နေ့စဥ်သတင်း

ရဂျီးနားအွန်လိုင်းလောင်းကစားရုံတွင် ပိုင်ရှင်၏ ညီဖြစ်သူကိုပါ ဖမ်းမိပြီး နောက်ထပ် ဘတ် သိန်း ၁၅၀ ကိုလည်း သိမ်းဆည်ရမိ၊ ထိုင်းဘက်မှ တည်နေရာနှင့် အချက်အလက်များပေးပြီး ဖမ်းခိုင်းခြင်းဖြစ်ကာ နောက်ထပ်ဖမ်းရန်ရှိသေး

မဲခေါင် 4 Apr - 2026
မဲခေါင်၊​ ဧပြီ ၄ တာချီလိတ်မြို့မှ နာမည်ကြီးဟိုတယ်တစ်ခုဖြစ်သည့် ရဂျီးနားဟိုတယ်ရှိ အွန်လိုင်းလောင်းကစားရုံကို ဖမ်းဆီးရာတွင် ယင်းအွန်လိုင်းလောင်းကစားလုပ်ငန်း ပိုင်ရှင်ဖြစ်သူ ထိုင်းနိုင်ငံသား၏ ညီကိုပါ ဖမ်းမိကြောင်း ရဂျီးနားနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ဧပြီလ ၂ရက်က ရဂျီးနား အွန်လိုင်းလောင်းကစားရုံကို စစ်ကောင်စီအဖွဲ့စုံဖြင့် ဝင်ရောက်ဖမ်းဆီးရာ ထိုင်းနိုင်ငံသား အမျိုးသား ၂၉ဦး၊ အမျိုးသမီး ၂၁ဦးကို ဖမ်းမိပြီး ယင်းထဲတွင် ပိုင်ရှင်၏ ညီဖြစ်သူ ပါဝင်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “ပိုင်ရှင်ရဲ့ညီပါလို့ အသည်းအသန်လိုက်ထုတ်နေတယ်လို့ သိရတယ်။ ထိုင်နိုင်ငံသားတစ်ယောက်ကို ဘတ် ၃သိန်းနဲ့ ညှိပြီး ထုတ်တာ မရလို့ အခု တစ်ယောက်ကို ဘတ် ၅သိန်းနဲ့ ဝင်ညှိနေတယ် ကြားတယ်။

မဲခေါင်၊​ ဧပြီ ၄

တာချီလိတ်မြို့မှ နာမည်ကြီးဟိုတယ်တစ်ခုဖြစ်သည့် ရဂျီးနားဟိုတယ်ရှိ အွန်လိုင်းလောင်းကစားရုံကို ဖမ်းဆီးရာတွင် ယင်းအွန်လိုင်းလောင်းကစားလုပ်ငန်း ပိုင်ရှင်ဖြစ်သူ ထိုင်းနိုင်ငံသား၏ ညီကိုပါ ဖမ်းမိကြောင်း ရဂျီးနားနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

ဧပြီလ ၂ရက်က ရဂျီးနား အွန်လိုင်းလောင်းကစားရုံကို စစ်ကောင်စီအဖွဲ့စုံဖြင့် ဝင်ရောက်ဖမ်းဆီးရာ ထိုင်းနိုင်ငံသား အမျိုးသား ၂၉ဦး၊ အမျိုးသမီး ၂၁ဦးကို ဖမ်းမိပြီး ယင်းထဲတွင် ပိုင်ရှင်၏ ညီဖြစ်သူ ပါဝင်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ပိုင်ရှင်ရဲ့ညီပါလို့ အသည်းအသန်လိုက်ထုတ်နေတယ်လို့ သိရတယ်။ ထိုင်နိုင်ငံသားတစ်ယောက်ကို ဘတ် ၃သိန်းနဲ့ ညှိပြီး ထုတ်တာ မရလို့ အခု တစ်ယောက်ကို ဘတ် ၅သိန်းနဲ့ ဝင်ညှိနေတယ် ကြားတယ်။ အခုထိတော့ ညှိမရဘူး၊ ဖမ်းထားတုန်းပဲ” ၎င်းကပြောသည်။

ဖမ်းမိသည့် ထိုင်းနိုင်ငံသား အယောက် ၅၀ ထဲတွင် ပိုင်ရှင်၏ ညီဖြစ်သူပါဝင်ကြောင်း နောက်ထပ်သတင်းရင်းမြစ်တစ်ဦးကလည်း အတည်ပြုသည်။

ယင်းအွန်လိုင်းလောင်းကစားရုံကို ဖမ်းဆီးရာ၌ မူလက ဘတ်ငွေ ၆၅သိန်း ဖမ်းမိပြီး နောက်ပိုင်းတွင် အခြားမီးခံသေတ္တာတစ်ခုထဲမှ ဘတ်ငွေ သိန်း ၁၅၀ ထပ်မံသိမ်းဆည်းရမိကြောင်းလည်း သတင်းရင်းမြစ်များထံမှ သိရသည်။

ရဂျီးနားဟိုတယ်ရှိ အွန်လိုင်းလောာင်းကစားရုံကို ဖမ်းဆီးပြီးနောက် တာချီလိတ်မြို့ပေါ်မှ နာမည်ကြီး ဟိုတယ်များဖြစ်သည့် ရွှေဗူးသီးဟိုတယ်နှင့် ဇန်းမွန်အာခါ ဟိုတယ်တို့ကိုပါ ထပ်မံစစ်ဆေးခဲ့ကြောင်း၊ သို့သော် ဖမ်းဆီးရမိမှု တစ်စုံတစ်ရာမရှိကြောင်း ဒေသခံများထံမှ သိရသည်။

ယခုကဲ့သို့ အွန်လိုင်းလောင်းကစား လုပ်ငန်းများကို ဖမ်းဆီးခြင်းမှာ ထိုင်းနှင့် မြန်မာအာဏာပိုင်များ သဘောတူညီမှုဖြင့် ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ပြီး အွန်လိုင်းလောင်းကစားလုပ်ငန်းများ၏ တည်နေရာနှင့် အချက်အလက်များကို ထိုင်းနိုင်ငံဘက်မှ အတိအကျပေးကာ ဖမ်းဆီးခိုင်းခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

“ထိုင်းက Location (တည်နေရာ) အတိအကျပေးတာ။ အွန်လိုင်းဂိမ်းတွေ နှိမ်နင်းဖို့ ထိုင်းနဲ့ မြန်မာ သဘောတူထားပုံရတယ်။ ဒါကြောင့် အတင်းဖိအားပေးနေတာ အွန်လိုင်းတွေ ဖမ်းဖို့ကို။ နောက်ထပ်လည်း ဖမ်းဖို့ရှိသေးတယ်လို့ သတင်းကြားတယ်” ဟု ၎င်းကပြောသည်။

ထိုင်းနိုင်ငံမှာ အွန်လိုင်းလောင်းကစားလုပ်ငန်းများကြောင့် ပြည်သူများထိခိုက်ပြီး နှစ်စဉ် ဘတ်ငွေ ဘီလီယံနှင့်ချီ ဆုံးရှုံးနေသည့်အတွက် ယင်းလုပ်ငန်းများကို နှိမ်နင်းရန် အားထုတ်နေခြင်းဖြစ်သည်။

စစ်တမ်းများအရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကြောင့် ၂၀၂၅ ခုနှစ်အတွင်း ထိုင်းပြည်သူများ၏ ဆုံးရှုံးငွေမှာ ဘတ် ၁၁၅ ဒသမ ၃ ဘီလီယံရှိကြောင်း သိရသည်။

#MeKongNews
#တာချီလိတ်
#အွန်လိုင်းလောင်းကစား
#ထိုင်းနိုင်ငံသား
#ထိုင်းနိုင်ငံ
#ရဂျီးနားဟိုတယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now