မဲခေါင်၊ ဇူလိုင် ၇
ရေးမြို့နယ် (၁၄) မိုင် စစ်ကောင်စီ ဆက်သွယ်ရေး တာဝါတိုင်စခန်းကုန်းတွင်ရှိသော ခမရ (၅၉၁) ဗိုလ်နေလင်းထွန်း ဦးစီးအဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၆ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းတွင်းရှိ စစ်ကောင်စီတပ်များ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ဒူပလာယာခရိုင်က ထုတ်ပြန်ပါတယ်။
ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆)၊ တပ်ရင်း (၂၇) တပ်ခွဲ (၂) နှင့် ပူးပေါင်းတပ်ဖွဲ့တွေက ရေးမြို့နယ် (၁၄) မိုင် စစ်ကောင်စီ ဆက်သွယ်ရေး တာဝါတိုင်စခန်းကုန်းကို ညပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ပူးပေါင်းတပ်ဖွဲ့ဝင်တွေက အဲ့ဒီစခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရန်သူထံမှ ရှေ့ထွက်မိုင်း(၃)လုံး၊ MA မဂ္ဂဇင်း (၁၀) ဘောက်၊ ကက်သီး (၁၈) လုံး၊ ၅.၅၆ ကျည် (၂၁၈)တောင့်၊ ၄၀ မမ ကျည် (၂၀)လုံး၊ လက်ပစ်ဗုံး (၂၀)လုံး၊ အီကွေ့မန့် (၂)စုံ နဲ့ အခြားပစ္စည်းတွေကို သိမ်းမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီထိခိုက်ကျဆုံးမှုကို စုံစမ်းဆဲဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့တွေဘက်က ပြည်သူလူထုရဲ့ ဆုတောင်း မေတ္တာ ပို့သမှုကြောင့် တစ်စုံတစ်ရာ ထိခိုက် ဆုံးရှုံးမှု မရှိကြောင်း ထုတ်ပြန်ထားပါတယ်။
#MeKongNews
#ရေးမြို့နယ်
#တာဝါတိုင်စခန်းကုန်း
#စစ်ကောင်စီ
#ထွက်ပြေးသွား