မြန်မာ့နွေဦး

ရေးမြို့နယ်ကို စိုးမိုးနိုင်တော့မယ်လို့ ရေးဘီလူးတပ်ဖွဲ့ဆို

မဲခေါင် 13 Sep - 2023
မွန်ပြည်နယ်၊ ရေးမြို့နယ်ကို တော်လှန်ရေးတပ်ဖွဲ့များဘက်က စိုးမိုးနိုင်မယ့် အနေအထား ရောက်နေပြီလို့ ရေးဘီလူး တော်လှန်ရေးတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၁၃

မွန်ပြည်နယ်၊ ရေးမြို့နယ်ကို တော်လှန်ရေးတပ်ဖွဲ့များဘက်က စိုးမိုးနိုင်မယ့် အနေအထား ရောက်နေပြီလို့ ရေးဘီလူး တော်လှန်ရေးတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်က ရေးမြို့နယ်အတွင်း ကျေးလက်ဖွံ့ဖြိုးရေး ကွင်းဆင်း ဆောင်ရွက်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်များနဲ့ PDF ပူးပေါင်းကာ နယ်မြေစိုးမိုးထားတဲ့အပြင် မြို့ပြကို စိုးမိုးနိုင်စွမ်း ရှိနေပြီလို့ သူကဆိုပါတယ်။

“မွန်ပြည်နယ်ထဲမှာ ရေးမြို့နယ်ကို စစ်ကောင်စီဘက်က တအားတင်းကြပ်နေတဲ့ အခြေအနေရှိတယ်။ ဒါကို တိုင်းရင်းသား လက်နက်ကိုင်တွေ၊ PDF တွေနဲ့ ပူးပေါင်းပြီးတော့ နယ်မြေစိုးမိုးမှုတွေလည်း ရသလောက် ရထားတယ်။ နယ်မြေစိုးမိုးမှုတွေတင် မကဘူး မြို့ပြ စစ်ဆင်ရေးတွေကိုလည်း PDF တွေဘက်က ထိထိရောက်ရောက် လုပ်ဆောင်နိုင်စွမ်းရှိတယ်” လို့ ရေးဘီလူးတပ်ဖွဲ့ တာဝန်ခံက ဆက်ပြောပါတယ်။

ဒါ့အပြင် ရေးမြို့နယ်အတွင်း စစ်ကောင်စီကို ထိုးစစ်ဆင်နွှဲခဲ့တဲ့ ဒေါနစစ်ကြောင်းဟာ ကျေးရွာ ၆ ရွာက ပြည်သူ ၁၂၃ ဦးကို ကျန်းမာရေး စောင့်ရှောက် ကုသပေးခဲ့လို့ ဒေသခံ ပြည်သူတွေ ပျော်ရွှင်နေတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ စစ်ကြောင်း အနေနဲ့ နယ်မြေခံ မွန်တော်လှန်ရေး အဖွဲ့တွေနဲ့ ပူးပေါင်း စစ်ရေး ဖော်ဆောင်မှုတွေ လုပ်နေတဲ့အတွက် နယ်မြေခံတွေကတော့ ကျနော်တို့ကို အားပေးထောက်ခံမှု များတယ်” လို့ ဒေါနစစ်ကြောင်း တာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီ အနေနဲ့ ရေးမြို့နယ် အဝင်အထွက်ကို တင်းကြပ်စွာ စစ်ဆေးနေပေမယ့် စစ်မြေပြင်မှာ တော်လှန်ရေး တပ်ဖွဲ့တွေကို လုံးဝ မယှဉ်နိုင်ဘူးလို့ ရေးဘီလူးတပ်ဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

“PDF တွေက လခစားတွေ မဟုတ်ဘူးဗျ။ စစ်ခွေးတွေကတော့ လခစားပေါ့။ ဒီကောင်တွေက လခစားပြီး တိုက်နေရတဲ့ အခါကျတော့ ငွေတစ်ခုနဲ့ တိုက်နေရတဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ သတ္တိရှိလား ဆိုတော့ မရှိကြဘူး။ အထက်က ညွှန်ကြားချက်အရ ဒီကောင်တွေ အလုပ်လုပ်နေရတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့တွေရဲ့ စိတ်ဓာတ်တွေနဲ့တော့ လာယှဉ်လို့ မရဘူး။ PDF တွေရဲ့ စိတ်ဓာတ်တွေကတော့ ခိုင်မာတယ်။ ပြတ်သားတယ်။ ဗူးဆိုရင် ဖရုံ မသီးဘူးဗျ။ တစ်သွေးတစ်သံ တစ်မိန့်ပဲ” လို့ သူက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့ကလည်း ရေးမြို့နယ် အခြေစိုက် စစ်ကောင်စီ ခလရ (၆၁) တပ်ကို ဒေါန စစ်ကြောင်းက တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး တစ်ဦး အပါအ၀င် စစ်သား ၃ ဦးထက်မနည်း သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

CJ–005

#MekongNews

#မွန်ပြည်နယ်

#ဒေါနစစ်ကြောင်း

#ရေးဘီးလူး

#နယ်မြေစိုးမိုးမှု

#စစ်ဆင်ရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now