မြန်မာ့နွေဦး

ရှမ်းနဲ့ ကရင်နီ ဆက်သွယ်ထားတဲ့ လမ်းမကြီးတွေပေါ်မှာ ကားကြီးတွေ သွားလာခွင့် KNDF ပိတ်ပင်

မဲခေါင် 19 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၉ ရှမ်းပြည်နဲ့ ကရင်နီပြည်ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးတွေပေါ် စစ်ရေး အခြေအနေကြောင့် ကားကြီးများ သွားလာမှု မပြုကြဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့-KNDF တပ်ရင်း အမှတ် (၂ ) က သတိပေး ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၉

ရှမ်းပြည်နဲ့ ကရင်နီပြည်ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးတွေပေါ် စစ်ရေး အခြေအနေကြောင့် ကားကြီးများ သွားလာမှု မပြုကြဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့-KNDF တပ်ရင်း အမှတ် (၂ ) က သတိပေး ထုတ်ပြန်ပါတယ်။

ရှမ်းနဲ့ ကရင်နီကို ဆက်သွယ်ထားတဲ့ လွိုင်ကော် – ဆီဆိုင် လမ်းမကြီးနဲ့ လွိုင်ကော်-မိုးဗြဲ လမ်းမကြီးတွေပေါ်မှာ ဆယ်ဘီးကား၊ တွဲကား၊ ကုန်ကား၊ ဒန်ဘာကား၊ မိုးကာအုတ်ကားတွေ အနေနဲ့ ဇူလိုင်လ ၁၈ ရက်ကနေ ၂၈ ရက်နေ့အထိ လုံးဝ သွားလာမှု မပြုကြဖို့ KNDF ရဲ့ သတိပေးစာမှာ ဖော်ပြထားပါတယ်။

မဖြစ်မနေ သွားလာဖို့လိုတဲ့ ကားငယ်တွေ အနေနဲ့ကတော့ ကားမှန်တွေ ချပြီး သွားလာနိုင်တယ်လို့ KNDF ကဆိုပါတယ်။

အဲ့ဒီလမ်းမကြီး တစ်လျှောက်ပေါ်မှာ စစ်ကောင်စီတပ်ဟာ နည်းလမ်းပေါင်းစုံနဲ့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေတဲ့အတွက် အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်တာကြောင့် အခုလို သတိပေးချက် ထုတ်ပြန်ရတာဖြစ်ပြီး ကားကြီးတွေ ပြန်လည်သွားလာလို့ရမယ့်အချိန်ကို ပြန်အသိပေးမယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KNDF တပ်ရင်း (၂) အနေနဲ့ အခုလို ထုတ်ပြန်သတိပေးတာဟာ စစ်ကောင်စီက အဲ့ဒီလမ်းမကြီးတွေကနေ တစ်ဆင့် ကရင်နီပြည်ထဲကို အရပ်သားကုန်တင်ကားတွေ အသုံးပြုပြီး စစ်အင်အား ဖြည့်တင်းတာ စစ်ရေးလှုပ်ရှားတာတွေကြောင့်ဖြစ်တယ်လို့ ကရင်နီ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီက ရှမ်းပြည်နယ်ကနေ ကရင်နီထဲကို အင်အားဖြည့်တာ စစ်ရေးလှုပ်ရှားတာတွေကို လူထုကားတွေကို အသုံးပြုပြီးတော့ ဝင်လာတာတွေရှိတယ်။ ပြီးတော့ ရှမ်း-ကရင်နီနယ်စပ်က တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ နေရာတွေဖြစ်တော့ သွားလာနေကြတဲ့ သာမန်ပြည်သူလူထုတွေကို မထိခိုက်ရအောင် ထုတ်ပြန် အသိပေးတာဖြစ်တယ်” လို့ အဲ့ဒီ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နယ်မြေလုံခြုံရေးနဲ့ စစ်ရေးအခြေအနေအရ အများပြည်သူ အနေနဲ့ အခုထုတ်ပြန်ချက်ကို မဖြစ်မနေ လိုက်နာရန် လိုအပ်ပြီး လိုက်နာမှုမရှိပါက ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေကို KNDF တပ်ရင်း (၂) အနေနဲ့ တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

CJ-002

#MekongNews

#KNDF

#လွိုင်ကော်-မိုးဗြဲ

#ကရင်နီပြည်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now