မဲခေါင်၊ ဇန်နဝါရီ ၁၁
ဗင်နီဇွဲအားအား နှစ်ရှည် ထိန်းချုပ်ကာ ကြွယ်၀လွန်းသည့် ရေနံ အရင်းအမြစ်များ မှတစ်ဆင့် နိုင်ငံတွင်း ပြည်သူများကိုပါ ချမ်းသာစေမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆိုသည်။
ဗင်နီဇွဲလား အာဏာရှင်သမ္မတ မာဂျူရိုနှင့် ဇနီးကို ကာရာကက်စ်မြို့ နေအိမ်သို့ ဝင်ရောက် စီးနင်းကာ ဖမ်းဆီးခဲ့ပြီးနောက် လက်ရှိ ကြားဖြတ်အစိုးရနှင့် ဆက်ဆံမှု အလွန်ကောင်းမွန်ကာ အမေရိကန်အပေါ်လည်း လေးစားသမှုဖြင့် ဆက်ဆံကြောင်းလည်း ၎င်းက ပြောသည်။
ဗင်နီဇွဲလားသည် ကမ္ဘာ့ရေနံ အများဆုံး ထုတ်လုပ်ရာ နိုင်ငံဖြစ်ကာ အများစုကို တရုတ်နှင့် ရုရှားတို့ထံ တင်ပို့နေပြီး၊ လက်ရှိတွင် သမ္မတ မာဂျုရိုအား အမေရိကန်က ဖမ်းဆီးလိုက်ပြီးနောက် အဆင့်မြင့် ကောင်းမွန်သော ဗင်နီဇွဲလားမှ ရေနံများကို တစ်နှစ်လျှင် ရေနံစိမ်းစည် သန်း ၃၀ မှ ၅၀ အထိ အမေရိကန်သို့ တင်ပို့ပြီး စျေးကွက်ပေါက်စျေးဖြင့် ရောင်းချပေးကာ ထိုငွေများမှာ ဗင်နီဇွဲလား ပြည်သူများအတွက် ဖြစ်စေရမည် ထရမ့်က ဆိုသည်။
ဗင်နီဇွဲလားအား မည်မျှကြာ ထိန်းချုပ်မည်နှင့် ပတ်သက်၍ အနည်းဆုံး တစ်နှစ်မက ရှိမည်ဟုသာ ထရမ့်က ဆိုပြီး ရေနံတင်ပို့မှုမှ အကျိုးအမြတ်များ မည်သို့ ခွဲပေးမည်ကိုလည်း မပြောခဲ့ပေ။
လက်ရှိတွင် ရေနံစိမ်းစည်ပေါင်း သန်း ၅၀ ၏ ကာလတန်ကြေးသည် ပေါင် ၂ ဒသမ ၁ ဘီလီယံ ရှိနေသည်။
ဗင်နီဇွဲလားအား အဆင့် – ၃ ဆင့်ဖြင့် ထိန်းချုပ်၍ အာဏာပြန်လွှဲမည်ဖြစ်ပြီး ပထမအဆင့်တွင် တည်ငြိမ်ရေး၊ ဒုတိယအဆင့် ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တတိယအဆင့်တွင်မူ ဗင်နီဇွဲလားရှိ ရေနံစျေးကွက်အား အမေရိကန်နှင့် အနောက်မဟာမိတ် နိုင်ငံများသို့ ဆက်လက် ဖြန့်ဖြူး ရောင်းချနိုင်ရေးဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကလည်း ဆိုသည်။
Ref:Thesun
#MeKongNews
#ဗင်နီဇွဲလား
#ရေနံ
#ထရမ့်
#မက်လုံးပေး








