မဲခေါင်၊ ဇန်နဝါရီ ၂၀
ယင်းမာပင်မြို့နယ် မြောက်ခြမ်း စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်အင်အားစုက ဒီနေ့မှာ စစ်တပ်ကျရှုံးရေး အာရုဏ်ဦး သပိတ်ကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဆန္ဒပြ ပြည်သူတွေက “မြေပေါ်မြေအောက် အတူချီတက် ဘုံရန်သူကို အမြစ်ဖြတ်” ဆိုတဲ့ စာသားကို ကိုင်စွဲပြီး စစ်တပ်ကျရှုံးရေး ဟစ်ကြွေးမှုတွေနဲ့ ချီတက် ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြ ပြည်သူတွေဟာ နယ်မြေ မငြိမ်သက်မှုကြားထဲကနေ စစ်တပ်ကျရှုံးရေး ဆန္ဒပြ သပိတ်ကို နေ့စဉ် ပြုလုပ်နေတာလို့ သိရပါတယ်။
MK-003