မြန်မာ့နွေဦး

လွိုင်ကော်မြို့အဝင်မှာ ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီယာဉ်တန်းက ရမ်းသန်းပစ်ခတ်လို့ ပြည်သူ ၃ ဦးသေဆုံး

မဲခေါင် 11 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၁ ကရင်နီ နယ်စပ်၊ မိုးဗြဲမြို့ကနေ လွိုင်ကော်မြို့ကို ဒီနေ့ ဇူလိုင်လ ၁၁ ရက်၊ မနက်က စစ်ကား ၁၅ စီးပါ စစ်ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဘက် ရမ်းသန်း ပစ်ခတ်တာကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၁

ကရင်နီ နယ်စပ်၊ မိုးဗြဲမြို့ကနေ လွိုင်ကော်မြို့ကို ဒီနေ့ ဇူလိုင်လ ၁၁ ရက်၊ မနက်က စစ်ကား ၁၅ စီးပါ စစ်ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဘက် ရမ်းသန်း ပစ်ခတ်တာကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

လွိုင်ကော်မြို့နယ်၊ ကုန်းသာရွာ မရောက်မီ တစ်နေရာမှာ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ အထိနာသွားတဲ့ စစ်တပ်က ရမ်းသန်း ပစ်ခတ်တာလို့ ဆိုပါတယ်။

“ ကုန်းသာရွာလည်း ရောက်တော့ ခွေး (စစ်ကောင်စီ) တွေက လမ်းမှာရှိတဲ့ ပြည်သူတွေကို ကားပေါ်က တွေ့သမျှ အကုန်ပစ်တာ။ အသက် ၁၇ နှစ်အရွယ် အမျိုးသား တစ်ဦး ထိမှန်ပြီး နေရာမှာတင် သေဆုံးသွားတယ်” လို့ သူကပြောပါတယ်။

ဒါ့အပြင် နွားလဝိုးကျေးရွာ ရောက်ချိန် ရွာထဲကို ပစ်ခတ်တာကြောင့် ပြည်သူ ၂ ဦး ထပ်မံ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိ စစ်ကောင်စီယာဉ်တန်း ၁၅ စီးအနက် ၈ စီးက နွားလဝိုးကျေးရွာ အနီးတဝိုက်ကို စစ်ဆေးနေပြီး ကျန် ၇ စီးကတော့ ထိခိုက်သေဆုံးတဲ့ စစ်သားတွေကိုတင်ပြီး လွိုင်ကော်မြို့ထဲ ဝင်သွားတယ်လို့ သိရပါတယ်။

လက်ရှိ အခြေအနေတွေကြောင့် လွိုင်ကော်-မိုးဗြဲ -ကယန်းသာယာ လမ်းပိုင်းကို ပြည်သူတွေ အနေနဲ့ ဖြတ်သန်းသွားလာတာ မပြုလုပ်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

ကရင်နီပြည်နယ်မှာ ထိခိုက်သေဆုံးမှုများနေတဲ့ စစ်ကောင်စီက ရခိုင်ပြည်နယ်က တပ်ရင်းတွေ၊ ရှမ်းအခြေစိုက် တပ်ရင်းတွေနဲ့ ပင်လောင်း-ဖယ်ခုံက တပ်ရင်း တစ်ချို့ကို လွိုင်ကော်မြို့သို့ ကားလမ်း၊ လေကြောင်းလိုင်းတွေနဲ့ ဆက်တိုက်ပို့ဆောင်နေပြီး လွိုင်ကော်မြို့ကနေ လိုအပ်တဲ့ နေရာတွေကို စစ်အင်အားဖြည့်တင်း နေတယ်လို့ လွိုင်ကော် PDF သတင်းရင်းမြစ်က ပြောပါတယ်။

CJ-004

#MekongNews

#လွိုင်ကော်

#PDF

#စစ်ယာဉ်တန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now