မြန်မာ့နွေဦး

ကြားကာလမှာ တာဝန်ထမ်းဆောင်ဖို့ NUG က ကျန်းမာရေးဝန်ထမ်းတွေ ခေါ်ယူ

မဲခေါင် 23 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၂၃ အမျိုးသား ညီညွတ်ရေး အစိုးရ-NUG၊ ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ ကြားကာလ ပြည်နယ်-ဖက်ဒရယ် ယူနစ်တွေက ဆေးရုံ ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်ဖို့ ကျန်းမာရေး ဝန်ထမ်းတွေ ခေါ်ယူနေတယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၃

အမျိုးသား ညီညွတ်ရေး အစိုးရ-NUG၊ ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ ကြားကာလ ပြည်နယ်-ဖက်ဒရယ် ယူနစ်တွေက ဆေးရုံ ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်ဖို့ ကျန်းမာရေး ဝန်ထမ်းတွေ ခေါ်ယူနေတယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။

အထူးကု ဆရာဝန်တွေ၊ ဆရာဝန်တွေ၊ သွားနှင့်ခံတွင်း အထူးကုဆရာဝန်တွေ၊ သွားနှင့်ခံတွင်း ဆရာဝန်တွေ၊ အထူးကု ဘွဲ့လွန်သင်တန်းသားတွေ၊ ဆေးနှင့် ဆေးနှီးနွှယ်ဆိုင်ရာ ဒီပလိုမာဘွဲ့ ရရှိသူတွေ၊ သူနာပြုတွေ၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ဒီပလိုမာနဲ့ ဘွဲ့ရရှိသူတွေ၊ ဆေးဝါးတက္ကသိုလ်တွေက ဘွဲ့ရရှိသူတွေနဲ့ တိုင်းရင်းဆေးပညာရှင်တွေ အနေနဲ့ ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁၆ ရက်အတွင်း လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျန်းမာရေးမှူးတွေ-HA၊ အမျိုးသမီး ကျန်းမာရေး ဆရာမတွေ-LHV၊ သားဖွား ဆရာမတွေ-Midwife၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ် (၁) PHS-1၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) PHS-2 တွေအနေနဲ့ မတ်လ ၁၇ ရက်မှ ဧပြီလ ၇ ရက်အတွင်း လျှောက်ထားနိုင်တယ်လို့ ဖော်ပြပါတယ်။

လျှောက်ထားသူဟာ မြန်မာနိုင်ငံဖွား ကျန်းမာရေးကောင်းသူ၊ စစ်ကောင်စီနဲ့ ပတ်သက်မှု မရှိသူ ဖြစ်ရမှာဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း ဖြစ်ပါက CDM ဝန်ထမ်း ဖြစ်ရမယ့်အပြင် တာဝန်ချထားရာ ဒေသသို့ သွားရောက်တာဝန် ထမ်းဆောင်နိုင်သူ ဖြစ်ရမယ်လို့ ဆိုပါတယ်။

အတည်ပြု ရွေးချယ်ခံရသူတွေ အနေနဲ့ သင်တန်းတွေကို သတ်မှတ် အစီအစဉ်အတိုင်း တက်ရောက်ရမှာဖြစ်ပြီး ဝန်ကြီးဌာနနဲ့ ကြားကာလ ပြည်နယ်-ဖက်ဒရယ်ယူနစ်တွေ အစီအစဉ်နဲ့ ဒေသအသီးသီးမှာ တာဝန်ချထားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လျှောက်ထားလိုသူတွေ အနေနဲ့ ရာထူးနေရာများ အလိုက် သတ်မှတ်ထားတဲ့ ရက်များအတွင်း နေ့စဉ် ပိတ်ရက်မရှိ၊ မနက် ၁၀ နာရီမှ ည ၈ နာရီ အထိ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကျန်းမာရေး ဝန်ကြီးဌာန၊ လူ့စွမ်းအား အရင်းအမြစ်ဌာန Telegram – https://t.me/HR_MOHNUG သို့မဟုတ် Telegram Username – @HR_MOHNUG မှာ လျှောက်လွှာပုံစံတွေ ထုတ်ယူပြီး ပေးပို့ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း ၄၇,၂၅၄ ဦး ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေ တောင်ပို့ကွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာစေတီ ထိမှန်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ့မြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို မနေ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာရဲ့ အနောက်ဘက်ရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင်တွေ မိုးရာသီမှာ ငှက်ဖျားကူးစက်မှုများလာနိုင်တယ်လို့ ဆို

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက မိုးရာသီကာလရောက်ရင် ငှက်ဖျားရောဂါကူးစက်မှုနှုန်း ပိုများလာနိုင်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖယ်ခုံ ညောင်ကုန်းရပ်ကွက်မှ အိမ်တစ်လုံးကို စစ်ကောင်စီဒရုန်း ဗုံးကြဲ

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ညောင်ကုန်း ၄ ရပ်ကွက်မှ အိမ်တစ်လုံးကို စစ်ကောင်စီက ဧပြီ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက ဒရုန်းနဲ့ဗုံးချခဲ့လို့ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ထားဝယ်မှာ တိုက်ပွဲပြင်းထန်နေလို့ နိုင်ငံသားတွေကို ကယ်တင်ရေး ထိုင်းစစ်သင်္ဘော ၄ စီး အသင့်ပြင်ထား

တနင်္သာရီတိုင်း ထားဝယ်လမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေလို့ ပိုဆိုး ဝါးလာရင် စစ်ဇုန်ထဲရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေကို ကယ်တင်ဖို့ ထိုင်းလေတပ်က စစ်သင်္ဘော ၄ စီးကို အန်ဒမန်ပင်လယ်ကမ်းရိုးတန်းမှာ အသင့် ချထားပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ လူစားထိုးစရိတ် သုံးသောင်းကျပ်ကောက်ခံပြီး စစ်မှုထမ်း ၃ ဦးကိုလည်း ခေါ်ယူ

ရှမ်းပြည်နယ် တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်မှာ တစ်နှစ်စာအတွက် စစ်မှုထမ်းလူစားထိုးစရိတ် ကို ဧပြီလ ၂၈ ရက်နေ့အပြီး တစ်အိမ် သုံးသောင်းကျပ် ကောက်ယူခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ် ၀ိန်းလုံရွာကို စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်ခတ်

မဲခေါင်၊ ဧပြီ ၃၀ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ၀ိန်းလုံကျေးရွာကို စစ်ကောင်စီက မနေ့ ဧပြီ ၂၉ မှာ လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရတယ်လို့ PNLA က ယနေ့ ဧပြီလ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now