မဲခေါင်၊ ဖေဖော်ဝါရီ ၂၉
ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့တွင် ယနေ့မနက်ပိုင်းက ကုန်သည်တစ်ဦးရဲ့ အိမ်ကို အဖွဲ့တဖွဲ့ကဝင်ရောက် ငွေညှစ်သွားတာခံခဲ့ရတယ်လို့ သတင်းအရင်းအမြစ်တွေထံကသိရပါတယ်။
ယနေ့ မနက် ၁၀ နာရီလောက်က ပင်လုံမြို့၊ ဈေးအနောက်ဘက် က ကုန်သည်တစ်ဦး(လုံးစမ်း)ရဲ့အိမ်ကို အနုကြမ်းဝင်စီးတဲ့ပုံစံမျိုးနဲ့ ဝင်ရောက်ပြီး တောထဲက အဖွဲ့အစည်းနဲ့ပတ်သက်မှုရှိတယ်ဆိုကာ ကျပ်သိန်း ၆၀၀ နဲ့ရွှေတွေကို အဖွဲ့အစည်းက ယူဆောင်သွားတယ်လို့ သိရပါတယ်။
အိမ်ရှေ့ဆိုင်ရှေ့ လူစိမ်းတွေရှိရင် သတိထားကြပါ၊ ခဏပေးဝင်ပါအုန်း၊ မေးစရာရှိလို့ပါဆိုရင် အိမ်ထဲထိုင်ခွင့်မပြုကြပါနဲ့ဗျာလို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
လက်ရှိမှာ ပင်လုံမြို့ကို အဝင်အထွက်ပြုနိုင်တဲ့ စစ်ကောင်စီတပ်နဲ့အပေါင်းပါတွေ ရှိနေတဲ့ကြားက ခုလို အေးဓါးမြတိုက် အနုကြမ်းစီးခံရတာဟာ ပြည်သူတွေအတွက် လုံခြုံမှုမရှိဘဲ အန္တရာယ်ကြီးမားစွာ အားကိုးရာမဲ့ ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
MK-012








