မြန်မာ့နွေဦး

စစ်ခေါင်းဆောင်က တြိဂံဒေသတိုင်းမှူးကို ရာထူးတိုးပေးပြီး ရဲချုပ်ခန့်

မဲခေါင် 22 Jul - 2023
မဲခေါင်၊ ဇူလိုင် ၂၂ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ အခြေစိုက်တဲ့ တြိဂံဒေသတိုင်း စစ်ဌာနချုပ်ရဲ့ တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် ကို ရဲချုပ်တာဝန်ထမ်းဆောင်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ ဇူလိုင် ၂၁ ရက်မှာ ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၂

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ အခြေစိုက်တဲ့ တြိဂံဒေသတိုင်း စစ်ဌာနချုပ်ရဲ့ တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် ကို ရဲချုပ်တာဝန်ထမ်းဆောင်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ ဇူလိုင် ၂၁ ရက်မှာ ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးမှ ခန့်အပ်ထားတဲ့ လက်ရှိရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် ကိုတော့ စစ်ဘက်ဆိုင်ရာတာဝန်တွေကနေ အနားပေးလိုက်ပြီး အားကစားနဲ့ လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်လိုက်ပါတယ်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ဟာ တြိဂံဒေသတိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်မှာ ဗိုလ်ချုပ်အဆင့်သာ ရှိပါသေးတယ်။

ရဲချုပ်ရာထူး ထမ်းဆောင်ဖို့ မနေ့က တာဝန်ပေးအပ်ချိန်မှာတော့ တဆင့်မြင့်ရာထူးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်လို့ သုံးနှုန်းသွားတာကြောင့် တဆင့်မြင့်ရာထူးနဲ့ ရဲချုပ်ခန့်တာလို့ ယူဆဖွယ်ရှိပါတယ်။

စစ်တက္ကသိုလ် အပတ်စဉ် ၃၇ ကျောင်းဆင်း ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ဟာ တြိဂံဒေသတိုင်းမှူးအဖြစ် တာဝန်မယူခင်တုန်းက အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ တိုင်းမှူးတာဝန်ယူခဲ့သူပါ။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ အခြေစိုက်တဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) လက်အောက်မှာရှိတဲ့ တပ်မ ၆၆ နဲ့ ခြေမြန်တပ်ရင်း (ခမရ) ၅၃၁ တို့ဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်မှာ နယ်မြေချင်းထိစပ်နေတဲ့ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်းမှာ ပြည်သူ ၃၀ ကျော်ကို အရှင်လတ်လတ်ဖမ်းဆီး မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။

ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ အဲ့ဒီဖြစ်စဉ်မှာ တပ်မ ၆၆ နဲ့ ခမရ ၅၃၁ တို့ကို ကြီးကြပ်ကွပ်ကဲရသူဟာ ယခု ဒုတိယဗိုလ်ချုပ်ကြီးရာထူးနဲ့ ရဲချုပ်ရာထူးတာဝန်ပေးခံရတဲ့ နီလင်းအောင် ဖြစ်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့နှစ် ဧပြီလပိုင်းက ရွာသူရွာသား ၉ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါသေးတယ်။ အဲ့ဒီအချိန်တုန်းကလည်း ရှမ်းပြည်နယ်တောင်ပိုင်းက စစ်ကောင်စီတပ်တွေကို ကြီးကြိပ်ကွပ်ကဲရသူဟာလည်း ဗိုလ်ချုပ် နီလင်းအောင်ပဲဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်း ၂ နှစ်ကျော်မှာ ရဲချုပ်ရာထူးကို ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ဇင်မင်းထက်နဲ့ အခု ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ၃ ယောက်တို့ကို မင်းအောင်လှိုင်က ပြောင်းလဲခန့်အပ်ခဲ့တာပါ။

လက်ရှိ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူးရာထူးကိုတော့ ဗိုလ်ချုပ် အောင်ခိုင်ဝင်း က တာဝန်ယူထားပါတယ်။

#MeKongNews

#ရဲချုပ်

#တြိဂံတိုင်း

#အရှေ့ပိုင်းတိုင်း

#နီလင်းအောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now