မြန်မာ့နွေဦး

လားရှိုးမှာ ပိုက်ဆံမပေးသူတွေ တရုတ်နယ်စပ် ဝင်ရောက်ခွင့် လက်မှတ်ရဖို့ တန်းစီစောင့်ဆိုင်းနေရ

မဲခေါင် 10 Jul - 2023
မဲ‌ခေါင်၊ ဇူလိုင် ၁၀ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ နယ်စပ် ဝင်ပေါက်မှ တစ်ဆင့် တရုတ်နိုင်ငံဘက် ဝင်ရောက်ဖို့ ယာယီ နိုင်ငံကူး လက်မှတ် ပြုလုပ်ရာမှာ လူရာနဲ့ချီ တန်းစီနေရတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့ ဇူလိုင်လ ၁၀ ရက်မှာ ပြောပါတယ်။

မဲ‌ခေါင်၊ ဇူလိုင် ၁၀

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ နယ်စပ် ဝင်ပေါက်မှ တစ်ဆင့် တရုတ်နိုင်ငံဘက် ဝင်ရောက်ဖို့ ယာယီ နိုင်ငံကူး လက်မှတ် ပြုလုပ်ရာမှာ လူရာနဲ့ချီ တန်းစီနေရတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့ ဇူလိုင်လ ၁၀ ရက်မှာ ပြောပါတယ်။

ယာယီ နိုင်ငံကူး လက်မှတ်လုပ်ရာမှာ ပွဲစားကနေ တစ်ဆင့် ပိုက်ဆံပေး လုပ်တဲ့သူတွေကိုသာ ဦးစားပေး တာကြောင့် ပိုက်ဆံမပေးသူတွေ အခုလို တန်းစီနေရတာ ဖြစ်တယ်လို့ သူကရှင်းပြပါတယ်။

“ဂိတ်တိုင်းလိုလိုပါပဲ။ ပွဲစားတွေကြောင့်လည်း အခုလို ဖြစ်နေတာပါ။ လဝက ကကောင်တွေက ပွဲစားနဲ့ချိတ်ပြီး ပိုက်ဆံပေးတဲ့သူကို အရင်လုပ်ပေးတာ။ အဲ့တော့ သိပ်နားမလည်သူတွေ၊ ပွဲစားကို ပိုက်ဆံ မပေးတဲ့သူတွေကို ညှဉ်းနေတာပေါ့။ ကျွန်တော်တို့ လက်မှတ်လုပ်မယ်ဆို တိုကင် ယူရတယ်လေ။ ပွဲစားတွေက တိုကင် အရင်ဆုံး နံပါတ်တွေကိုရတယ်။ မြန်ချင်တဲ့သူ ပိုက်ဆံလာပေး။ ကျွန်တော် သိရသ‌လောက်တော့ မူရင်းကတော့ ၅,၀၀၀ လောက်ပဲ ပေးရတာ။ ပွဲစားနဲ့ ဆိုရင်တော့ တစ်သောင်းကနေ တစ်သောင်းခွဲကြားပေါ့။ နံပါတ်သေးတွေရမယ်။ မြန်မယ်။ အဲ့လိုတွေ ဖြစ်နေတာ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒီလိုတွေ ဖြစ်စဉ်တွေ ဖြစ်နေတာ လပိုင်းလောက်ကြာပြီဖြစ်ပြီး သတင်းတစ်ချို့မှာ ဒီအကြောင်းအရာတွေ တက်လာပေမဲ့ ထိရောက်မှုမရှိဘူးလို့ သူကဆက်ပြောပါတယ်။

ဒီကနေ့မှာလည်း လားရှိုးမြို့မှာ ယာယီနိုင်ငံကူး လက်မှတ်လုပ်ဖို့ တန်းစီနေသူ ရာနဲ့ချီပြီး စောင့်နေကြပေမဲ့ ပွဲစားက တစ်ဆင့် ပြုလုပ်သူတွေသာ အမြန်ရတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတွေနဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ် မြို့တွေမှာ ယာယီနိုင်ငံကူး လက်မှတ်တွေ ပြုလုပ်ခွင့် ပေးထားပြီး တရုတ်နဲ့ ထိုင်းနယ်စပ်မြို့တွေမှာ တစ်ပတ်ခန့် နေထိုင်လို့ ရတယ်လို့ လားရှိုးမြို့ခံ တစ်ဦးက ရှင်းပြပါတယ်။

ယခင်က ယာယီ နိုင်ငံကူး လက်မှတ်၊ ဒေသအခေါ် တံတားကူး လက်မှတ် ပြုလုပ်ဖို့ ကိုဗစ်ရောဂါ ကာကွယ်‌ဆေး ထိုးပြီးကြောင်း လက်မှတ် လိုအပ်ပေမဲ့ လက်ရှိ မှတ်ပုံတင်သာ လိုအပ်တယ်လို့ သိရပါတယ်။

MK-007

#MekongNews

#လားရှိုးမြို့

#နိုင်ငံကူးလက်မှတ်

#မှတ်ပုံတင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now