မြန်မာ့နွေဦး

“အချိန်တွေနောက်ပြန်သွားလို့ရရင် သွားချင်တယ်”- စစ်ဒဏ်သင့်မြန်မာနိုင်ငံတွင် ရှင်သန်ခြင်း (ဘာသာပြန်)

မဲခေါင် 17 Apr - 2023
အင်းလေးကန်ရဲ့ကြည်လင်နေတဲ့ရေပေါ်မှာ လှေတွေအသွားအပြန်လုပ်နေပြီး တချို့က အင်းထဲမှာ စိုက်ပျိုးရေးလုပ်တဲ့အချိန် အသုံးပြုတဲ့ရေမှော်တွေ အများကြီးတင်လာသလို တချို့ကလည်း ငါးဖမ်းပိုက်တွေချနေပါတယ်။ မြူဆိုင်းနေတဲ့လေထုကြောင့် အပြာရောင်ကောင်းကင်ရှိနေတဲ့ ရှမ်းတောင်တန်းဒေသဟာ မြန်မာနိုင်ငံမှာ ခရီးသွားတွေရှိသမျှ သူတို့ကိုဆွဲဆောင်နေတဲ့အင်းကြီးအတွက် အံ့မခန်းဖွယ်နောက်ခံမြင်ကွင်းဖြစ်နေပါတယ်။

အင်းလေးကန်ရဲ့ကြည်လင်နေတဲ့ရေပေါ်မှာ လှေတွေအသွားအပြန်လုပ်နေပြီး တချို့က အင်းထဲမှာ စိုက်ပျိုးရေးလုပ်တဲ့အချိန် အသုံးပြုတဲ့ရေမှော်တွေ အများကြီးတင်လာသလို တချို့ကလည်း ငါးဖမ်းပိုက်တွေချနေပါတယ်။

မြူဆိုင်းနေတဲ့လေထုကြောင့် အပြာရောင်ကောင်းကင်ရှိနေတဲ့ ရှမ်းတောင်တန်းဒေသဟာ မြန်မာနိုင်ငံမှာ ခရီးသွားတွေရှိသမျှ သူတို့ကိုဆွဲဆောင်နေတဲ့အင်းကြီးအတွက် အံ့မခန်းဖွယ်နောက်ခံမြင်ကွင်းဖြစ်နေပါတယ်။ 

ဒါပေမဲ့ အခုတော့ ကမ္ဘာလှည့်ခရီးသွားတွေ မရှိသလောက်ဖြစ်နေပါတယ်။ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါ ဖြစ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၂ နှစ်က အာဏာသိမ်းမှုနောက်ပိုင်းအကြမ်းဖက်မှုတွေက ခရီးသွားတွေကို မောင်းထုတ်လိုက်ပါတယ်။ 

ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း သူရခဲ့တဲ့ပထမဆုံး နိုင်ငံခြားသားဖောက်သည်တွေလို့ ကျွန်တော်တို့လှေသမား အင်းသားမျိုးနွယ်ဝင်က ပြောပါတယ်။ မိသားစုကို ထမင်းကျွေးဖို့တောင်အခက်အခဲဖြစ်နေတယ်လို့လည်း သူကပြောပါတယ်။ ခရီးသွားတွေမရှိတော့ အခုအင်းထဲမှာ ငါးဖမ်းတဲ့လူတွေများနေပြီး ဖမ်းမိတဲ့ငါးတွေကလည်း နည်းတယ်လို့ တခြားလှေသမားတွေကလည်း ပြောပြကြပါတယ်။ 

အာဏာသိမ်းပြီး နောက်ပိုင်းသီတင်းပတ်တွေမှာ အကြီးအကျယ်ဆန္ဒထုတ်ဖော်မှုတွေကို ဖြိုခွဲဖို့ စစ်တပ်က သေစေနိုင်တဲ့ အင်အားသုံးခဲ့တဲ့နောက် ပြည်တွင်းစစ်ကလည်း နီးစပ်လာပါပြီ။ 

တောင်ဘက်ကီလိုမီတာ ၁၀၀ လောက်မှာတော့ အာဏာသိမ်းမှုကို လက်နက်စွဲကိုင်ပြီး အပြင်းထန်ဆုံးခုခံနေကြတဲ့ ကရင်နီတိုင်းရင်းသားတော်လှန်သူတွေက ရှမ်းပြည်နယ်ထဲ ဝင်ရောက်လာပါပြီ။ အဲဒီနေရာကလူငယ်အများစုနဲ့ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF လို့ သိကြတဲ့ ဒေသခံတပ်ဖွဲ့တွေနဲ့ ကရင်နီတွေနဲ့ ပူးပေါင်းထားပါတယ်။ 

ဇန်နဝါရီလမှာ အင်းကနေ ၃ ကီလိုမီတာအကွာမှာတင် အင်းသား PDF တပ်ဖွဲ့ပါဝင်တဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ကျွန်တော်တို့လှေသမားကတော့ တကယ်ကိုစိုးရိမ်နေတာပါ။ 

“အရင်ကတော့ လွတ်လပ်ခဲ့ပါတယ်။ ပြီးတော့ ချက်ချင်းကြီး အားလုံးပျောက်ကွယ်သွားတယ်။ အခု လူငယ်တွေက အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဒေါသချောင်းချောင်းထွက်နေကြတယ်”လို့ သူကပြောပါတယ်။ 

အင်းလေးကိုသွားကြတာက ကျန်တဲ့နေရာတွေထက် ပြည်တွင်းစစ်ဒဏ်သင့်တာမသိသာတဲ့ရန်ကုန်နဲ့ နေပြည်တော်အပြင်ဘက်မှာ စစ်တပ်ကခွင့်ပြုတဲ့နေရာ ၂ နေရာထဲမှာပါဝင်တဲ့ ၁ နေရာဖြစ်နေလို့ပါ။

ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဘီဘီစီကိုပေးတဲ့ ပထမဆုံးပြည်ဝင်ခွင့်ဖြစ်ပြီးတော့ တပ်မတော်နေ့စစ်ရေးပြမှုကို သတင်းတင်ဆက်နိုင်ဖို့ တရားဝင်ခွင့်ပြုတာပါ။ ကျွန်တော်တို့ကိုဝင်ခွင့်ပြုထားတဲ့စာမှာလည်း အခုရက်တွေမှာ လူအုပ်စုအများအပြားပါဝင်တဲ့ တားမြစ်ထားတဲ့လူအုပ်စုတွေနဲ့ စကားပြောဖို့ခွင့်မပြုကြောင်းလည်း သတိပေးထားပါတယ်။ စစ်အုပ်စုနဲ့ပတ်သက်ပြီး အပြုသဘောမဆောင်တဲ့ မှတ်ချက်ပြုတာကို ရာဇဝတ်မှုလို့သတ်မှတ်ထားတဲ့ ဥပဒေသစ်တွေထုတ်ထားလို့ စကားပြောဖို့ ဘေးကင်းတဲ့လူဘယ်သူရှိပြီး သူတို့ကရော ဘာတွေပြောနိုင်မှာလဲ။ 

စစ်တပ်က အလုံခြုံလုံးလို့ယုံကြည်တဲ့နေရာတွေမှာတောင် မြန်မာနိုင်ငံဟာ ချောက်ကမ်းပါးကနေလက်တလုံးသာလိုတယ်ဆိုတာ အာရုံမခံမိဖို့ မဖြစ်နိုင်ပါဘူး။ လမ်းပေါ်မှာမြင်နေတဲ့ရဲအရာရှိတွေအားလုံး အော်တိုမက်တစ်လက်နက်တွေ ကိုင်ထားပါတယ်။ ကားဖြတ်မောင်းရင်း ပစ်ခတ်မှုနဲ့ လုပ်ကြံဖို့ ကြိုးစားမှုတွေ အန္တရာယ်ကိုသိလို့ သူတို့တွေက အများသောအားဖြင့် သူတို့ရဲ့သဲခံတပ်တွေနောက်မှာပဲ နေလေ့ရှိပါတယ်။ ပြီးတော့ ခရီးရှည်ရှည်ထွက်ရတာကလည်း စစ်တပ်စစ်ဆေးရေးဂိတ်တွေနဲ့တွေ့ရင် ထီထိုးရသလိုပါပဲ။ လက်လှမ်းပြနှုတ်ဆက်တာမျိုးလည်း ဖြစ်နိုင်သလို တခြားလည်းဖြစ်နိုင်ပါတယ်။ 

အင်းလေးနားက သဲအိတ်တွေရှိနေတဲ့ဂိတ်တခုမှာ နိုင်ငံခြားသားတွေကိုခေါ်မလာဖို့ စစ်သားတွေက ကျွန်တော်တို့ယာဉ်မောင်းကို သတိပေးပါတယ်။ သူတို့အတွက် အန္တရာယ်ရှိတယ်လို့ သူ့ကိုပြောတယ်ဆိုပြီးလည်း ပြောပါတယ်။

အင်းလေးမှာ ကျွန်တော်တို့ ၂ ရက်ကြာခဲ့ပြီး ကျွန်တော်တို့တတ်နိုင်သမျှ လူတွေနဲ့စကားပြောခဲ့ပါတယ်။ တခြားနိုင်ငံခြားသားတွေ မရှိသလောက်နီးပါးမို့လို့ ကျွန်တော်တို့က ထင်းထင်းလင်းလင်းဖြစ်နေပါတယ်။ 

ဒေသစီးပွားရေးအတွက် ခရီးသွားလုပ်ငန်းပြိုပျက်သွားတာဟာ ကပ်ဆိုက်တာပါပဲ။ ကျွန်တော်တို့ဟိုတယ်ကလည်း လူမရှိသလောက်နီးပါးဖြစ်နေပြီး အင်းနားက ညောင်ရွှေမြို့ကဟိုတယ်တွေမှာလည်း အလားတူပါပဲ။ ကျွန်တော်တို့ရောက်တော့ လျှပ်စစ်မီးမရလို့ ညဘက်ဧည့်သည်တွေပြန်ရောက်ရင် ဟိုတယ်က မီးစက်မောင်းပေးပါတယ်။

ဇန်နဝါရီတုန်းက တိုက်ပွဲဖြစ်ခဲ့တဲ့ သန်းထောင်မှာ ကျွန်တော်တို့တထောက်နားခဲ့ပါတယ်။ ဈေးနေ့ဖြစ်ပြီး တိုက်ပွဲအကြောင်း ဘယ်သူကမှမပြောချင်ပါဘူး။ သူတို့အများစုပြောတာတော့ ဈေးတွေတက်လာတဲ့အကြောင်းနဲ့ ဈေးဝယ်တွေရှားလာတဲ့အကြောင်းပါ။ 

“ဒီမှာမကောင်းတော့ဘူး။ ဒါဒီကောင့်ကြောင့်”လို့ အသက်ကြီးကြီးအမျိုးသားအုပ်စုထဲက ၁ ယောက်က အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကိုညွှန်းပြီးပြောတဲ့အနေနဲ့ ကောင်းကင်ကိုလက်ညှိုးညွှန်ပြီး ကျွန်တော်တို့ကိုပြောပြပါတယ်။ 

အင်းထဲကငွေပန်းတိမ်ဆိုင်မှာလည်း ပစ္စည်းတွေပြဖို့ သုံးတဲ့ဖန်ဗီရိုတွေက ပြောင်ရှင်းနေပါတယ်။ တချက်တချက်မှရောက်လာတဲ့ ခရီးသွားတွေအတွက်လည်း သစ်သားအိမ်ရှည်ကိုလည်း တခြမ်းသာအသုံးပြုပါတယ်။ ဒါပေမဲ့ ဘယ်နေရာကကြည့်ကြည့် မလွဲမရှောင်နိုင်အောင်မြင်ရတဲ့ အခန်းအလယ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ပုံတူပန်းချီကား ချိတ်ဆွဲထားပါတယ်။ အင်းလေးကန်မှာ အမျိုးသမီးကြီးကို သစ္စာရှိတာက နက်နက်ရှိုင်းရှိုင်းဖြစ်နေပြီး တတ်နိုင်ခဲ့တဲ့နေ့တွေတုန်းကဆိုရင် သူ့ကို ဖြုတ်ချခဲ့တဲ့အာဏာသိမ်းမှုကိုဆန့်ကျင်ဖို့ လှေနဲ့ဆန္ဒထုတ်ဖော်တာတွေရှိခဲ့ပါတယ်။ 

“ကျွန်တော်တို့ သူ့ကိုချစ်နေတုန်းပဲ။ သူအခုဖြစ်သွားတာတွေအတွက် စိတ်မကောင်းဘူး”လို့ ပန်းတိမ်ဖိုတာဝန်ခံက ပြောပါတယ်။ 

ဒီစီးပွားရေးအပျက်အစီးတွေနဲ့ တိတ်တဆိတ်အာခံတာတွေက စစ်တပ်ကို ဘယ်လောက်ပြဿနာဖြစ်စေပါသလဲ။ ခံတပ်လိုမျိုးဖြစ်နေတဲ့ ရုံးစိုက်ရာမြို့နေပြည်တော်မှာဘေးကင်းနေတဲ့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် ဘယ်လောက်အထိသိသလဲဆိုတာ မရှင်းမလင်းဖြစ်နေပါတယ်။ 

ပြီးခဲ့တဲ့နှစ် ၂၀ မပြည့်ခင်က အကြီးအကျယ်တည်ဆောက်ခဲ့တဲ့ ဒီထူးဆန်းတဲ့မြို့ဟာ မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေရဲ့ တပ်နဲ့ဝိုင်းထားတဲ့စိတ်သဘောထားကို ထင်ဟပ်နေပါတယ်။ ကုန်ကျစရိတ်ကတော့ များပါတယ်။ ရည်ရွယ်ချက်ကတော့ ဖောက်ထွင်းလို့မရဘဲ နိုင်ငံခြားကျူးကျော်မှုတွေနဲ့ လူသိများတဲ့အုံကြွမှုတွေကို ခံနိုင်မယ့် ခံတပ်တခုတည်ဆောက်ဖို့ဖြစ်နိုင်ပါတယ်။ 

အခုနှစ်ရဲ့အကြီးဆုံး တပ်မတော်နေ့ချီတက်သရုပ်ပြမှုမှာ ပြောခဲ့တဲ့မိန့်ခွန်းအရ အာဏာသိမ်းယူဖို့ သူ့ရဲ့ဒုက္ခပင်လယ်ဝေစေတဲ့ ဆုံးဖြတ်ချက်အပေါ် မင်းအောင်လှိုင်က သံသယရှိကြောင်း အရိပ်အယောင်မပြထားပါဘူး။ 

ကျွန်တော်တို့ရလိုက်တာကတော့ စစ်တပ်ကပဲ မြန်မာနိုင်ငံကို စုစည်းထားတယ်လို့ သူတို့ကိုယ်သူတို့ရိုက်သွင်းထားတဲ့ ဒဏ္ဍာရီသမိုင်းကြောင်းကို ကဗျာဆန်ဆန်မိန့်ခွန်းပြောတာပါပဲ။ ဒီမိန့်ခွန်းဟာ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်နှစ်တွေမှာ စစ်တပ်က အနတ္တိမအုပ်စိုးခဲ့တုန်းကလို၊ စီးပွားရေးကို ထိုးကျအောင်စီမံခဲ့တုန်းကလို၊ မြောက်ကိုရီးယားကလွဲရင် မြန်မာနိုင်ငံရဲ့လူသားဖွံ့ဖြိုးမှုညွှန်းကိန်းတွေကို အလွန်အကျွံထိုးကျအောင် အုပ်ချုပ်ခဲ့တုန်းကလို ကွာခြားချက်မရှိသေးပါဘူး။ 

သူ့အရင်စစ်ခေါင်းဆောင်တွေလိုပဲ မင်းအောင်လှိုင်ကလည်း စီးပွားရေးမြို့တော်ရန်ကုန်မှာတောင် လျှပ်စစ်ဓာတ်အားမပေးနိုင်လို့ ဈေးကြီးပြီး သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ မီးစက်တွေကို ဆိုင်တိုင်းက ဆူဆူညံညံအသုံးပြုနေရတဲ့နိုင်ငံမှာ နျူကလီးယားစွမ်းအင်နဲ့ လျှပ်စစ်ကားတွေကို လူသိများအောင်လုပ်နေတာတို့လို့ ဂုဏ်ဆာပြတဲ့စီမံကိန်းတွေကို သဘောကျကြောင်းပြသနေပါတယ်။ 

အနည်းဆုံးတော့ လည်ပတ်နေတဲ့စီးပွားရေးလုပ်ငန်းတွေရှိနေပေမဲ့ အာဏာမသိမ်းခင်ကထက် အများကြီးနည်းပါးတဲ့ အခြေအနေနဲ့လည်ပတ်နေရတဲ့ ရန်ကုန်မှာ အုံ့မှိုင်းမှိုင်းပုံမှန်အခြေအနေရှိပါသေးတယ်။ စားသောက်ဆိုင်တွေနဲ့ ဘားတွေအများအပြားပိတ်ကုန်ပြီး ပြီးခဲ့တဲ့စစ်အုပ်ချုပ်ရေးကာလတွေက ဖွင့်ထားတဲ့ ရှန်ဂရီလာနဲ့ စထရန်းဟိုတယ်နေရာတွေကလည်း အခုတော့ အကာအရံတွေနဲ့တားဆီးထားပါတယ်။ 

ဘဏ်စနစ်ကလည်း ပုံမှန်လုပ်ငန်းလည်ပတ်တယ်ဆိုရုံပါပဲ။ မြန်မာကျပ်ငွေတန်ဖိုး ပြိုဆင်းနေပြီး မှောင်ခိုဈေးကွက်မှာ တရားဝင်သတ်မှတ်ဈေးထက် အများကြီးပိုပေးပြီးရောင်းဝယ်နေရပါတယ်။ ပြီးတော့ အခုထိ ရံဖန်ရံခါတိုက်ခိုက်မှုတွေ ရှိနေတုန်းပါ။ ကျွန်တော်တို့ရန်ကုန်ရောက်တဲ့နေ့မှာ စစ်တပ်အတွက် အလုပ်လုပ်ပေးနေတဲ့ ရှေ့နေတယောက် သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားပါတယ်။ 

ဒီတကြိမ်မှာ လူအများနှစ်သက်သဘောကျတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မယှဉ်ပြိုင်ဘဲနဲ့ ရွေးကောက်ပွဲအပြီးမှာတောင် သူတို့လက်တွေက အာဏာမောင်းတံကို ဆက်လက်ဆွဲကိုင်ထားပြီး လွန်ခဲ့တဲ့နှစ် ၂၀ က လုပ်ခဲ့သလို ဟန်ပြဒီမိုကရေစီစနစ်ကို ပြန်အသက်သွင်းဖို့ အချိန်ရှိတယ်လို့ စစ်ဗိုလ်ချုပ်ကြီးတွေ ယုံကြည်ကြသလား။ 

၁၉၈၈ ခုနှစ်မှာ ပြီးခဲ့တဲ့အကြမ်းဖက်အာဏာလုယူမှုကနေ ၂၀၁၂ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အပြီးသတ်ပြန်လွှတ်ပြီး စစ်တပ်ဦးဆောင်တဲ့ဒီမိုကရေစီအပြောင်းအလဲကို ပါဝင်ဖို့ သူသဘောတူတာအထိ ၂၄ နှစ်ကြာပါတယ်။ အဲဒီနောက်ပိုင်းဟာ ၁၉၅၀ ပြည့်နှစ်တွေနောက်ပိုင်း မြန်မာနိုင်ငံနှစ်သက်ခဲ့တဲ့ အတော်လေးနိုင်ငံရေးလွတ်လပ်မှုရှိခဲ့တဲ့ ပထမဆုံးကာလကို ကမ်းလင့်နိုင်ခဲ့ပါတယ်။ 

ဖိနှိပ်မှုစာအုပ်ဟောင်းကြီးကို ဖုန်ပြန်သုတ်နေပေမဲ့ သူ့မှာ ဇိမ်ခံပစ္စည်းလို့ပြောနိုင်တဲ့အချိန် မရှိတော့ဘူးဆိုတာ မင်းအောင်လှိုင် နားလည်ပုံပါပဲ။ တရားဝင်အသိအမှတ်ပြုမှုတချို့ရဖို့ သူရွေးကောက်ပွဲ အသည်းအသန်လိုအပ်နေပါတယ်။ ရွေးကောက်ပွဲကသာလျှင် သူ့ရဲ့လူရိုင်းနည်းလမ်းတွေကို ဝေဖန်မှုနည်းတဲ့ ထိုင်းနဲ့တရုတ်လို အာရှအိမ်နီးချင်းနိုင်ငံတွေဆီကနေ ထောက်ခံမှုအနည်းငယ်ရလာနိုင်ပါတယ်။ 

အခုနှစ်အစမှာ သူက သြဂုတ်လမှာ ရွေးကောက်ပွဲလုပ်မယ်လို့ပြောခဲ့ပြီး သူ့တပ်ဖွဲ့တွေက မြန်မာနိုင်ငံနေရာအများအပြားမှာ နယ်မြေဆုံးရှုံးခဲ့တဲ့အတွက် ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်ဖြစ်နေပါတယ်။ လူ ၁၇၀ ကျော်သေဆုံးစေခဲ့တဲ့ ပြီးခဲ့တဲ့တပတ်က ပဇီကြီးကျေးရွာကိုပြုလုပ်ခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုဟာ အထွတ်အထိပ်ဖြစ်ခဲ့တဲ့ လေကြောင်းအင်အားအလွန်အကျွံသုံးမှုကလည်း လာမယ့်နှစ်မှာရွေးကောက်ပွဲလုပ်နိုင်အောင် ခုခံအင်အားစုတွေကိုချေမှုန်းဖို့ သူက အလောတကြီးလုပ်နေတယ်လို့ အကြံပြုတင်ပြနေပါတယ်။ 

ပြီးခဲ့တဲ့ ၁၀ နှစ်ကာလတိုအတွင်း သူတို့ရခဲ့တဲ့ လွတ်လပ်မှုနဲ့ ရည်မှန်းချက်တွေကို လုယူခံလိုက်ရတာကြောင့် ဒေါသချောင်းချောင်းထွက်နေတဲ့ လူငယ်မျိုးဆက်က မောင်းနှင်နေတဲ့ အတိုက်အခံတွေကလည်း အခုတော့ ပိုအင်အားကောင်းလာပြီး လက်နက်တပ်ဆင်မှုအားလည်းပိုကောင်းလာပါတယ်။ 

ဒါပေမဲ့ စစ်တပ်က ကုန်ကျထိခိုက်မှုများနေတာကို မမှုဘဲ အတိုက်အခံတွေနဲ့ညှိနှိုင်းမယ်လို့ အိမ်နီးချင်းနိုင်ငံတွေကို ကတိပေးထားတာကိုတောင် လျစ်လျူရှုပြီး သူ့တာဝန်ကိုသာ တွယ်ကပ်နေပါတယ်။ 

မြန်မာနိုင်ငံက စစ်တပ်စခန်းတွေရဲ့အပြင်တိုင်းမှာ မြန်မာဘာသာနဲ့ရော၊ အင်္ဂလိပ်ဘာသာနဲ့ရောရေးထိုးထားတဲ့ အနီရောင်စာတန်းကြီးတခုကို ကျွန်တော်မြင်တွေ့ခဲ့ရပါတယ်။ “အသက်သွေးချွေး စဉ်မနှေး ပေးဆပ်သည်မှာ တပ်မတော်ပါ”တဲ့။ 

သူတို့စိတ်ထဲမှာတော့ စစ်ဗိုလ်ချုပ်တွေဟာ ၁၉၄၈ ခုနှစ်က မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် စတင်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးစစ်ပွဲကို တိုက်နေတုန်းပါ။ ကျန်တာတွေက ဒုတိယနေရာမှာပဲရှိပါတယ်။ 

အင်းလေးကန်က ဖောင်တော်ဦးဘုရားကို ကျွန်တော်တို့သွားတဲ့နေ့မှာ ဘုရားလာလေ့ရှိတဲ့လူအုပ်စုကြီး နည်းပါးနေပြီး အဖွဲ့ ၂ ဖွဲ့ကသာ ကံကောင်းလာစေဖို့ ဆုတောင်းနေကြတာတွေ့ပါတယ်။ သူ့ကိုဖြုတ်ချခဲ့တဲ့ စစ်တပ်ကလူတွေရဲ့ဓာတ်ပုံတွေဘေးနားမှာ ချိတ်ထားပေမဲ့ လာလည်စဉ်ကရိုက်ကူးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတွေဟာ ဘုရားနံရံတွေမှာ ဝင့်ကြွားစွာနဲ့ချိတ်ဆွဲထားတုန်းပါ။ 

ကမ္ဘာ့လှည့်ခရီးသွားလမ်းပြလို့ပြောတဲ့ အမျိုးသမီးတယောက်နဲ့ ကျွန်တော်နဲ့ စကားလက်ဆုံကျခဲ့ပါတယ်။ ဧည့်သည်ရှိတဲ့နေ့ပုံမပေါ်ပေမဲ့ သူကတော့ သပ်သပ်ရပ်ရပ် ဝတ်စားထားပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဘယ်လိုထင်သလဲ၊ အခုလို အန္တရာယ်များတဲ့အချိန်မှာ လာရတာမကြောက်ဘူးလား စတဲ့မေးခွန်းတွေ သူကမေးပါတယ်။ 

အင်းကလူတွေ အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဘယ်လိုနေသလဲလို့ ကျွန်တော်မေးလိုက်ပါတယ်။ သူတို့ စိတ်မကောင်းဖြစ်နေသလား။ သူကမျက်မှောင်ကြုံ့ပြီး “ကျွန်မကို ကြည့်စမ်းပါ။ ပျော်နေတဲ့ပုံစံပေါက်နေသလား။ အာဏာမသိမ်းခင်အခြေအနေကို ပြန်သွားချင်တယ်လို့ပဲ ကျွန်မတို့ ဆန္ဒရှိတာရှင့်”လို့ မျက်ရည်ဝဲဝဲနဲ့ ပြန်ဖြေပါတယ်။ 

သူ့လိုပဲ တခြားလူဘယ်နှစ်ယောက်လောက် ခံစားရသေးလဲဆိုတာ သိဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ တော်တော်ကြီးများနိုင်ပါတယ်။ သူတို့နိုင်ငံအတွက် သူတို့ရေးဆွဲထားတဲ့ သွေးချင်းချင်းနီတဲ့လမ်းကြောင်းကိုပဲ ခေါင်းမာမာနဲ့ ဆက်လက်ချီတက်နေတဲ့စစ်ခေါင်းဆောင်တွေရဲ့တွက်ချက်မှုကို ဒီအချက်က နည်းနည်းလေး ခြားနားစေပါလိမ့်မယ်။

မြန်မာတွေရဲ့ဇဝနဉာဏ်နဲ့ပြောမယ်ဆိုရင်တော့ တခြားနိုင်ငံတွေမှာ စစ်တပ်ရှိပြီး မြန်မာနိုင်ငံမှာတော့ စစ်တပ်က နိုင်ငံတနိုင်ငံကို ပိုင်ထားတယ်လို့ ပြောရမှာပါပဲ။ လက်မလွှတ်ပေးတဲ့စစ်တပ်ပေါ့လေ။

(ဘီဘီစီသတင်းဌာန၏ အရှေ့တောင်အာရှဒေသအကြီးတန်းသတင်းထောက် ဂျိုနသန် ဟက်ဒ်ရေးသားသည့် ‘We wish we could go back’: Life in a war-torn Myanmar ကို #OhkKar ဘာသာပြန်ဆိုသည်) 

#MeKongNews

Photo – BBC, Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေ တောင်ပို့ကွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာစေတီ ထိမှန်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ့မြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို မနေ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာရဲ့ အနောက်ဘက်ရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင်တွေ မိုးရာသီမှာ ငှက်ဖျားကူးစက်မှုများလာနိုင်တယ်လို့ ဆို

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက မိုးရာသီကာလရောက်ရင် ငှက်ဖျားရောဂါကူးစက်မှုနှုန်း ပိုများလာနိုင်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖယ်ခုံ ညောင်ကုန်းရပ်ကွက်မှ အိမ်တစ်လုံးကို စစ်ကောင်စီဒရုန်း ဗုံးကြဲ

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ညောင်ကုန်း ၄ ရပ်ကွက်မှ အိမ်တစ်လုံးကို စစ်ကောင်စီက ဧပြီ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက ဒရုန်းနဲ့ဗုံးချခဲ့လို့ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ထားဝယ်မှာ တိုက်ပွဲပြင်းထန်နေလို့ နိုင်ငံသားတွေကို ကယ်တင်ရေး ထိုင်းစစ်သင်္ဘော ၄ စီး အသင့်ပြင်ထား

တနင်္သာရီတိုင်း ထားဝယ်လမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေလို့ ပိုဆိုး ဝါးလာရင် စစ်ဇုန်ထဲရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေကို ကယ်တင်ဖို့ ထိုင်းလေတပ်က စစ်သင်္ဘော ၄ စီးကို အန်ဒမန်ပင်လယ်ကမ်းရိုးတန်းမှာ အသင့် ချထားပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ လူစားထိုးစရိတ် သုံးသောင်းကျပ်ကောက်ခံပြီး စစ်မှုထမ်း ၃ ဦးကိုလည်း ခေါ်ယူ

ရှမ်းပြည်နယ် တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်မှာ တစ်နှစ်စာအတွက် စစ်မှုထမ်းလူစားထိုးစရိတ် ကို ဧပြီလ ၂၈ ရက်နေ့အပြီး တစ်အိမ် သုံးသောင်းကျပ် ကောက်ယူခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ် ၀ိန်းလုံရွာကို စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်ခတ်

မဲခေါင်၊ ဧပြီ ၃၀ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ၀ိန်းလုံကျေးရွာကို စစ်ကောင်စီက မနေ့ ဧပြီ ၂၉ မှာ လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရတယ်လို့ PNLA က ယနေ့ ဧပြီလ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now