မြန်မာ့နွေဦး

တရုတ်ပြည်သို့ ဖရဲ၊ သခွားမွှေးတင်ပို့မှု ကုမ္ပဏီတစ်ခုတည်းက ချုပ်ကိုင်လာ

မဲခေါင် 20 Jan - 2024
မြန်မာပြည်တွင်း က သခွားမွှေး၊ ဖရဲသီး တင်ပို့မှုကို အရင်ကလို လွတ်လပ်စွာရောင်းဝယ်မှုအစား ကုမ္ပဏီတစ်ခုထဲက ချုပ်ကိုင်လာနေတယ်လို့ မိုင်းလားသစ်သီးတင်ပို့နေတဲ့သူတွေထံက သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၀

မြန်မာပြည်တွင်း က သခွားမွှေး၊ ဖရဲသီး တင်ပို့မှုကို အရင်ကလို လွတ်လပ်စွာရောင်းဝယ်မှုအစား ကုမ္ပဏီတစ်ခုထဲက ချုပ်ကိုင်လာနေတယ်လို့ မိုင်းလားသစ်သီးတင်ပို့နေတဲ့သူတွေထံက သိရပါတယ်။

မြန်မာက တရုတ်နိုင်ငံအတွင်း သခွားဖရဲတင်ပို့မှုကို မိုင်းလားဂျန်းရှင်းသွင်းကုန်၊ ပို့ကုန်ကုမ္ပဏီက ဇန်နဝါရီ ၁၉ ရက်မှာ သစ်သီးကုန်သည်များထံ သတိပေးကြော်ငြာချက်ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။

အဲ့ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး သစ်သီးတင်ပို့ရောင်းချတဲ့သူတစ်ဦးက “အရင်က ကိုယ့်လူနဲ့ကိုယ် ချိတ်ဆက်ရောင်းရတော့ နှစ်ဖက်အဆင်ပြေတဲ့ ညှိနှိုင်းဈေးနဲ့ ရောင်းရတာပေါ့၊ ခုတော့ ကုမ္ပဏီတစ်ခုထဲက ချုပ်ကိုင်တာဆိုတော့၊ အဆင်ပြေချင်မှ ပြေတော့မယ်၊ မူဆယ်ဖက်လို ကုန်စည်ဒိုင်မဟုတ်ဘူးလေ၊ ကုန်စည်ဒိုင်က ကုန်သည်တွေပါဝင်ပြီး ဖွဲ့ထားတာ၊ ခုက ကုမ္ပဏီတစ်ခုတည်းသဘောလေ” လို့ ပြောပါတယ်။

ထုတ်ပြန်စာတွင် (မြန်မာ၊ ကျိုင်းတုန်၊ မိုင်းလား -တရုတ်နိုင်ငံ သစ်သီးတင်ပို့ရန် ဆိုက်ခင်းဓာတ်ပုံ၊ ကားအချက်အလက်များ၊ ဝန်ဆောင်မှုများ၊ ကုမ္ပဏီတစ်ခုတည်း ထိမ်းချုပ်ဆောင်ရွက်သွားမည်) လို့ ဖော်ပြပါရှိသလို လုပ်ငန်းစဉ်များအားလုံး လျှင်မြန်ရန်နဲ့ ဈေးကောင်းရရန်ရည်ရွယ်ကြောင်း၊ ကြိုတင်စရံစနစ် ကျင့်သုံးမည်ဖြစ်ပြီး စိုက်ငွေ လုံးဝလက်မခံကြောင်း၊ ဝန်ထမ်းနဲ့အသုံးစရိတ်ကို ကိုယ့်စရိတ်နဲ့ကိုယ် ကျခံရန်ဖြစ်ကြောင်း၊ ကောက်ခံနှုန်းထားအနေနဲ့ ဖရဲသီး ၁၂ ဘီး တစ်စီးကို ၃၅၀၀ ယွမ် နဲ့ သခွား ၁၂ ဘီး တစ်စီးကို ၃၉၀၀ ယွမ်တို့ဖြစ်တယ်လို့ ပါရှိပါတယ်။

ထုတ်ပြန်ချက်အရ သစ်သီးကုန်သည်တစ်ဦးချင်း အနေနဲ့ လွတ်လပ်စွာ ရောင်းချခွင့်မရှိတော့တဲ့အပြင် ဝန်ဆောင်ခ ပိုမိုကုန်ကျလာတဲ့အပြင် လက်သင့်ရာစားတော်ခေါ်သည့် လုပ်ရပ်များ ပိုမိုဖြစ်ပေါ်လာမယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ကုန်သည်တစ်ဦးက “တာဝန်ရှိလူကြီးမင်းများ သိပါစေ၊ ဒီကိစ္စ မတရား အနိုင်ကျင့်ကြတာပါ၊ မြန်မာဖရဲသခွားမွှေးတောင်သူတို့အ‌ပေါ် ဂုတ်သွေးစုတ်အမြတ်ထုတ်ချင်ကြသူများ အရေးယူဆောင်ရွက်ပေးကြပါခင်ဗျား” လို့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

အလှည့်ကျတန်းစီစနစ်နဲ့ ရောင်းချလျက်ရှိတာကို တာဝန်ရှိသူတစ်ဦးက ကားတစ်စီးကို ၅၀၀ ယွမ်ဖြင့် ကျော်တက်ခွင့်ပေးပြီး လုပ်စားနေတယ်လို့ အမည်မဖော်လိုသူ ကားသမားတစ်ယောက်ထံက သိရပါတယ်။

“ရက်ကြာလာရင် ကုန်စီမ်းသီးနှံဖြစ်လို့ များစွာနစ်နာနိုင်ပါတယ်၊ တာဝန်ရှိလူကြီးမင်းတွေ အရေးယူဆောင်ရွက်နိုင်ဖို့ပါ၊ ဖရဲက အမြတ်နဲတောင် ကားခရတော့ တော်သေးတယ်၊ ဒါပေမဲ့ ရက်ကကြာ၊ အသီးတွေပျက်စီးရင် အရှုံးကြီးပါတယ်” လို့ ပြောပါတယ်

သစ်သီးကားများအနေနဲ့ တစ်ရက်လျှင် ပုံမှန် ကားစီးရေ ၂၀၀ ကျော်ရှိနေကြောင်းနဲ့အလှည့်ရောက်ရန် စောင့်ဆိုင်းရသည်မှာ ၂ ရက်မှ ၅ ရက်အထိကြာမြင့်တယ်လို့ သိရပါတယ်။

သစ်သီးတင်ပို့တဲ့စရိတ်တွေအနေနဲ့ ရန်ကုန်ဖက် ဒိုက်ဦး-မန္တလေး-ကျိုင်းတုံ-မိုင်းလား ကားခ ကျပ်သိန်း ၇၀ (၁၂ ဘီး) ကျိုင်းတုံမှာ ပို့ကုန် ဂျူတီဆောင်၊ ပိုးမွှားကင်းကြောင်း ထောက်ခံချက်ယူ၊ Form E အချက်အလက်ဆောင်ရွက်ခ ၉၉၀၀၀၀ မိုင်းလားအထူးဒေသ ၄ ရဲ့ ကုန်သွယ်ရေးသတ်မှတ်ချက်အတိုင်း အခွန်ပေးဆောင်ရပါတယ်။

တရုတ်နိုင်ငံဖက်ခြမ်း တာလော့မှာ သွင်းကုန် ဂျူတီ(တစ်ဝက်လျော့ထား) ကားဝင်ခွင့်လက်မှတ်၊ အစားထိုး ယာဉ်မောင်းခ၊ ရောင်းကွင်းအထွေထွေကြေး၊ ယာဉ်ရပ်နားခတွေအတွက် ကျပ် ၃၅ သိန်းဝန်းကျင်ခန့် ယွမ်ငွေပေး၊ ကားခ ၇ သိန်း၊ ကျိုင်းတုံ ၁၀ သိန်းခန့်၊ မိုင်းလား ၁၂ သိန်းဝန်းကျင်၊ တာလော့ ၃၅ သိန်းခန့် စုစုပေါင်း ကုန်ကျငွေ ၁၂၇ သိန်းခန့် သခွားမွှေးက အခွန် ကျပ် ၁၀ သိန်းခန့် ပိုကုန်၊ ယွမ်ငွေနဲ့ပေးဆောင်ရတာဖြစ်လို့ ငွေဈေးအတက်အကျအပေါ် ကုန်ကုန်စရိတ်ကွာခြားနိုင်တယ်လို့ သိရပါတယ်။

အာဏာသိမ်းကာလ မတိုင်ခင်က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ကို သစ်သီးကုန်သည်တွေ ပုံမှန်တင်ပို့နိုင်ခဲ့ပြီး ကျင်စန်းကျော့ဂိတ်ကတဆင့် တရုတ်ပြည်ထဲ တင်ပို့နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့လက ကျင်စန်းကျော့ ဂိတ်ဝင်းထဲ ရပ်ထားတဲ့ ကားအစီး ၂၀၀ ကျော် မီးလောင်ခဲ့သလို လက်ရှိရှမ်းပြည်နယ်မြောက်ပိုင်း အခြေအနေကြောင့် ကျိုင်းတုံ-မိုင်းလားကနေ တရုတ်နိုင်ငံ နယ်စပ်ဂိတ် Daluo ကတဆင့် တင်ပို့ရောင်းချနေရတာ ဖြစ်ပါတယ်။

MK – 012

#MeKongNews

#ကုန်သည်

#မိုင်းလား

#တရုတ်

#သခွား

#ဖရဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now