဆေး ခံနေရတယ်လို့ သိရပါတယ်။

“ ထိန်းသိမ်းခံထားရတာတော့ ဟုတ်တယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ထိုင်းဝန်ကြီး တွေ့တာ တကယ်လား မဟုတ်ဘူးလား ဆိုတဲ့ သတင်းတွေ ထွက်လာတယ်။ ထောင်ပိုင်တွေပဲ သိတဲ့ ကိစ္စ အပြင်ကို သတင်းရောက်တော့ စစ်ကောင်စီက လိုက်နေတာရှိတယ်။ အတွင်း သတင်းအရလည်း မတွေ့ဘူး ဆိုတာတွေ ပြောတာရှိတယ်။ ထိုင်းက ကောင်ကလည်း ရေလာခပ်ပြီး ပြန်သွားတယ်။ ဒီသတင်းတွေ ထောင်ထဲကနေ အပြင်ကို ရောက်တော့ သူတို့ စစ်ရင်းနဲ့ မိကုန်တာ။ လက်ရှိ ထောင်ပိုင်ကို အနားပေးလိုက်ပြီး စစ်နေတယ်လို့ ကြားတယ်” လို့ ထောင်အရာရှိကြီးက ပြောပါတယ်။

အင်းစိန်ထောင်အတွင်း ရှောင်တခင် ဝင်ရောက် စစ်ဆေးရာ လက်ကိုင်ဖုန်းတွေ သိမ်းဆည်း ရမိခဲ့ပြီး အဆိုပါ ဖုန်းများနဲ့ ငွေကြေး ပေးပို့ထားတဲ့ အချက်အလက်တွေ တွေ့ရှိတဲ့အတွက် ထောင်ဝန်ထမ်း တစ်ချို့လည်း ဖမ်းဆီး စစ်ဆေးခံနေရတယ်လို့ သိရပါတယ်။

“ ထောင်ထဲမှာတော့ စစ်ကောင်စီဘက်က လူတွေပဲ အုပ်ချုပ်နေတာ။ အရင်လိုတော့ နေရတာ မဟုတ်တော့ဘူး။ သူတို့ကလည်း အဆောင်တွေကို အဖွဲ့လိုက် အချိန်မရွေး ရှာတာတွေ လုပ်ကြတယ်။ ထောင်ဝန်ထမ်းတွေမှာ ဘာမှ လုပ်ပိုင်ခွင့် မရှိတော့ဘူး။ ရဲနဲ့စစ်သားတွေ မီးသတ်တွေပေါင်းပြီး ရှာကြတာ။ ထောင်ထဲကနေ အပြင်ကို ငွေလှူတာတွေ မိသွားလို့ စစ်နေတယ်လည်း ကြားတယ်” လို့ ထောင်ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

လက်ရှိ အင်းစိန်ထောင်ဝန်ထမ်းများ ဘာမှ လုပ်ပိုင်ခွင့် မရှိတော့ဘဲ စရဖဘက်မှ ထောင်ကို ချုပ်ကိုင်ထားပြီး ထောင်ဝန်ထမ်းများ စစ်ကောင်စီ အမိန့် လိုက်နာနေရကာ ထောင်အတွင်း စစ်ဆေးမှုတွေ တင်းကြပ်နေတယ်လို့ သိရပါတယ်။

MK-005

#MeKongNews

#အင်းစိန်ထောင်

#ဒေါ်အောင်ဆန်းစုကြည်

#ဗိုလ်မှူးကြီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now