မြန်မာ့နွေဦး

ကရင်နီပြည်မှာ စစ်ကောင်စီတပ် ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၂ ဦး သေဆုံး

မဲခေါင် 11 Nov - 2023
ကရင်နီပြည်မှာ စစ်ကောင်စီတပ် ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံ အမျိုးသမီး ၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိတယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် -KNDF က မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

မဲခေါင် ၊ နိုဝင်ဘာ ၁၁

ကရင်နီပြည်မှာ စစ်ကောင်စီတပ် ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံ အမျိုးသမီး ၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိတယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် -KNDF က မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၉ ရက်နေ့မှာ လွိုင်ကော်နဲ့ လောပိတကြားရှိ ကျေးရွာ တစ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးငယ်တစ်ဦး ထိခိုက် သေဆုံး ခဲ့ပါတယ်။

အဲ့ဒီနေ့မှာ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာ တစ်ရွာကို စစ်ကောင်စီရဲ့ ငွေတောင် အခြေစိုက် ခလရ (၁၀၂) တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီးကြီး တစ်ဦး ထိခိုက် သေဆုံးခဲပါတယ်။

စစ်ကောင်စီ လက်နက်ကြီးနဲ့ပစ်လို့ သေဆုံးခဲ့ရတဲ့ အဲ့ဒီအရပ်သား ၂ ဦးဟာ အသက် ၁၀ နှစ်အရွယ် အမျိုးသမီးငယ် နဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသမီး ဖြစ်တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ KnHRG က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေဟာ တိုက်ပွဲ ဖြစ်ပွားနေချိန် မဟုတ်သလို တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေနဲ့ ဝေးကွာတာကြောင့် စစ်ကောင်စီက လက်နက်မဲ့ အရပ်သား ပြည်သူများကို ရန်သူသဖွယ် သတ်မှတ်ကာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ရာဇဝတ်မှုတွေ ပေါ်ပေါ်ထင်ထင် ကျူးလွန်တာလို့ KNDF ကဆိုပါတယ်။

စစ်ကောင်စီဟာ နိုဝင်ဘာ ၁၀ ရက်နေ့မှာလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ လမ်းမကြီးပေါ်နဲ့ ဘေးဝဲယာ နေရာများကို တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ တိုက်လေယာဉ် ၂ စီးနဲ့ ၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတစ်ဦး ထိမှန် ဒဏ်ရာရရှိ ခဲ့ပါတယ်။

ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီဟာ ဒေသခံတွေ နေထိုင်တဲ့ ကျေးရွာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာကြောင့် ပြည်သူတွေ အနေနဲ့ စစ်ရေးသတိရှိရှိ သွားလာကြဖို့၊ လက်နက်ကြီး အန္တရာယ် ကြိုတင် ကာကွယ်နိုင်တဲ့ လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်တွေ လုပ်ဆောင်ထားဖို့ KNDF က တိုက်တွန်းထားပါတယ်။

CJ-002

#MekongNews

#KNDF

#လွိုင်ကော်

#လက်နက်ကြီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now