မဲခေါင်၊ ဧပြီ ၁၄
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ရင်း – ၂ (၁၀၀၆ တပ်ရင်း) က စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ်နဲ့ မြေပြင်တိုက်ပွဲများပြင်းထန်နေတဲ့ကြားက စစ်သင်တန်းဆင်းပွဲကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီသင်တန်းဆင်းပွဲကို ညီနောင်မဟာမိတ်တပ်ရင်းများလည်း တက်ရောက်ခဲ့ကြသလို အခြားတော်လှန်ရေးအဖွဲ့များက သဝဏ်လွှာများ ပေးပို့ပေးခဲ့ကြတယ်လို့ သိရပါတယ်။
တပ်ရင်းမှာ ရဲဘော်အင်အားတိုးလာတာနဲ့အမျှ ယူနီဖောင်း၊ ရိက္ခာ လိုအပ်ချက်များရှိလာတာကြောင့် ပြည်သူများဝိုင်းဝန်းကူညီနိုင်တယ်လို့ အကူညီတောင်းခံထားပါတယ်။