မြန်မာ့နွေဦး

ထိုင်းနယ်စပ် ဒေါနိုးကူ စစ်ရှောင်စခန်းက ဒုက္ခသည် ၅,၀၀၀ ဝန်းကျင် အရေးပေါ် အကူအညီတွေ လိုအပ်နေ

မဲခေါင် 14 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၄ ကရင်နီပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဒေါနိုးကူ စစ်ရှောင်စခန်းကို လေကြောင်း တိုက်ခိုက်မှုကြောင့် ထိုင်းဘက် ထွက်ပြေး တိမ်းရှောင်ခဲ့ရတဲ့ စစ်ရှောင် ၅,၀၀၀ ဝန်းကျင်ဟာ ထိုင်းနယ်စပ်မှာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင် ကူညီနေသူတွေထံက သိရပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၄

ကရင်နီပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဒေါနိုးကူ စစ်ရှောင်စခန်းကို လေကြောင်း တိုက်ခိုက်မှုကြောင့် ထိုင်းဘက် ထွက်ပြေး တိမ်းရှောင်ခဲ့ရတဲ့ စစ်ရှောင် ၅,၀၀၀ ဝန်းကျင်ဟာ ထိုင်းနယ်စပ်မှာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင် ကူညီနေသူတွေထံက သိရပါတယ်။

ဇူလိုင်လ ၁၃ ရက်၊ မနက် ၁ နာရီ ဝန်းကျင်မှာ စစ်ကောင်စီက ဒေါနိုးကူစခန်းကို အကြောင်းမဲ့ လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ကရင်နီဘက်ခြမ်း နယ်စပ်မှာရှိတဲ့ ဒေါနိုးကူ စခန်းက စစ်ရှောင်တွေဟာ တစ် နာရီခွဲ ဝန်းကျင် လမ်းလျှောက်ရတဲ့ ထိုင်းဘက်ခြမ်း နယ်စပ်က ကရင်နီ အမှတ် (၁) ဒုက္ခသည်စခန်းကို ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

“အဲဒီညချိန်မှာပဲ စစ်ရှောင်တွေက ထိုင်းဖက်မှာရှိတဲ့ ဒုက္ခသည်စခန်းကို ပြေးဆင်းလာကြပါတယ်။ ဒေါနိုးကူမှာ ကျန်ခဲ့တာ ဆိုလို့ လူငယ်ပိုင်း နည်းနည်းပဲ ကျန်ပါတယ်။ ၁၀ ပုံမှာ ၉ ပုံလောက်က ပြေးဆင်းလာပါတယ်။ လတ်တလော စားရေးသောက်ရေးတွေ လိုအပ်ပါတယ်။ ယာယီ ခိုလှုံဖို့ အမိုးအကာတွေလည်း လိုအပ်နေပါ သေးတယ်” လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ Karenni Civil Society Network – KCSN ပြန်ကြားရေး တာဝန်ရှိသူက မဲခေါင်သတင်းဌာနကို ပြောပြပါတယ်။

လက်ရှိအချိန်မှာတော့ နယ်စပ်က စစ်ရှောင်တွေရဲ့ စားဝတ်နေရေးနဲ့ အရေးပေ ါ်အကူအညီတွေကို ထိုင်း-ကရင်နီ နယ်စပ် အခြေပြု အဖွဲ့အစည်းတွေက အဓိက ကူညီပေးနေတာဖြစ်ပြီး ရေရှည်မှာ ပြင်ပ နိုင်ငံတကာ အဖွဲ့တွေရဲ့ အကူအညီ လိုအပ်လာနိုင်တယ်လို့ KSCN က ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်မှာ ဒုက္ခသည်စခန်း ၉ ခုရှိနေပြီး ၇ ခုက ကရင်ဒုက္ခသည်စခန်း ဖြစ်ကာ ကျန် ၂ ခုကတော့ ကရင်နီဒုက္ခသည်စခန်း ဖြစ်တယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ် ဖားဆောင်း၊ ဘောလခဲ၊ ရှားတောစတဲ့ မြို့နယ်တွေက စစ်ရှောင် အများစုဟာ ထိုင်းနယ်စပ်က စစ်ရှောင်စခန်းတွေ အပါအဝင် နယ်စပ်မှာရှိတဲ့ တောတောင်တွေထဲ သွားရောက် နေထိုင်ကြတယ်လို့ စစ်ရှောင် ကူညီသူတွေက ပြောပြကြပါတယ်။

“ထိုင်းအစိုးရက ဒုက္ခသည်လက်ခံရေးမူ မရှိတာကြောင့် လက်မခံချင်ပါဘူး။ ခုလိုမျိုး အခြေအနေအရသာ မတတ်သာလို့ ယာယီခိုလှုံခွင့် ပေးထားပါတယ်။ အခြေအနေ တည်ငြိမ်ရင် သူတို့နေရင်း စခန်းဆီ ပြန်ခိုင်းမှာပါ” လို့ KCSN တာဝန်ရှိသူက ဆက်ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကစပြီး မယ်စဲ့၊ ဖားဆောင်း၊ ရှားတော အပါအဝင် ကရင်နီတွင်းက စစ်ရှောင်စခန်းနေရာတွေကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်နေတာကြောင့် ဒေသခံတွေ အနေနဲ့ ပြည်နယ်တွင်း ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရတဲ့အပြင် အခုလို ထိုင်းနိုင်ငံထဲ အထိ ထောင်နဲ့ချီ ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ ၂ နှစ်ကျော်ကာလမှာ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ ဘောလခဲ၊ မယ်စဲ့ စတဲ့မြို့နယ် အပါအဝင် မိုးဗြဲ၊ ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လျက်ရှိရာ တစ်ပြည်နယ်လုံးမှာ စစ်ရှောင် ၃ သိန်း ဝန်းကျင်ထိရှိလာပြီလို့ ကရင်နီ အရပ်ဖက် အဖွဲ့အစည်းတွေထံက သိရပါတယ်။

MK-009

#MekongNews

#ထိုင်းနယ်စပ်

#ဒေါနိုးကူ

#ဒုက္ခသည်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ လုပ်ထားတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now