မြန်မာ့နွေဦး

မယ်စဲ့မြို့နယ်ကို စစ်တပ်အင်အား ၅၀၀ ၀န်းကျင်နဲ့ ထိုးစစ်ဆင်လို့ စခန်း ၃ ခု လက်လွှတ်လိုက်ရ

မဲခေါင် 26 Jul - 2023
မဲခေါင်၊ ဇူလိုင် ၂၆ ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ကို စစ်ကောင်စီတပ် အင်အား ၅၀၀ ၀န်းကျင်နဲ့ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပြီး ကာကင်းစခန်း ၂ ခု နဲ့ ရွေ့လျားစခန်း တစ်ခုကို တော်လှန်ရေး အင်အားစုတွေ လက်လွှတ်ခဲ့ရတယ်လို့ ဖားဆောင်း PDF ပြန်ကြားရေး တာ၀န်ခံက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၆

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ကို စစ်ကောင်စီတပ် အင်အား ၅၀၀ ၀န်းကျင်နဲ့ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပြီး ကာကင်းစခန်း ၂ ခု နဲ့ ရွေ့လျားစခန်း တစ်ခုကို တော်လှန်ရေး အင်အားစုတွေ လက်လွှတ်ခဲ့ရတယ်လို့ ဖားဆောင်း PDF ပြန်ကြားရေး တာ၀န်ခံက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ဇွန်လ အစပိုင်းကစပြီး စစ်ကောင်စီက တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ မယ်စဲ့မြို့နယ်ကို အင်အား ၄၀၀ ခန့်နဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိ အင်အား ထပ်ဖြည့်ထားတာကြောင့် အင်အား ၅၀၀ ထက်မနည်း ရှိနေတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၁၉ ရက်ကစပြီး ပြည်သူတွေ မနေတော့တဲ့ ဖားဆောင်းမြို့နယ်၊ သံလွင် တံတား အနီးက ကျောက်ပဲညိုနဲ့ ၀မ်အောင်း (ရှမ်း)ရွာတွေမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်စီက အင်အား ၄၀၀ ၀န်းကျင်၊ လေကြောင်းပစ်ကူနဲ့ ၆၀ မမ၊ ၁၂၀ မမ အပါအ၀င် ဖျက်အားပြင်း လက်နက်ကြီးတွေ အလွန်အကျွံ သုံးကာ အပြင်းအထန် ထိုးစစ်ဆင်လာတာလို့ ဆိုပါတယ်။

ဒီလို အင်အားသုံး ထိုးစစ်ဆင်လာတာကြောင့် ဇူလိုင် ၂၁ ရက်နဲ့ ၂၂ ရက်တွေမှာ ပူးပေါင်းတပ်တွေဖြစ်တဲ့ ဖားဆောင်း PDF၊ ဘောလခဲ PDF၊ ကလလတ/KNPLF၊ ကရင်နီ တော်လှန်ရေး တပ်ပေါင်းစု-KRU၊ KNDF တပ်ရင်း (၂၀) တို့ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း မြေပြင် နဲ့ ဝေဟင် ပစ်ကူတွေကြောင့် တော်လှန်ရေး အင်အားစုတွေက မယ်စဲ့မြို့နယ် ကာကွယ်ရေး အတွက် ကာကင်းအဖြစ် ပြုလုပ်ထားတဲ့စခန်း ၂ ခုနဲ့ ရွာနားက ‌ရွေ့လျားစခန်း တစ်ခုကို ဇူလိုင်လ ၂၂ ရက်မှာ လက်လွှတ်ခဲ့ရတယ်လို့ ဖားဆောင်း PDF ပြန်ကြားရေး တာ၀န်ခံက ဆက်ပြောပါတယ်။

“ကာကင်း စခန်း ၂ ခုနဲ့ ရွာနားက ရွေ့လျားစခန်း တစ်ခုကိုတော့ ပြန်ဆုတ်ပေးလိုက်ရတယ်။ ကာကင်း စခန်းတွေနားထားတဲ့ ရွေ့လျားစခန်း တစ်ခုပါ။ အထိုင်စခန်းတော့ မဟုတ်ပါဘူး” လို့ သူကရှင်းပြပါတယ်။

ကျောက်ပဲညို နဲ့ ၀မ်အောင်းကျေးရွာ တွေဟာ မယ်စဲမြို့နဲ့ မိုင် ၃၀ ကွာ‌ဝေးတဲ့ နေရာမှာ ရှိတာဖြစ်ပြီး သံလွင် အရှေ့ခြမ်း ဒေသတွေဖြစ်တဲ့ ဖားဆောင်းမြို့ အရှေ့ခြမ်းနယ်မြေတွေ အတွက် ကာကင်း အဖြစ် ထားရှိတာလို့ ဆိုပါတယ်။

သံလွင်တံတားအနီး ကျေးရွာ ၂ ခုတိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ် ထိခိုက်ဒဏ်ရာရမှု ရှိနိုင်ပေမဲ့ အတည်ပြုလို့ မရသေးဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီဘက်ကလည်း အဆိုပါ တိုက်ပွဲအတွက် တရား၀င် ထုတ်ပြန် ပြောဆိုတာ မတွေ့ရသေးပါဘူး။

ကျောက်ပဲညိုနဲ့ ၀မ်းအောင်း(ရှမ်း)ကျေးရွာမှာတော့ စစ်ကောင်စီက အင်အားထပ်ဖြည့်ကာ အင်အား ၅၀၀ ၀န်းကျင်နဲ့ တပ်စွဲထားပြီး ကာကင်းကို အင်အား ၁၀၀ ခန့် ရှေ့ထုတ် ခြေကုပ်ယူထားတယ်လို့ ဆိုပါတယ်။

လက်ရှိ ကျောက်ပဲညိုနဲ့ ၀မ်အောင်း(ရှမ်း)ကျေးရွာ အလွန်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ပြီး နေ့စဥ် ပစ်ခတ်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။

“သူတို့ ဘက်က လက်နက်ကြီးနဲ့တော့ နေ့တိုင်း ပစ်နေတာပဲ။ ကျွန်တော်တို့ ဘက်ကလည်း ဒရုန်းနဲ့ ဗုံးသွားသွား ကြဲချနေတာ။ လောလောဆယ် တိုက်ပွဲကြီးရယ်တော့ မဖြစ်သေးဘူး” လို့ ဖားဆောင်း PDF တာ၀န်ခံက ဆိုပါတယ်။

ဇွန်လ ၁၃ ရက်ကစပြီး မယ်စဲ့မြို့နယ်မှာရှိတဲ့ စစ်ကောင်စီ ခြေကုပ်စခန်း ၆ ခုကို 4K တပ်ပေါင်းစုလို့ ခေါ်‌ကြတဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဆက်တိုက် သိမ်းပိုက်ခဲ့နိုင်တာ ဖြစ်ပါတယ်။

ဒေသအခေါ် 4K တပ်ပေါင်းစုဟာ KNLA၊ KNDF၊ KNPLF၊ KNPP စတဲ့ အင်အားကြီး တိုင်းရင်းသား တော်လှန်ရေး တပ်တွေ စုပေါင်း တိုက်ခိုက်ကြလို့ ဖြစ်တယ်လို့ ရဲဘော် တစ်ဦးက ရှင်းပြပါတယ်။

ဇွန်လ ၁၇ ရက်မှာတော့ ကနဦး သိမ်းပိုက်ထားတဲ့ စခန်း ၆ ခုထဲက ပန်တိန်းဒေသ အမှတ် (၁၀၀၅) စခန်းကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ကာ ရဟတ်ယာဥ်နဲ့ စစ်သားတွေ ပို့ဆောင် တိုက်ခိုက်တာကြောင့် အဆိုပါ စခန်းကို လက်လွှတ်ခဲ့ရပါတယ်။

ဇွန်လ တတိယပတ်ကစပြီး အမှတ်(၁၀၀၅) စခန်းကို ပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးစားနေပြီး စစ်ကောင်စီဘက်က တင်းခံနေတာကြောင့် တိုက်ပွဲတွေ လက်ရှိအချိန်ထိ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

ပန်းတိန်ဒေသ အမှတ်(၁၀၀၅) စခန်းဟာ ယခင်က စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် သွတ်သွင်း ခံထားရတဲ့ ကလလတ တပ်ရင်း (၁၀၀၅) ရဲ့စခန်းဖြစ်ပြီး ဇွန်လ ၁၃ ရက်က စစ်ကောင်စီကို တပ်ရင်း (၁၀၀၄) နဲ့အတူ ပြန်လည် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မယ်စဲ့မြို့နယ် တစ်ခုလုံးနီးပါကို တော်လှန်ရေး အင်အားစုတွေက စစ်ရေးအရ ထိန်းချုပ်ထားနိုင်ပြီး ပန်းတိန်ဒေသ တစ်ခုသာ စစ်ကောင်စီက တင်းခံနေတာကြောင့် ကျန်ရှိနေတာလို့ ဆိုပါတယ်။

ဒီလို တော်လှန်ရေး အင်အားစုတွေဘက်က မယ်စဲ့မြို့နယ် တစ်ခုလုံးနီးပါး ထိန်းချုပ်ထားနိုင်တယ် ဆိုပေမဲ့ စစ်ကောင်စီဘက်က အင်အားဆက်တိုက်ဖြည့်ပြီး ထိုးစစ်ဆင်နေတာကြောင့် ပြည်သူတွေ ပြန်နေထိုင်ဖို့ မသင့်သေးဘူးလို့ ပြောပါတယ်။

မယ်စဲ့မြို့နယ်ဟာ လူဦးရေ ၆,၀၀၀ ခန့်ရှိတဲ့ မြို့ငယ် ဖြစ်ပေမဲ့ ထိုင်းနိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေတာ၊ စစ်ဗျူဟာအရ အသာစီးရနိုင်တဲ့ နေရာဖြစ်နေတာကြောင့် စစ်ကောင်စီက ပြန်လည် ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် ကြိုးစားနေတာ ဖြစ်ပါတယ်။

MK-007

#MekongNews

#မယ်စဲ့မြို့နယ်

#ကာကင်းစခန်း

#ဖားဆောင်း_PDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now