မြန်မာ့နွေဦး

ဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်ကို စစ်ကောင်စီ တိုက်ခိုက်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေ

မဲခေါင် 2 Aug - 2023
မဲခေါင်၊ ဩဂုတ် ၂ ကရင်နီပြည်နယ်၊ ဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ဇူလိုင်လ ၂၁ ရက်ကတည်းက စစ်ကောင်စီက စစ်ကြောင်းထိုး တိုက်ခိုက်နေရာ ဒီကနေ့ အထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဖား‌ဆောင်း PDF နဲ့ နီးစပ်သူ တစ်ဦးက မဲခေါင်သတင်းဌာကို ပြောပါတယ်။

မဲခေါင်၊ ဩဂုတ် ၂

ကရင်နီပြည်နယ်၊ ဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ဇူလိုင်လ ၂၁ ရက်ကတည်းက စစ်ကောင်စီက စစ်ကြောင်းထိုး တိုက်ခိုက်နေရာ ဒီကနေ့ အထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဖား‌ဆောင်း PDF နဲ့ နီးစပ်သူ တစ်ဦးက မဲခေါင်သတင်းဌာကို ပြောပါတယ်။

ဇူလိုင်လ ၂၁ ရက်မှာ အင်အား ၄၀၀ ၀န်းကျင် အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် ဇူလိုင်လ ၂၂ ရက်က ဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်ရဲ့ ကာကင်းဖြစ်တဲ့ ကျောက်ပန်းညိုနဲ့ ၀မ်အောင်း(ရှမ်း) ကျေးရွာက စခန်း ၂ ခုနဲ့ ရွေ့လျား ခံစစ်စခန်း တစ်ခု တော်လှန်ရေး အင်အားစုတွေဘက်က လက်လွှတ်ခဲ့ရပါတယ်။

အဆိုပါ စခန်း ၃ ခုကို စစ်ကောင်စီ သိမ်းပိုက်လိုက်ပြီးနောက် အင်အား ၁၀၀ ခန့် ထပ်ဖြည့်ပြီး မယ်စဲ့မြို့နယ် ကျောက်စုကျေးရွာကို ထိန်းချုပ်ဖို့ ကြိုးစားလာလို့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာလို့ ဖားဆောင်း PDF နဲ့ နီးစပ်သူက ဆိုပါတယ်။

“ကျောက်ပန်းညိုနဲ့ ၀မ်အောင်း(ရှမ်း) ကျေးရွာတွေကို စကစ သိမ်းသွားပေမဲ့ တိုက်ပွဲက ခဏ ပြန်ငြိမ်သွားသေးတယ်။ ဒါကို သူတို့ (စစ်ကောင်စီ) က အင်အားထပ်ဖြည့်ပြီး ထပ်ထိုးလို့ တိုက်ပွဲတွေက ဆက်ဖြစ်သွားတာပေါ့” လို့ သူကရှင်းပြပါတယ်။

ကျောက်စုကျေးရွာကို စစ်ကောင်စီ အင်အား ၂၀၀ ၀န်းကျင်နဲ့ ထိုးစစ်ဆင်လာတာဖြစ်ပြီး တိုက်ပွဲအတွင်း လေကြောင်း ပစ်ကူတွေ အသုံးပြုကာ နယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က ၁၂၀ မမ လက်နက်ကြီးတွေ နေ့စဥ် ပစ်ခတ်နေသလို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေ ဘက်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တန်ပြန် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ကျောက်စုကျေးရွာဟာ ဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်ကြားက ကျေးရွာ ဖြစ်သလို သံလွင်မြစ်ကမ်းဘေးက စစ်တပ် အထိုင်ချ တပ်စွဲထားတဲ့ ကျောက်ပန်းညိုနဲ့ ၀မ်အောင်း(ရှမ်း)ကျေးရွာတို့နဲ့ နီးကပ်တဲ့ အနေအထားရှိတယ်လို့ မယ်စဲ့တော်လှန်ရေး အင်အားစုတွေနဲ့ နီးစပ်သူ တစ်ဦးက ရှင်းပြပါတယ်။

“‌ကျောက်စုက ဖားဆောင်းနဲ့တော့ ပိုနီးတယ်။ ကျောက်ပန်းညို၊ ၀မ်အောင်းတို့နဲ့ အ‌ရှေ့အနောက်ရွာပေါ့။ သူတို့က အရင်လို မယ်စဲ့ တစ်ခုလုံးကို ခြုံငုံသိမ်းချင်တဲ့ ပုံစံကနေ တစ်ရွာပြီး တစ်ရွာသိမ်းမဲ့ ပုံစံဖြစ်နေတယ်” လို့ သူက သုံးသပ်ပါတယ်။

လက်ရှိ စစ်ကောင်စီက မယ်စဲ့မြို့နယ်နဲ့ ဖားဆောင်းမြို့နယ်တွေမှာ တစ်ရွာချင်း အင်အားသုံး သိမ်းပိုက်ပြီး အထိုင်ချဖို့ ကြိုးစားတဲ့ စစ်ရေးလှုပ်ရှားမှု ပုံစံတွေ့ရတယ်လို့ ကရင်နီ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောဆိုပါတယ်။

ဒီကနေ့ ဩဂုတ်လ ၂ ရက်နေ့အထိ ဆက်လက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်း ၂ ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိပေမဲ့ စစ်ရေးအခြေအနေ တည်ငြိမ်မှသာ ထုတ်ပြန်ပေးမယ်လို့ ဖားဆောင်း PDF ပြန်ကြားရေးက ပြောပါတယ်။

အဆိုပါ တိုက်ပွဲ ဖြစ်ပွားရာ ဒေသတွေမှာ ပြည်သူတွေ နေထိုင်တာ မရှိတော့ဘူးလို့ သိရပါတယ်။

MK-007

#MekongNews

#ဖားဆောင်း_မယ်စဲ့

#ဒရုန်း

#PDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now