မြန်မာ့နွေဦး

သတ်မှတ်စည်းကမ်းမလိုက်နာရင် အရေးယူမယ်လို့ ကိုယ်ပိုင်ကျောင်းတွေကို စစ်ကောင်စီ ခြိမ်းခြောက်

မဲခေါင် 13 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၃ စစ်ကောင်စီက ကိုယ်ပိုင်ကျောင်းတွေကို သတ်မှတ်စည်းကမ်းနဲ့ ညီညွတ်မှု ရှိ၊ မရှိ စစ်ဆေးကြပ်မတ်ပြီး ကိုက်ညီမှုမရှိရင် ကျောင်းဖွင့်လှစ်ခွင့်ပိတ်တဲ့ အထိအရေးယူသွားမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၃

စစ်ကောင်စီက ကိုယ်ပိုင်ကျောင်းတွေကို သတ်မှတ်စည်းကမ်းနဲ့ ညီညွတ်မှု ရှိ၊ မရှိ စစ်ဆေးကြပ်မတ်ပြီး ကိုက်ညီမှုမရှိရင် ကျောင်းဖွင့်လှစ်ခွင့်ပိတ်တဲ့ အထိအရေးယူသွားမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုပါတယ်။

ကိုယ်ပိုင်ကျောင်းအချို့ ငွေကြေးသတ်မှတ်ထားတဲ့ ဝန်ဆောင်မှုပေးတဲ့အပိုင်းမှာ ကိုက်ညီမှုမရှိဘဲ အားနည်းချက်တွေရှိတဲ့အတွက် ကျောင်းပိုင်ရှင်တွေ အနေနဲ့ ကြေညာထားတဲ့အတိုင်း ဝန်ဆောင်မှုပေးတာ၊ ကျောင်း သားတွေ အပေါ်မှာ အရည်အသွေး ပြည့်ဝတဲ့ ပညာရေးကိုပေးတာ ရှိ၊ မရှိ ကို စစ်ဆေးကြပ်မတ်တာတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“အထက်ညွန်ကြားချက်လို့ပြောတယ်၊ အရင်သတ်မှတ်ချက် အတိုင်းလုပ်ဆောင်နေတာဘဲ၊ ဘယ်လိုညွန်ကြားချက်အသစ်တွေ ထပ်ထုတ်ပြန်မလဲ စိုးရိမ်တယ်၊ ကျောင်းပိတ်တဲ့ အထိအရေးယူမယ်ဆိုတော့ ကျောင်းပိုင်ရှင်တွေလည်း စိုးရိမ်နေတယ်” လို့ရန်ကုန်တိုင်း ပညာရေးမှူးရုံးရဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း အစိုးရကျောင်းမတက်ဘဲ အခြေခံပညာရေး ဆက်လက်သင်ကြား လိုသည့် ကျောင်းသား၊ ကျောင်းသူများသည် Home Schooling ဟုခေါ်သည့် အွန်လိုင်းမှ သင်ကြားခြင်းနဲ့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေကို ပြောင်းရွှေ့ပညာသင်ကြားခြင်းများ ပြုလုပ်လာတဲ့အပေါ် ဖိအားပေးထိန်းချူပ်မှုတွေ ရှိနေတယ်လို့ ကိုယ်ပိုင်ကျောင်းပိုင်ရှင်များက ဆိုပါတယ်။

“ကိုယ်ပိုင်ကျောင်း အရေအတွက်က စစ်အာဏာသိမ်းပြီးတဲအခါမှာ ကျောင်းတက်တဲ့ အရေအတွက်ပိုများလာတယ်၊ အခုအစိုးရကျောင်းထားပြီးမှ၊ ထပ်ပြောင်းလာတာတွေလည်းရှိတယ်၊ ကျောင်းတိုင်းလိုလို လူပြည့်နေတာ၊ တမင်ဖိအားထပ်ပေးတာမျိူးပေါ့၊ အခုကသူတို့သတ်မှတ်ချက်အတိုင်း မလုပ်ရဲတဲ့သူမရှိပါဘူး” လို့ အမည်မဖော်လိုတဲ့ ကိုယ်ပိုင်ကျောင်းပိုင်ရှင် ဆရာတစ်ဦးကပြောပါတယ်။

ကိုယ်ပိုင်ကျောင်းတွေက အရည်အသွေးမီ၊ စံချိန်မီအောင် တည်ဆောက်ထားတဲ့အပြင် အသိပညာရှင်၊ အတတ်ပညာရှင်တွေကို ဖိတ်ကြားပြီး ဆရာ၊ ဆရာမတွေရဲ့ သင်ကြားရေးပိုင်းဆိုင်ရာ ကိုယ်ရည်ကိုယ်သွေး၊ ကျောင်းစီမံခန့်ခွဲတဲ့ အရည်အသွေးတွေကို မြှင့်တင်နေတယ်လို့ ဆက်ပြောပါတယ်။

ကိုယ်ပိုင်ကျောင်းတွေကို ပညာရေးဝန်ကြီးဌာနက စိစစ်လက်ခံ ဖွင့်ခွင့်ပေးတာ ဖြစ်ပြီး အရည်အသွေးနဲ့ သင်ကြားရေးပိုင်းဆိုင်ရာတွေကို သတ်မှတ်ချက်တွေနဲ့ ညီညွတ်တာ ရှိ၊ မရှိ စစ်ဆေးခြင်းကိုတော့ တစ်နှစ်ကို ပျှမ်းမျှ နှစ်ကြိမ်လောက်ဘဲ ပြုလုပ်ပေမယ့် ၊ အခုလိုကြားဖြတ်အမိန့်တွေကို လိုက်နာနေရတယ်လို့ ဆိုပါတယ်။

“ပထမက အစိုးရကျောင်းထားတာ၊ တစ်ခန်းမှာ ကလေးအယောက်တစ်ရာလောက် ရှိတယ်၊ လူဦးရေများပြီး၊ ကလေးကိုအနိုင့်ကျင့်တာတွေကြောင့်၊ လစဉ်ကြေးပေးရတာတွေကြောင့် အပြင်ကျောင်းထားလိုက်တာ၊ ကလေးတွေပညာရေးလည်း အများကြီးကောင်းလာတယ်၊ ငွေပေးရပေမယ့် ၊ စိတ်ချမ်းသာမှုရတယ်” လို့ သင်္ကန်းကျွန်းမြို့နယ်မှ ကလေးမိဘတစ်ဦးကဆိုပါတယ်။

စစ်ကောင်စီသည် ကိုယ်ပိုင်ကျောင်းများသာမက ပညာရေးနယ်ပယ်တခုလုံးရှိ ဆရာ၊ ဆရာမနဲ့ ကျောင်းသူကျောင်းသားများကိုပါ ယခင် စစ်အစိုးရခေတ်ကကဲ့သို့ပင် ကန့်သတ်၊ တင်းကျပ်မှုတွေလုပ်ဆောင်နေတယ်လို့ ပြင်ပ ဆရာ၊ဆရာမ များကပြောဆိုမှုတွေ ရှိပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ကိုယ်ပိုင်ကျောင်း အရေအတွက် ၁၂၀၀ ကျော် ရှိနေပြီး၊ ကျောင်းသားမိဘတွေ အနေနဲ့ အစိုးရကျောင်းတွေထက် ကိုယ်ပိုင်ကျောင်းတွေကို ပိုမိုရွေးချယ်လာကြတယ်လို့ ကိုယ်ပိုင်ကျောင်း အသိုင်း အဝန်းက သိရပါတယ်။

MK-006

#MeKongNews

#စစ်ကောင်စီ

#ကိုယ်ပိုင်ကျောင်း

#ခြိမ်းခြောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now