မြန်မာ့နွေဦး

ပင်လောင်းမှာ PNO ပြည်သူ့စစ် တိုက်နယ်ခေါင်းဆောင် နေအိမ်ကို PDF စီးနင်း၊ ပြည်သူ့စစ်ခေါင်းဆောင် သေဆုံး

မဲခေါင် 29 Aug - 2023
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ်းတုတ်ကျေးရွာမှာ နေထိုင်တဲ့ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ် တိုက်နယ် ခေါင်းဆောင် ဆိုသူကို မနေ့ညက ဝင်ရောက် ဖမ်းဆီးရာ ပြန်လည် ခုခံမှုကြောင့် ပစ်ခတ်မှုဖြစ်ပြီး သေဆုံးသွားတယ်လို့ ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

မဲခေါင်၊ ဩဂုတ် ၂၉

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ်းတုတ်ကျေးရွာမှာ နေထိုင်တဲ့ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ် တိုက်နယ် ခေါင်းဆောင် ဆိုသူကို မနေ့ညက ဝင်ရောက် ဖမ်းဆီးရာ ပြန်လည် ခုခံမှုကြောင့် ပစ်ခတ်မှုဖြစ်ပြီး သေဆုံးသွားတယ်လို့ ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဝင်ရောက် ဖမ်းဆီးစဉ် သေဆုံးသူ ပြည်သူ့စစ် ခေါင်းဆောင်ထံမှ ပစ္စတိုသေနတ် တစ်လက်၊ ၉ မမ ကျည်ဆံ၊ လက်ပစ်ဗုံးနဲ့ ယာဘ ဆေးပြားတွေ သိမ်းဆည်းရမိ ခဲ့တယ်လို့ သူကပြောပါတယ်။

“လူမျိုးရေးကြောင့် မဟုတ်ဘဲ စစ်ရေးပစ်မှတ်တစ်ခု အနေနဲ့ ရှင်းရတာပါ။ အသာတကြည် မခုခံရင်တော့ ခေါ်ယူ ထိန်းသိမ်းတဲ့ အဆင့်နဲ့ ပြီးသွားမှာပါ။ ပြောချင်တာက ပြည်သူကို ဒုက္ခပေးရင်၊ တော်လှန်ရေးကို ထိခိုက်စေရင် ပြည်သူ့အားနဲ့ အရိပ်လို လိုက်နေတဲ့လူတွေ အမြဲရှိနေတယ်။ ပြေးမလွတ်စေရဘူး” လို့ ဖယ်ခုံ PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

သေးဆုံးသွားတဲ့ PNO ပြည်သူ့စစ်ဟာ ပြည်သူလူထုကို အနိုင်ကျင့်တာ၊ ဒေသတွင်း ယာဘ ဆေးပြားတွေ ရောင်းချတာတွေကြောင့် ဖမ်းဆီး ထိန်းသိမ်းဖို့ သွားတာဖြစ်ပေမယ့် ရဲဘော်တွေကို ပြန်လည်ခုခံ ပစ်ခတ်လို့ ပစ်ခတ်မှုဖြစ်ပြီး သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သူကပြောပါတယ်။

“PNO အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး PNOကို လူသစ်စုပေးတာတွေ၊ လက်နက်ဝယ်ဖို့ လူထုထံ ငွေကောက်တာတွေ အပြင် PNOမှာ လက်နက်ကိုင်ရတာကို အခွင့်ကောင်းယူပြီး မူးယစ်ဆေး ရောင်းချတာ အပါအဝင် စကစ ဒေါက်တိုင် လုပ်ပြီး လူထုကို အနိုင်ကျင့်နေသူ ဖြစ်တယ်။ ဒါအပြင် ၂၀၂၂ က ဖယ်ခုံမြို့နယ်၊ လွယ်ပေါကျေးရွာအုပ်စု အတွင်း စစ်ကြောင်းထိုးစဥ် စစ်ကြောင်းထိုးပြီးနောက် ကျေးရွာပြည်သူပိုင် ယိုးဒယားကိုင်းရှည်ခေါ် ထွန်စက်ငယ်များကို အစီးရေ အမြောက်အများကို အယ်ဝေးတို့ အဖွဲ့က ကားကြီး ကားငယ်များဖြင့် တိုက်ယူ သယ်ဆောင်ခဲ့ပါတယ်” လို့ ဖယ်ခုံ PDF တာဝန်ရှိသူက ဆက်ပြောပါတယ်။

သူဟာ ပင်လောင်းမြို့နယ်တောင်ပိုင်း၊ PNO ပြည်သူ့စစ် တိုက်နယ် ခေါင်းဆောင် အဆင့်ရှိတဲ့ မောင်ဝင်း ဆိုသူရဲ့ တပည့် လက်ထောက် တစ်ဦးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

မောင်ဝင်း ဆိုသူရဲ့ နေအိမ်ကိုလည်း ဖယ်ခုံ PDF က ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့မှာ ဝင်ရောက်စီးနင်းခဲ့ရာ အစည်းအဝေးသွားနေတာကြောင့် လူကိုမဖမ်းမိဘဲ လက်နက်ခဲယမ်းတွေကိုသာ သိမ်းဆည်းရမိခဲ့ပါတယ်။

မနေ့ညက နမ်းတုတ်ရွာမှာရှိတဲ့ နေအိမ် စီးနင်းခံရချိန် ပစ်ခတ်မှုဖြစ်လို့ ပြည်သူ့စစ် ခေါင်းဆောင် သေဆုံးသွားတယ်လို့ ဒေသခံတွေက အတည်ပြုပါတယ်။

“ဘယ်အဖွဲ့က လုပ်သွားလဲတော့ မသိဘူးပေါ့နော်။ မနေ့ည ၈ နာရီအချိန်လောက်မှာ ဖြစ်သွားတာ။ သူက ပြောရရင် နာမည်တအားဆိုးတဲ့လူပဲ။ ဒေသတွင်းမှာလည်း စကစနဲ့ပေါင်းပြီး လောင်းကစားဝိုင်းတွေ ဖွင့်စားတယ်။ ပိုက်ဆံတွေ ကောက်တယ်။ လူထုကို အနိုင်ကျင့်တော့ ဝဋ်လည်တယ်လို့ ပြောရမှာပေါ့” လို့ ပင်လောင်းမြို့နယ် ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒီစွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး မဲခေါင်သတင်းဌာန အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။

ပစ်ခတ်မှုအတွင်း သေဆုံးသွားတဲ့ PNO ပြည်သူ့စစ်ရဲ့ ရုပ်အလောင်းကိုတော့ ဒီကနေ့ မနက်မှာ PNO ပြည်သူ့စစ်နဲ့ စစ်ကောင်စီအင်အား ၃၀ ခန့်က လာရောက် သယ်ယူသွားတယ်လို့ စုံစမ်းသိရှိရပါတယ်။

CJ-002

#MeKongNews

#ပင်လောင်းမြို့နယ်

#ဖယ်ခုံ_PDF

#PNO_ပြည်သူ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now