မြန်မာ့နွေဦး

လိုင်ဇာအနီးက စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်မှု ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ ပြင်းပြင်းထန်ထန် ရှုတ်ချ

မဲခေါင် 10 Oct - 2023
ကချင်ပြည်နယ်၊ လိုင်ဇာမြို့ အနီးက မုန်လိုင်ခက် စစ်ရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်တာဟာ လက်မခံနိုင်တဲ့ လုပ်ရပ်ဖြစ်လို့ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ-KSCC က ဒီကနေ့ ထုတ်ပြန် လိုက်ပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၁၀

ကချင်ပြည်နယ်၊ လိုင်ဇာမြို့ အနီးက မုန်လိုင်ခက် စစ်ရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်တာဟာ လက်မခံနိုင်တဲ့ လုပ်ရပ်ဖြစ်လို့ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ-KSCC က ဒီကနေ့ ထုတ်ပြန် လိုက်ပါတယ်။

စစ်ကောင်စီက မနေ့ ည ၁၁ နာရီ ဝန်းကျင်မှာ မုန်လိုင်ခက် စစ်ရှောင်စခန်းကို ဗုံးကြဲခဲ့လို့ အမျိုးသမီးနဲ့ ကလေး အပါအဝင် ပြည်သူ ၃၀ ဦး ထက်မနည်း သေဆုံးပြီး လူ ၅၀ ကျော် ဒါဏ်ရာ ရရှိခဲ့ပါတယ်။

အပြစ်မဲ့ မွေးကင်းစ ကလေးသူငယ်မှအစ သက်ကြီရွယ်အိုနဲ့ အမျိုးသမီးများ ခိုလှုံနေတဲ့ စစ်ဘေးရှောင် စခန်းကို လူမဆန်စွာ ဗုံးကြဲ သတ်ဖြတ်တာဟာ စစ်ကောင်စီက နိုင်ငံတကာ ဥပဒေများနဲ့ လူ့အခွင့်အရေး ပြဌာန်းချက် များကို ပြောင်ပြောင်တင်းတင်း ကျူးလွန် ချိုးဖေါက်နေတာလို့ KSCC က ပြောပါတယ်။

စစ်ကောင်စီရဲ့ အခုလုပ်ရပ်ဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီရရှိဖို့ ကြိုးပမ်းနေသူများ အတွက် လက်မခံနိုင်တဲ့ လုပ်ရပ်ဖြစ်လို့ KSCC အနေနဲ့ ပြင်းထန်စွာ ရှုတ်ချတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ အနေနဲ့ အပြစ်မဲ့ ပြည်သူများရဲ့ အသက်ကို အာဏာ တည်မြဲဖို့ သတ်ဖြတ်နေတဲ့ စစ်အာဏာရှင်များနဲ့ အာဏာရှင်ဟူသမျှ ကျရှုံးတဲ့ အထိ ပြည်သူလူထုနဲ့အတူ ဆုံးခန်းတိုင်အောင် တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။

မုန်လိုင်ခက် စစ်ရှောင်စခန်းမှ စစ်ဘေးရှောင် အမျိုးသမီးများနဲ့ ကလေးသူငယ်များ အပါအဝင် ပြည်သူလူထုရဲ့ အသက် ဆုံးရှုံးမှုများနဲ့ နစ်နာမှုများအတွက် ထပ်တူ ဝမ်းနည်း ကြေကွဲရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။

စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်အတွင်း စစ်ဘေးရှောင် ပြည်သူများ၊ ဆေးရုံ ဆေးခန်းများနဲ့ စာသင်ကျောင်းများကို လေကြောင်းနဲ့ အရှိန်တိုးမြှင့် တိုက်ခိုက်ပြီး ပြည်သူတွေရဲ့ လုံခြုံရေးကို နေ့စဉ် ခြိမ်းခြောက်ကာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ နိုင်ငံ အနှံ့အပြားမှာ ကျူးလွန်နေတာ တွေ့ရတယ်လို့ KSCC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

CJ-002

#MekongNews

#ကရင်နီပြည်နယ်_အတိုင်ပင်ခံကောင်စီ

#မုန်လိုင်ခက်_စစ်ရှောင်စခန်း

#ဗုံးကြဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now