ကမ္ဘာ့သတင်း

ကာရာကက်စ်တွင် မာဂျူရိုကို လိုလားသော ဆိုင်ကယ်ဂိုဏ်းက အမေရိကန် ထောက်ခံသူများကို လိုက်ဖမ်းနေ

မဲခေါင် 8 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၈ ဇန်နဝါရီ ၅ ရက်မှစတင်ပြီး ဗင်နီဇွဲလားနိုင်ငံ ကာရာကက်စ်မြို့တွင် ဒေါ်နယ်ထရမ့်နှင့် အမေရိကန် ထောက်ခံ အားပေးသူမှန်သမျှကို မာဂျူရိုကို လိုလားသော ဆိုင်ကယ်စီး ပြည်သူ့စစ်ဂိုဏ်းနှင့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေး ဖမ်းဆီးနေသဖြင့် အကြောက်တရားများ စိုးမိုးနေကြပြီး လမ်းပေါ် မထွက်ရဲသည့် အနေအထား ဖြစ်နေသည်။ အမေရိကန်က မာဂျူရိုနှင့် ဇနီးအား ဖမ်းဆီးသွားပြီးနောက် အတွင်းသူလျှို ရှိသဖြင့် တည်နေရာသိပြီး အဖမ်းခံရခြင်း ဖြစ်သည်ဟု ဆိုနေကြရာ ၎င်း၏ သားဖြစ်သူက ဖခင်အား ထောက်ခံသည့် လူများအားလုံး လမ်းပေါ်ထွက်ကာ မိမိတို့ သမ္မတအပေါ် အပြည့်အ၀ ထောက်ခံကြောင်း ပြသမည်ဟု ကြုံးဝါးသလို ဇန်နဝါ ရီ ၅

မဲခေါင်၊ ဇန်နဝါရီ ၈

ဇန်နဝါရီ ၅ ရက်မှစတင်ပြီး ဗင်နီဇွဲလားနိုင်ငံ ကာရာကက်စ်မြို့တွင် ဒေါ်နယ်ထရမ့်နှင့် အမေရိကန် ထောက်ခံ အားပေးသူမှန်သမျှကို မာဂျူရိုကို လိုလားသော ဆိုင်ကယ်စီး ပြည်သူ့စစ်ဂိုဏ်းနှင့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေး ဖမ်းဆီးနေသဖြင့် အကြောက်တရားများ စိုးမိုးနေကြပြီး လမ်းပေါ် မထွက်ရဲသည့် အနေအထား ဖြစ်နေသည်။

အမေရိကန်က မာဂျူရိုနှင့် ဇနီးအား ဖမ်းဆီးသွားပြီးနောက် အတွင်းသူလျှို ရှိသဖြင့် တည်နေရာသိပြီး အဖမ်းခံရခြင်း ဖြစ်သည်ဟု ဆိုနေကြရာ ၎င်း၏ သားဖြစ်သူက ဖခင်အား ထောက်ခံသည့် လူများအားလုံး လမ်းပေါ်ထွက်ကာ မိမိတို့ သမ္မတအပေါ် အပြည့်အ၀ ထောက်ခံကြောင်း ပြသမည်ဟု ကြုံးဝါးသလို ဇန်နဝါ ရီ ၅ ရက်က မာဂျူရိုထောက်ခံ အစိုးရအဖွဲ့ ဆက်လက် အုပ်စိုးနေသည့် ဗင်နီဇွဲလား ပြည်ထဲရေးဝန်ကြီးက အမေရိကန်နှင့် ထရမ့် ထောက်ခံသူမှန်သမျှ ဖမ်းဆီးရမည်ဟု အစိုးရအမိန့် ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ဂိတ်ချ စစ်ဆေးမှုများတွင် လူများ၏ ဖုန်းများကို စစ်ဆေးပြီး အမေရိကန် ထောက်ခံသူဆိုပါက ဖမ်းဆီးမှုများ ဆက်တိုက် လုပ်ဆောင်နေသလို ဆိုင်ကယ်ဂိုဏ်း Colectivos ဆိုသော ပြည်သူ့စစ်များကလည်း လမ်းများပေါ် သေနတ်များဖြင့် ရမ်းကားကာ လိုက်လံစစ်ဆေး ဖမ်းဆီးနေသဖြင့် ပြည်သူများ လမ်းပေါ် မထွက်ရဲသည့် အနေအထားဖြစ်လာရသည်။

ထိုနေ့မှာပင် သတင်းထောက် ၁၄ ယောက် အား ဖမ်းဆီးခဲ့ပြီး နောက်ပိုင်း ပြန်လွှတ်ပေးခဲ့ရာ နိုင်ငံခြား သတင်းထောက် တစ်ယောက်ပါဝင်ခဲ့သဖြင့် ၎င်းကိုလည်း ပြည်တော် ပြန်ပို့ခဲ့ကြောင်း သိရသည်။

လက်ရှိ ပြည်ပသို့ တိမ်းရှောင်ထွက်ပြေးနေရသည့် ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင်လည်းဖြစ် မနှစ်က ငြိမ်းချမ်းရေး နိုဗယ်ဆုလည်း ရခဲ့သော မာရီယာကော်ရီနာ မာချာဒိုက လက်ရှိ ယာယီ ဝန်ကြီးချုပ်လုပ်သူ ဒဲလ်စီရိုဒရီဂွက်ဇ်သည် မာဂျူရိုလူသာ ဖြစ်သောကြောင့် မယုံကြည်ရကြောင်း ပြောကြားခဲ့သော်လည်း မကြာမီ ဗင်နီဇွဲလားအိမ်သို့ ပြန်မည်ဟု ပြောဆိုခဲ့ရာ ယခုလို ဖမ်းဆီး ရမ်းကားနေသဖြင့် အစီအစဉ် ပြောင်းဖွယ်ရှိသည်။

ကိုကလင်း
Ref: Thesun
#ကာရာကက်စ်
#မာဂျူရို
#ဆိုင်ကယ်ဂိုဏ်း
#လိုက်ဖမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now