မြန်မာ့နွေဦး

တောင်ကြီးမှာ နိုင်ငံကူးလက်မှတ် ကျပ် ၇ သိန်းကျော်ပေးရ

မဲခေါင် 6 Jul - 2023
မဲခေါင်၊ ဇူလိုင် ၆ ရှမ်းပြည်နယ်ရဲ့ မြို့တော်၊ တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်မှာရှိတဲ့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ ရုံးခွဲမှာ နိုင်ငံကူး လက်မှတ်-Passport ပြုလုပ်သူတွေ ပွဲစားတွေက တစ်ဆင့် လုပ်နေရပြီး ကျပ် ၇ သိန်းကျော် ကုန်ကျနေတယ်လို့ ကိုယ်တိုင် ပြုလုပ်ခဲ့သူတွေက ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၆

ရှမ်းပြည်နယ်ရဲ့ မြို့တော်၊ တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်မှာရှိတဲ့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ ရုံးခွဲမှာ နိုင်ငံကူး လက်မှတ်-Passport ပြုလုပ်သူတွေ ပွဲစားတွေက တစ်ဆင့် လုပ်နေရပြီး ကျပ် ၇ သိန်းကျော် ကုန်ကျနေတယ်လို့ ကိုယ်တိုင် ပြုလုပ်ခဲ့သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လက ပွဲစားနဲ့ ပြုလုပ်သူတွေဟာ စာအုပ်တစ်အုပ်ကို ငွေကျပ် ၂ သိန်းခွဲကနေ ၃ သိန်းအထိသာ ကုန်ကျပေမယ့် အခု ဇူလိုင်လကစပြီး ပွဲစားတွေဘက်က ဈေးပိုတောင်းလာတာလို့ ဆိုပါတယ်။

“အရင်ကဆို အဲလောက် မပေးရဘူးလေ။ အခုက တစ်ဝက်ကျော်ကို ဈေးတက်လာတာ။ ပွဲစားတွေက တစ်ယောက် ဈေးတက်ရင် ကျန်တဲ့ လူတွေလည်း အကုန် လိုက်တက်တာပဲ။ သူတို့နဲ့ မလုပ်လို့မှ အဆင်မပြေတာ” လို့ မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ စာအုပ်လုပ်နေသူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ရန်ကုန်ရုံးမှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ကစပြီး ကြိုတင်တိုကင် စနစ်ကို ရပ်ခဲ့ပြီးနောက် ကျန်မြို့ကြီးတွေမှာ နိုင်ငံကူးလက်မှတ် ပြုလုပ်ရာမှာ နှေ့နှေးကြန့်ကြာမှုတွေ ရှိလာတာပါ။

အခုလို နှေ့နှေးကြန့်ကြာမှုတွေကြောင့် တောင်ကြီးမြို့မှာ ပွဲစားတွေကိုသာ အားကိုးနေရပြီး ရုံးဝန်ထမ်းတွေက ပွဲစားတွေနဲ့ ပေါင်းရိုက်နေတယ်လို့ ထိုင်းနိုင်ကို သွားရောက်ဖို့ စောင့်ဆိုင်းနေသူ တစ်ဦးက ပြောပါတယ်။

“ပွဲစားနဲ့ မလုပ်လို့ကို မရဘူး။ ဒီတိုင်း သွားလုပ်မယ်ဆို အနည်းဆုံး ၃ လစောင့်ရမယ်။ ဒါတောင် အနည်းဆုံးနဲ့ တွက်ပြထားတာနော်။ ရှေ့မှာ တိုကင်တွေက သောင်းချီတယ်။ အရေးပေါ် မလိုရင်တော့ ရတာပေါ့။ MOU နဲ့ သွားတဲ့ လူတွေကျတော့ ဟိုဘက် သူဌေးက ခေါ်နေပြီး ဒီဘက်က စာအုပ်မရသေးဘူး ဆိုလည်း မဟုတ်သေးဘူးလေ။ ဝန်ထမ်းတွေကလည်း ပွဲစားတွေဆို ချက်ချင်း လုပ်ပေးတာပဲ။ ကျနော့်ရှေ့မှာ ပိုက်ဆံ ပေါ်တင်ပေးတာတွေတောင် တွေ့နေတယ်” လို့ သူကပြောပါတယ်။

နိုင်ငံကူး လက်မှတ် ပြုလုပ်ရာမှာ ပွဲစားတွေကို ကျပ် ၇ သိန်းပေးပြီး လုပ်ခိုင်းပါက တစ်ပတ်အတွင်း စာအုပ် အမြန်ရတဲ့အပြင် တစ်ခြား ကိုယ်တတ်နိုင်တဲ့ ငွေပမာဏကိုလည်း ညှိနှိုင်းလို့ရပြီး ငွေကျပ် ၃ သိန်း ဆိုပါက ၆ လစောင့် လုပ်လို့ ရတယ်လို့ သူက ဆက်ပြောပါတယ်။

တောင်ကြီး ရုံးခွဲမှာ နိုင်ငံကူး လက်မှတ် တစ်ရက်ကို လူ ၁၀၀ သာ လုပ်ပေးပြီး တစ်ရက်တည်းနဲ့ လုပ်ငန်းစဉ် မပြီးပြတ်တာကြောင့် တစ်ခြားနယ်က လာလုပ်သူတွေဟာ ပွဲစားကိုသာ အားကိုးနေရတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာတော့ နိုင်ငံကူးလက်မှတ် ပြုလုပ်သူ တစ်ရက်ကို အယောက် ၂,၅၀၀ ရှိပြီး အားလုံးနီးပါး ပွဲစားတွေကိုသာ အားကိုးနေရတယ်လို့ ကိုယ်တိုင် ပြုလုပ်ခဲ့သူတွေက ပြောပါတယ်။

CJ-007

#MeKongNews

#တောင်ကြီး

#နိုင်ငံကူးလက်မှတ်

#ပွဲစား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now