မြန်မာ့နွေဦး

မူဆယ် တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၀ ဦးသေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိတယ်လို့ TNLA ထုတ်ပြန်

မဲခေါင် 4 Aug - 2023
မဲခေါင်၊ ဩဂုတ် ၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအုပ်စု၊ နားထမ်နဲ့ ဂေါရာရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်း ရရှိခဲ့တယ်လို့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA က ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဩဂုတ် ၄

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအုပ်စု၊ နားထမ်နဲ့ ဂေါရာရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်း ရရှိခဲ့တယ်လို့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA က ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၂ ရက်၊ မနက်ပိုင်းက စတင်ခဲ့တဲ့ တိုက်ပွဲဟာ ညနေပိုင်းအထိ ပြင်းထန်ခဲ့သလို ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က သေဆုံးမှုများပြီး ပြန်လည် ဆုတ်ခွာသွားကြောင်း ဆိုပါတယ်။

TNLA ရဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်က ၁၀ ဦးသေဆုံးကာ ၁၃ ဦး ဒဏ်ရာရခဲ့ပြီး လက်နက်ခဲယမ်းနဲ့ ကျည်တွေ၊ စစ်အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ပါတယ်။

သိမ်းဆည်း ရရှိတာတွေကတော့ RPG တစ်လက်၊ RPG-7 ဗုံးသီး ၂၀ လုံး၊ MA-1 တစ်လက်၊ AK-81 တစ်လက်၊ ၆၀ မမ ထောင့် တစ်ခု၊ ၈၁ မမ ထောင့် တစ်ခု၊ ၈၁ မမ ဗုံးသီး ၄၀ လုံး၊ စက်လတ် တစ်လက်၊ ကျည်ဆံ ၅၀၀၀ တောင့်၊ ဆက်သွယ်ရေးစက်ကြီး တစ်လုံးနဲ့ အခြား စစ်အသုံးအဆောင်များ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

TNLA နဲ့ စစ်ကောင်စီစစ်တပ်တို့ဟာ ဇူလိုင်လ ၂၃ ရက်ကနေ ဩဂုတ် ၂ ရက်အတွင်း တိုက်ပွဲ ၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၂၅ ဦးသေဆုံးကာ ၂၇ ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးကို အရှင်မိခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MK-005

#MeKongNews

#မူဆယ်

#TNLA

#RPG

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

ဟိုပန်မြို့က စစ်ကောင်စီအဆောက်အဦတွေကို လုပ်ငန်းရှင်တွေထံ UWSA ပြန်ငှား

ရှမ်းပြည်နယ်၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်က အစိုးရဌာနဆိုင်ရာ အဆောက်အဦးတွေကို UWSA (“ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်မဝောာ်) က လုပ်ငန်းရှင်‌တွေကို ငှားရမ်းပေးနေကြောင်း
မြန်မာ့နွေဦး

ပအိုဝ်းဒေသတွင်းတိုက်ပွဲက တင်ပါးဒဏ်ရာရနေတဲ့ ခရိုနီ နေဝင်းထွန်းကို PNA က ဒုစစ်ဦးစီးချုပ်အဖြစ်ခန့်အပ်

စစ်ကောင်စီ လက်အောက်ခံ PNO/PNA ပြည်သူ့စစ်ရဲ့ ဒုစစ်ဦးစီးချုပ်အဖြစ် ခရိုနီ နေဝင်းထွန်းကို ခန့်အပ်ခဲ့တယ်လို့ အထူးဒေသ(၆) ရဲ့ မေလ ၈

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

စစ်ကောင်စီက အကြမ်းဖက်မှုနဲ့ နိုပ်စက် ဖမ်းဆီးထောင်ချခဲ့တဲ့ ဖယ်ခုံဒေသခံတွေ ထောင်မှ ပြန်လွတ်လာ

၂၀၂၁ ခုနှစ် တိုက်ပွဲကာလအတွင်း နေအိမ်စောင့်နေတဲ့ ရွာသားတွေကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မတွေနဲ့ ဖမ်းဆီးနှိပ်စက် ထောင်ချခဲ့သူတွေကို မေလ ၁၀ ရက်နေ့က ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မဲလက်မှတ် လိမ်လည်ရောင်းတဲ့သူကို ကျည်ဆန်နဲ့ အမည်ပါစာရွက်ပေးပို့ပြီး SSF ကသတိပေး

အိမ်၊ ခြံ၊ မြေမဲဖေါက်ပေးမယ်ဆိုပြီး လိမ်လည်ပြီး မဲလက်မှတ်တွေ ရောင်းချတဲ့ စစ်ကောင်စီဒလန်ကို ရှမ်းတောင်အထူးတပ်ဖွဲ့(Southen Special Force-SSF) က သတိပေးစာထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဒီးမော့ဆိုမှာ ပညာရေးအခွင့်အလမ်းဆုံးရှုံးနေတဲ့ လူငယ်တွေအတွက် ကွန်ပျူတာသင်တန်း ဖွင့်လှစ်

ကယား (ကရင်နီပြည်) ဒီးမော့ဆိုမြို့နယ်မှာ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) နဲ့ The Present Team တို့ ပူးပေါင်းပြီး အခမဲ့ ကွန်ပျူတာသင်တန်းပေးနေတာမှာ ဒီနေ့ မေ ၁၀ ရက် နေ့မှာတော့ အပတ်စဉ် (၃)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်၊ ဖက်နမ်ရွာတိုက်ပွဲမှာ PNO ၂ ဦးသေ ၂ ဦးပြင်းထန်ဒဏ်ရာရ

ဆီဆိုင်မြို့နယ်အတွင်း မေ ၇ ရက်နေ့က PNLO နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ PNO ဘက်က ၂ ဦးသေ ၂ ဦး ပြင်းထန်ဒဏ်ရာတွေရတာရှိခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

စစ်ကောင်စီက ဆီဆိုင်မြို့ပေါ်က ကျောင်းတွေ ကို မဖြစ်မနေဖွင့်ရမယ်လို့ဆို

လာမယ့် ၂၀၂၄-၂၅ ပညာသင်နှစ်အတွက် ဆီဆိုင်မြို့နယ်အတွင်းက ကျောင်းတွေကို မဖြစ်မနေဖွင့်လှစ်ရမယ်လို့ ပြည်နယ်ပညာရေးမှူးရုံးကို စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဘောလခဲမှာ စစ်ကောင်စီရဲ့ ရိက္ခာတင်ကား မိုင်းနင်းမိပြီးပျက်စီး

ကရင်နီပြည်၊ ဘောလခဲမြို့ နယ်မှာ စစ်ကောင်စီရဲ့ ရိက္ခာတင်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ တယ်လို့ ကရင်နီတော်လှန်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now