မြန်မာ့နွေဦး

နိုင်ငံခြားကို ထွက်ပြေးတိမ်းရှောင်ရင် နေအိမ်ဥစ္စာတွေ သိမ်းဆည်းမယ်လို့ RCSS ထုတ်ပြန်

မဲခေါင် 19 Feb - 2024
ရှမ်းပြည်အတွင်း နေထိုင်တဲ့ဒေသခံပြည်သူ မည်သူမဆို နိုင်ငံခြားကို မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်ပါက နေအိမ်ဥစ္စာတွေကိုသိမ်းဆည်းသွားမယ်လို့ ရှမ်းပြည် ပြန် လည်ထူထောင်ရေးကောင်စီ RCSS က ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်မှာထုတ်ပြန်လာပါတယ်။

မဲခေါင် ၊ ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်အတွင်း နေထိုင်တဲ့ဒေသခံပြည်သူ မည်သူမဆို နိုင်ငံခြားကို မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်ပါက နေအိမ်ဥစ္စာတွေကိုသိမ်းဆည်းသွားမယ်လို့ ရှမ်းပြည် ပြန် လည်ထူထောင်ရေးကောင်စီ RCSS က ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်မှာထုတ်ပြန်လာပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရဲ့ စစ်ရေးပဋိပက္ခ ကာလအတွင်း ရှမ်းပြည်အတွင်း နေထိုင်တဲ့ မည်သည့်တိုင်းရင်းသား လူမျိုးမဆို အသက် ၁၈ နှစ်က ၄၅ နှစ်အထိ ကျား၊ မ အားလုံး ရှမ်းပြည်အမျိုးသားရေး တာဝန် ထမ်းဆောင်နိုင်ရန်အတွက် စစ်မှုထမ်းမူဝါဒနဲ့ မြေယာမူဝါဒတွေကို RCSS/SSAက ရှမ်းဘာသာနဲ့ ဒီနေ့မှာ ထုတ်ပြန်တာပါ။

RCSS တပ်ဖွဲရဲ့ စစ်မှုထမ်းမူဝါဒထဲမှာ (၁) အသက် (၁၈) နှစ် ပြည့်လျှင် ၆ နှစ် စစ်မှုထမ်းရန် (၂) တက္ကသိုလ်အဆင့် ပြီးမြောက်သူများ သင်ကြားရေးနဲ့ ရုံးလုပ်ငန်း တာဝန်ထမ်းဆောင်ရန် (၃) စက်မှုလက်မှု ကျွမ်းကျင်သူတွေ၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်းနဲ့ ယာဉ်ထိန်းသိမ်းရေးတို့ လုပ်ဆောင်ရန် (၄) နည်းပညာကျွမ်းကျင်သူတွေအနေနဲ့ ဒရုန်းတပ်ဖွဲ့၊ IT နဲ့ Website ဆိုင်ရာ တာဝန်ထမ်းဆောင်ရန် (၅) နိုင်ငံရေး၊ စည်းရုံးရေးနှင့် မှတ်တမ်းထိန်းသိမ်းရေး ကျွမ်းကျင်သူတွေကတော့ သက်ဆိုင်ရာအလိုက် တာဝန်ထမ်းဆောင်ရန် စသဖြင့်ဖော်ပြ ပါရှိပါတယ်။

ထို့ပြင် နိုင်ငံ့ပြင်ပဖြစ်တဲ့ ထိုင်း၊ တရုတ်နဲ့ လာအို စတဲ့ နိုင်ငံခြားကိုရောက်ရှိနေသူတွေလည်း RCSS ဆီကို စစ်မှုထမ်းရန် စာရင်းပေးသွင်းကာ တာဝန်လာရောက် ထမ်းဆောင်ရမယ်လို့လဲ ဆိုထားပါတယ်။

RCSS က ပေးအပ်တဲ့တာဝန်တွေကို ရှောင်လွှဲပြီး မိသားစုလိုက် နိုင်ငံခြားကို ထွက်ပြေးတိမ်းရှောင်သူတွေရဲ့ နေအိမ်ဥစ္စာတွေ၊ ၃ နှစ်အထိ လုပ်ကိုင်ခြင်းမရှိတဲ့ တောင်ယာတွေကို
ကျေးရွာပိုင်အဖြစ် သိမ်းဆည်းမှာဖြစ်ပြီး အိမ်ခြံမြေ ရောင်းချခွင့်ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထံက ခွင့်ပြုချက် ရယူရန်လည်း RCSS တပ်ဖွဲ့၏ မြေယာမူဝါဒတွင် ဖော်ပြထားပါတယ်။

RCSSဟာ ယနေ့ချိန်ထိ NCA ကို ကိုင်စွဲထားပြီး စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ NSPNC နဲ့လည်း ပုံမှန်တွေ့ဆုံ ဆွေးနွေးလျက်ရှိနေတာဖြစ်သလို ဝမ်ဟိုင်းအခြေပြု SSPP/ SSA လိုပဲရှမ်းလက်နက်ကိုင်တပ် ၂ တပ်လုံးဟာခုချိန်ထိ စစ်အာဏာရှင်တိုက်ခိုက်ရေးမှာလက်ရှိပါဝင်လာခြင်း မရှိသေးပါဘူး။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေ တောင်ပို့ကွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာစေတီ ထိမှန်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ့မြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို မနေ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာရဲ့ အနောက်ဘက်ရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင်တွေ မိုးရာသီမှာ ငှက်ဖျားကူးစက်မှုများလာနိုင်တယ်လို့ ဆို

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက မိုးရာသီကာလရောက်ရင် ငှက်ဖျားရောဂါကူးစက်မှုနှုန်း ပိုများလာနိုင်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖယ်ခုံ ညောင်ကုန်းရပ်ကွက်မှ အိမ်တစ်လုံးကို စစ်ကောင်စီဒရုန်း ဗုံးကြဲ

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ညောင်ကုန်း ၄ ရပ်ကွက်မှ အိမ်တစ်လုံးကို စစ်ကောင်စီက ဧပြီ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက ဒရုန်းနဲ့ဗုံးချခဲ့လို့ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ထားဝယ်မှာ တိုက်ပွဲပြင်းထန်နေလို့ နိုင်ငံသားတွေကို ကယ်တင်ရေး ထိုင်းစစ်သင်္ဘော ၄ စီး အသင့်ပြင်ထား

တနင်္သာရီတိုင်း ထားဝယ်လမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေလို့ ပိုဆိုး ဝါးလာရင် စစ်ဇုန်ထဲရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေကို ကယ်တင်ဖို့ ထိုင်းလေတပ်က စစ်သင်္ဘော ၄ စီးကို အန်ဒမန်ပင်လယ်ကမ်းရိုးတန်းမှာ အသင့် ချထားပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ လူစားထိုးစရိတ် သုံးသောင်းကျပ်ကောက်ခံပြီး စစ်မှုထမ်း ၃ ဦးကိုလည်း ခေါ်ယူ

ရှမ်းပြည်နယ် တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်မှာ တစ်နှစ်စာအတွက် စစ်မှုထမ်းလူစားထိုးစရိတ် ကို ဧပြီလ ၂၈ ရက်နေ့အပြီး တစ်အိမ် သုံးသောင်းကျပ် ကောက်ယူခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ် ၀ိန်းလုံရွာကို စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်ခတ်

မဲခေါင်၊ ဧပြီ ၃၀ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ၀ိန်းလုံကျေးရွာကို စစ်ကောင်စီက မနေ့ ဧပြီ ၂၉ မှာ လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရတယ်လို့ PNLA က ယနေ့ ဧပြီလ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now