ဒေသတွင်းသတင်း

ရွာငံနဲ့ကလောမှာ ရေကြီးတဲ့ကျေးရွာတွေ အကူအညီ မရသေး

မဲခေါင် 30 Sep - 2024
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ လွန်းထိုးကျေးရွာ (သဖန်းစိတ်) မှာ ရေကြီး မြေပြိုမှုတွေကြောင့် အိမ်ခြေ ၈၅၀ အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၃၀

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ လွန်းထိုးကျေးရွာ (သဖန်းစိတ်) မှာ ရေကြီး မြေပြိုမှုတွေကြောင့် အိမ်ခြေ ၈၅၀ အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ကလောမြို့ပေါ်မှာ ပြန်လည်ထူထောင်ရေးအတွက် စတင်နေပြီဖြစ်ပေမယ့် လယ်ပြင်ကျေးရွာအုပ်စု၊ လွန်းထိုးကျေးရွာမှာတော့ ရေကျပြီးတဲ့လမ်းတွေနဲ့ လူနေအိမ်တွေမှာ ရွှံ့နွံတွေ မရှင်းလင်းရသေးသလို ရေကြီးနေတဲ့ နေရာတွေမှာလည်း စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း အကူအညီ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။

“ကျနော်တို့သွားတုန်းက ဘယ်သူမှ ကူတဲ့သူမရှိဘူး။ ကျနော်တို့ အုပ်စုပဲရှိတာ။ အခု အဆက်အသွယ်ရတော့ အဲ့နောက်ပိုင်းလည်း ဘယ်သူမှ မလာကြဘူး ပြောပါတယ်။ အဆင်ပြေတဲ့သူတွေကတော့ သွားပေးစေချင်ပါတယ်” လို့ လွန်းထိုးကျေးရွာကို ကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့သူတစ်ဦးက ပြောပါတယ်။

ကလောမြို့၊ ဗျူးပွိုင့်လမ်းအတိုင်း သွားရတဲ့ လွန်းထိုးကျေးရွာဟာ တောင်တက်လမ်းတစ်လျှောက် ရွှံ့နွံတွေ ထူထပ်နေပြီး မဲနယ်တောင်အတက်လမ်းထက်လည်း ဆိုးဝါးတာကြောင့် ကားအမြင့် ၄ ဘီးယက် ကားတွေနဲ့သာ သွားရောက်နိုင်တယ်လို့ သိရပါတယ်။

အလားတူ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ယကြီးကျေးရွာအုပ်စုမှာလည်း ပြီးခဲ့တဲ့ ၂ ပတ်ကတည်းက ရေလွှမ်းမိုးနေဆဲဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့တွေလည်း တစ်ကြိမ်တစ်ခါမှ လာရောက်တာမျိုး မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ယကြီးကျေးရွာအုပ်စုထဲက မင်းပလောင်၊ တဲ့လု၊ ဝါးရွက်၊ မြေနီကုန်း စတဲ့ကျေးရွာတွေထဲက နေအိမ် ၅၀ ကျော်ဟာ အိမ်ခေါင်မိုးအထိ ရေနစ်မြုပ်နေပြီး စားနပ်ရိက္ခာအကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။

“အချင်းချင်း မကူကြဘူး။ အရမ်းသိပ်မခက်ခဲတဲ့ တခြားဒေသကို သွားကူနေကြတာ။ တကယ်တမ်း ကိုယ့်ဒေသမှာတင် အများကြီးပဲ။ ထမင်း တစ်ရက်မှ တစ်နပ်ပဲ စားရတဲ့သူတွေ ရှိသေးတယ်။ ဒါတွေက အလှူရှင် သူဌေးတွေကို မြင်စေချင်ပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အထက်ပါ ရေကြီးတဲ့ဒေသတွေမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပြီး သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါတွေလည်း ဖြစ်ပွားနေကြတယ်လို့ သူက ဆက်ပြောပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့က စတင်တဲ့ ရှမ်းပြည်တောင်ပိုင်း ရေကြီးရေလျှံမှုမှာ မြို့နယ်အများစုက ရေကျသွားပေမယ့် ဆီဆိုင်၊ ကလော၊ ညောင်ရွှေ၊ ဖယ်ခုံ စတဲ့ မြို့နယ်တွေမှာတော့ ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပွားနေပြီး အကူအညီတွေ လိုအပ်နေသေးတယ်လို့ သိရပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

သံလွင်မြစ်ရေ ဘေးကင်းအဆင့်ထက် အာဆင်းနစ် ၅ ဆကျော်ပိုများနေသဖြင့် ထိုင်းအရေးပေါ်တိုင်းတာ

မဲခေါင်၊ နိုဝင်ဘာ ၅ ပြီးခဲ့သည့်တစ်ပတ်က ချင်းမိုင်တက္ကသိုလ်ရှိ စူးစမ်းလေ့လာရေးပညာရှင်များ လေ့လာချက်အရ သံလွင်မြစ်ရေသည် အာဆင်းနစ်အဆိပ်ဓာတ် ဘေးကင်းလုံခြုံမှုအဆင့်ထက် ၅ ဆကျော်ပိုများပြီး ညစ်ညမ်း ပျော်ဝင်နေကြောင်း တွေ့ရသဖြင့် ထိုင်းတာဝန်ရှိသူများ အားချင်းတိုင်းတာစစ်ဆေးမှုများ ပြုလုပ်နေကြပြီဖြစ်သည်။ ၂၀၂၅ ခုနှစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now