မြန်မာ့နွေဦး

ကျိုက်ဇကောမှ ထောင်ပြောင်းခံရတဲ့ နိုင်ကျဉ်း ၁၇ ဦး အင်းစိန်ထောင်ရောက်လာပြီး ရိုက်နှက်နှိပ်စက် တိုက်ပိတ်ခံထားရ

မဲခေါင် 11 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၁ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကောအကျဉ်းထောင်ကနေ ဇွန်လ ၂၇ ရက်နေ့မှာ ထောင်ပြောင်းမယ်ဆိုပြီး ခေါ်ထုတ်သွားတဲ့ နိုင်ငံရေးအကျဉ်းသား ၃၇ ဦးထဲမှ ၁၇ ဦးဟာ ဒီနေ့ ဇူလိုင် ၁၁ ရက်မှာ အင်းစိန်အကျဉ်းထောင်သို့ ရောက်ရှိလာပြီး ရိုက်နှက်နှိပ်စက်ခံရကာ တိုက်ပိတ်ခံထားရတယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၁

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကောအကျဉ်းထောင်ကနေ ဇွန်လ ၂၇ ရက်နေ့မှာ ထောင်ပြောင်းမယ်ဆိုပြီး ခေါ်ထုတ်သွားတဲ့ နိုင်ငံရေးအကျဉ်းသား ၃၇ ဦးထဲမှ ၁၇ ဦးဟာ ဒီနေ့ ဇူလိုင် ၁၁ ရက်မှာ အင်းစိန်အကျဉ်းထောင်သို့ ရောက်ရှိလာပြီး ရိုက်နှက်နှိပ်စက်ခံရကာ တိုက်ပိတ်ခံထားရတယ်လို့ သိရပါတယ်။

ကျိုက်ဇကောအကျဉ်းထောင်ကနေ ဇွန်လ ၂၇ ရက်နေ့မှာ ထောင်ပြောင်းမယ်လို့ ခေါ်ထုတ်သွားပြီး နိုင်ငံရေးအကျဉ်းသား ၈ ဦးကို စစ်ကောင်စီက ပစ်သတ်ခဲ့ပြီးနော် ကျန်နိုင်ငံရေးအကျဉ်းသားတွေကို အင်းစိန်နဲ့ သာယာဝတီအကျဉ်းထောင်တွေကို ပို့လိုက်လို့ နိုင်ငံရေးအကျဉ်းသားအချို့ အင်းစိန်ထောင်ကို ဒီနေ့ရောက်လာတာဖြစ်ပါတယ်။

ဒီနေ့နေ့လယ်လောက်မှာ အင်းစိန်ထောင်ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၁၇ ဦးမှာ နှိပ်စက်ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေရှိပြီး အချို့ကို တိုက်ပိတ်ထားတယ်လို့ သိရပါတယ်။

“တိုက်ပိတ်ခံထားတဲ့ သူတွေက များတယ်။ ခြေကျင်းတွေ၊ ထောက်တွေခတ်ပြီး တိုက်ပိတ်ထားတာ” လို့ ထောင်ပြောင်း နိုင်ငံရေးအကျဉ်းသားတွေ သတင်းနဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က မဲခေါင်းသတင်းဌာနကို ပြောပြပါတယ်။

ထောင်တွင်းမှာ ဆေးဝါးကုသခွင့် ပီပီပြင်ပြင်မရရှိတဲ့အတွက် အခုထောင်ပြောင်းလာတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်အန္တရာယ်အတွက် အလွန်အမင်းစိုးရိမ်တယ်လို့ ဆိုပါတယ်။ ထောင်ပြောင်းနိုင်ငံရေးအကျဉ်းသား ၁၇ ယောက်ထဲမှ အနည်းငယ်တော့ ဆေးဝါးကုသခွင့်ရတယ်လို့ ဦးထွန်းကြည် က ဆက်ပြောပြပါတယ်။

မြန်မာနိုင်ငံအတွင်းက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသာတွေကို ဖိနှိပ်ညှင်းပမ်းဖို့အတွက် လူမိုက်တွေ၊ လူသတ်မုဒိမ်းကျင့်တဲ့ အမှုတွေနဲ့ ထောင်ကျလာတဲ့သူတွေကို အကျဉ်းသားအရာရှိဆိုကာ တန်းစီးချုပ်၊ တန်းစီး၊ စည်းကမ်းထိန်း၊ အခန်းလူကြီး၊ ပုံစံလူကြီး စတဲ့နေရာတွေပေးပြီး နိုင်ကျဉ်းတွေကို နှိပ်စက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

အထူးသဖြင့် PDF နဲ့ နွယ်တဲ့ ပုဒ်မ ၅၀ (ည)၊ ၅၂ (ည)၊ ၅၁ (ည)၊ ၅၃၊ ဖောက်ခွဲ၊ လက်နက်မှုစတဲ့ အမှုတွေဆို ပိုမိုနှိပ်စက်ပြီး နိုင်ကျဉ်းအားလုံး ခေါင်းမထောင်နိုင်အောင် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“ထောင်ပြောင်းလိုက်ပြီဆို မှတ်ချက်ပါလာတယ်၊ ထောင်အခေါ်ဆို မှင်နီပေါ့။ မှတ်ချက်ပါလာတဲ့အတွက်ကြောင့်မို့လို့ သက်ဆိုင်ရာတိုက်တွေ၊ ထောင်တွေကို မထည့်ခင်မှာ ဗူးဝ(မိန်းဂျေး)မှာ ရက်ရက်စက်စက် ရိုက်တာ” လို့ ဦးထွန်းကြည် က ပြောပါတယ်။

ကျိုက်ဇကောအကျဉ်းထောင်ကနေ ထောင်ပြောင်းမယ်လို့ ခေါ်ထုတ်ပြီးနောက် ပဲခူးခရိုင် ဗကသ ဒုဥက္ကဋ္ဌ ကိုလင်းခန့်နိုင်၊ ကိုပြည့်ဖြိုးဟိန်း၊ ကိုအောင်မျိုးသူ၊ ကိုဂျာကြီး၊ ကိုမင်းဘုန်းမဟာ၊ ကိုပြည့်ဖြိုးအောင်၊ ကိုဇီလောင်းနဲ့ ကိုဘိုဘိုဝင်း စတဲ့ ၈ ယောက်ကို စစ်ကောင်စီက ပစ်သတ်လိုက်ကြတာပါ။

စစ်ကောင်စီဘက်ကတော့ ဒိုက်ဦးထောင်ကနေ အင်းစိန်ထောင်ကို ပြောင်းရွေ့ရာမှာ မော်တော်ယာဉ်တိမ်းမှောက်မှုကို အခွင့်ကောင်းယူပြီး ထွက်ပြေးလို့ ခြောက်လှန့်ပစ်ခတ်ရာမှ သေဆုံးသွားတာလို့ ဒိုက်ဦး၊ အကျဉ်းထောင်ဦးစီးအရာရှိ ကျော်ဇယျ က လက်မှတ်ထိုးပြီး မိသားစုတွေဆီကို အကြောင်းကြားခဲ့တာပါ။

အခုလို အကျဉ်းသားတွေကို ထောင်မှခေါ်ထုတ်ပြီး လက်လွတ်စပယ် ပြောင်ပြောင်တင်းတင်း သတ်ဖြတ်နေတဲ့ စစ်ကောင်စီလုပ်ရပ်ဟာ ပြည်တွင်းသာမက နိုင်ငံတကာဥပဒေတွေကိုပါ ကျူးလွန်နေတာလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့ ဇူလိုင် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲ့ဒီလိုသတ်ဖြတ်မှုဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးလူမျိုးတွေကို ဥပဒေမဲ့ ရက်ရက်စက်စက်သတ်ဖြတ်တဲ့ ဖက်ဆစ်နာဇီတို့ရဲ့ လုပ်ရပ်နဲ့ ထပ်တူဖြစ်တယ်လို့ AAPP က ဆိုပါတယ်။

ဇူလိုင် ၂ ရက်လည်း မြင်းခြံထောင်မှ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ဦးစိန်ဝင်း ကို အစာအိမ်သွေးကြောပေါက် သေဆုံးတယ်လို့ မိသားစုထံအကြောင်းကြားပါတယ်။ အမှန်တော့ ထောင်ပြင်ကို ခေါ်ထုတ်ပြီး စစ်ကြောရေးလုပ်ရာမှ သေဆုံးခဲ့တာဖြစ်ပြီး အလောင်းမှာ အညိုအမည်းဒဏ်ရာတွေ တွေ့ရှိခဲ့ပါတယ်။

မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် မတရားသတ်ဖြတ်ခံရသူ ၃၇၅၇ ဦးရှိပြီး အကျဉ်းထောင်မှာ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းတာနဲ့ ညှင်းပမ်းနှိပ်စက်ခံရတာတွေကြောင့် သေဆုံးခဲ့သူ၊ စစ်ကြောရေးစခန်းတွေမှာ မတရားညှင်းပမ်း နှိပ်စက်သတ်ဖြတ်ခံရသူ စုစုပေါင်း ၁၅၀ ဦးရှိပြီလို့ AAPP က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

#MeKongNews

#အင်းစိန်ထောင်

#ကျိုက်ဇကောထောင်

#နိုင်ငံရေးအကျဉ်းသား

#ထောင်ပြောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now