မြန်မာ့နွေဦး

မိုးဗြဲ စစ်ဘေးရှောင်စခန်းမှာ သောက်သုံးရေနဲ့ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေ

မဲခေါင် 6 Jul - 2023
မဲခေါင်၊ ဇူလိုင် ၆ ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီနယ်စပ်မှာရှိတဲ့ မိုးဗြဲဒေသက စစ်ဘေးရှောင်စခန်း တစ်ခုမှာ သောက်သုံးရေနဲ့ စားနပ်ရိက္ခာ မလုံလောက်မှုတွေ ဖြစ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီနေတဲ့ Freelancevlounteermyanmar အဖွဲ့ ပြန်ကြားရေးတာဝန်ခံက မဲခေါင်သတင်းကို ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၆

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီနယ်စပ်မှာရှိတဲ့ မိုးဗြဲဒေသက စစ်ဘေးရှောင်စခန်း တစ်ခုမှာ သောက်သုံးရေနဲ့ စားနပ်ရိက္ခာ မလုံလောက်မှုတွေ ဖြစ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီနေတဲ့ Freelancevlounteermyanmar အဖွဲ့ ပြန်ကြားရေးတာဝန်ခံက မဲခေါင်သတင်းကို ပြောပါတယ်။

အဆိုပါ စခန်းမှာ စစ်ရှောင်ဦးရေ ၃၀၀ ဝန်းကျင်ခန့်ရှိနေပြီး တဲခေါင်မိုးတွေကနေ မိုးရေခံဖို့ ရေတလျှောက် လုပ်မရတာ၊ ခေါင်မိုးတွေ အဆင်မပြေတာနဲ့ မိုးသိပ်မရွာတာတွေကြောင့် ရေသိုလှောင်ဖို့ အခက်အခဲတွေ ရှိနေတာကြောင့် ရေကားတွေနဲ့ သယ်ယူ စုဆောင်းရတယ်လို့ FMV က ဆိုပါတယ်။

“အခုက မိုးရာသီ ဆိုတော့ ရေကရပေမယ့် လုံလောက်မှုတော့ မရှိသေးဘူးပေါ့နော်။ တခြား လိုအပ်ချက် ကတော့ စားနပ်ရိက္ခာရယ်၊ မိုးကာတွေရယ်ပေါ့။ အခု မိုးကာတွေက သုံးလာတာကြာတဲ့ အတွက် ယိုယွင်းမှုတွေ ရှိလာတာပေါ့။ အဲ့ဒါတွေ ပြန်ပြီးပြုပြင်ဖို့ လိုနေတယ်” လို့ FMV ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

FMV အနေနဲ့ ကရင်နီဒေသက စစ်ရှောင်စခန်းတွေကို သောက်သုံးရေ ဝေမျှပေးနေပြီး ရေကား တစ်စီးကို ၃၀,၀၀၀ ကျပ်ဝန်းကျင်ကနေ ၇၀,၀၀၀ ကျပ်ဝန်းကျင်အထိ ပေးဝယ်ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က ရိက္ခာလမ်းကြောင်း ပိတ်ဆို့တာတွေ၊ ကရင်နီပြည်နယ်တွင်း ဖြတ်လေးဖြတ် လုပ်ထားတာနဲ့ နေရာအနှံ့ တိုက်ပွဲဖြစ်လို့ လမ်းတွေ ပိတ်နေတာတွေကြောင့် အဆိုပါ စခန်း အပါအဝင် စစ်ရှောင်စခန်း အများစုမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါး ဝယ်ယူဖို့ အခက်အခဲတွေ ဖြစ်နေပါတယ်။

အဆိုပါ စခန်းက စစ်ရှောင်တွေထဲမှာ ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ အမျိုးသမီးနဲ့ ကိုယ်ဝန်ဆောင်တွေ အများစု ပါဝင်နေပြီး လက်ရှိ မိုးရာသီကာလမှာ အအေးမိ ဖျားနာတာနဲ့ သွေးလွန်တုပ်ကွေး ဖြစ်တာတွေအပြင် ကိုယ်ဝန်ဆောင် မိခင်တွေ အဟာရချို့တဲ့ နေတယ်လို့လည်း သိရပါတယ်။

ကရင်နီဒေသမှာ တိုက်ပွဲကာလ ကြာတာနဲ့အမျှ စစ်ရှောင်တွေကို ကူညီနေတဲ့ ပြည်တွင်း ပြည်ပ အလှူရှင်တွေရဲ့ ပါဝင်မှုတွေ တဖြည်းဖြည်း လျော့နည်းလာတယ်လို့ စစ်ရှောင် ကူညီသူတွေက ဆိုပါတယ်။

လက်ရှိအချိန်ထိ ကရင်နီနဲ့ ရှမ်းတောင်ပိုင် းနယ်စပ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်ဦးရေ ၂ သိန်းကျော် ရှိနေတယ်လို့ ဒေသတွင်း အရပ်ဖက် အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ပထမပတ်က စတင်ပြီး ဒီနေ့ ဇူလိုင် ၆ ရက်အတွင်း မိုးဗြဲမြို့နယ်မှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားကာ စစ်ရေးတင်းမာ နေတယ်လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

ဇွန်လ တစ်လတာ အတွင်း မိုးဗြဲမြို့တွင်းကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်စဉ် သတ်ဖြတ်ခဲ့တဲ့ ရုပ်အလောင်း တွေ့ရှိတဲ့ စာရင်းတွေအရ အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၃ ဦးနဲ့ အသက် ၁၀ နှစ်ဝန်းကျင် ကလေး တစ်ဦး ပါဝင်ခဲ့တယ်လို့ KNDF က ဇူလိုင် ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

MK-009

#MeKongNews

#မိုးဗြဲ

#စစ်ရှောင်စခန်း

#KNDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေ တောင်ပို့ကွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာစေတီ ထိမှန်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ့မြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို မနေ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာရဲ့ အနောက်ဘက်ရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင်တွေ မိုးရာသီမှာ ငှက်ဖျားကူးစက်မှုများလာနိုင်တယ်လို့ ဆို

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက မိုးရာသီကာလရောက်ရင် ငှက်ဖျားရောဂါကူးစက်မှုနှုန်း ပိုများလာနိုင်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖယ်ခုံ ညောင်ကုန်းရပ်ကွက်မှ အိမ်တစ်လုံးကို စစ်ကောင်စီဒရုန်း ဗုံးကြဲ

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ညောင်ကုန်း ၄ ရပ်ကွက်မှ အိမ်တစ်လုံးကို စစ်ကောင်စီက ဧပြီ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက ဒရုန်းနဲ့ဗုံးချခဲ့လို့ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ထားဝယ်မှာ တိုက်ပွဲပြင်းထန်နေလို့ နိုင်ငံသားတွေကို ကယ်တင်ရေး ထိုင်းစစ်သင်္ဘော ၄ စီး အသင့်ပြင်ထား

တနင်္သာရီတိုင်း ထားဝယ်လမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေလို့ ပိုဆိုး ဝါးလာရင် စစ်ဇုန်ထဲရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေကို ကယ်တင်ဖို့ ထိုင်းလေတပ်က စစ်သင်္ဘော ၄ စီးကို အန်ဒမန်ပင်လယ်ကမ်းရိုးတန်းမှာ အသင့် ချထားပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ လူစားထိုးစရိတ် သုံးသောင်းကျပ်ကောက်ခံပြီး စစ်မှုထမ်း ၃ ဦးကိုလည်း ခေါ်ယူ

ရှမ်းပြည်နယ် တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်မှာ တစ်နှစ်စာအတွက် စစ်မှုထမ်းလူစားထိုးစရိတ် ကို ဧပြီလ ၂၈ ရက်နေ့အပြီး တစ်အိမ် သုံးသောင်းကျပ် ကောက်ယူခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ် ၀ိန်းလုံရွာကို စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်ခတ်

မဲခေါင်၊ ဧပြီ ၃၀ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ၀ိန်းလုံကျေးရွာကို စစ်ကောင်စီက မနေ့ ဧပြီ ၂၉ မှာ လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရတယ်လို့ PNLA က ယနေ့ ဧပြီလ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now