မဲခေါင်၊ ဇူလိုင် ၂၈
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့က လုပ်ငန်းရှင် ၃ ဦး ပြီးခဲ့တဲ့ ၂ ရက်ခန့်က လားရှိုးကနေ မန္တလေး အသွား လမ်းမှာ အမည်မသိ အဖွဲ့ တစ်ဖွဲ့က ပြန်ပေးဆွဲ သွားကြောင်း ဒေသခံတွေက ပြောပါပါတယ်။
ပြန်ပေးဆွဲ ခံရသူတွေက လားရှိုးမြို့က သွပ်ပြားစက်ရုံ ပိုင်ရှင် တစ်ဦး၊ ကုန်မာဆိုင်ပိုင်ရှင် တစ်ဦးနဲ့ ဈေးကုန်တိုက်ပိုင်ရှင် တစ်ဦးတို့ ဖြစ်ပြီး သူတို့ရဲ့ ယာဉ်မောင်းပါ ပါတယ်လို့ သိရပါတယ်။
“ ဟုတ်တယ်။ ၂ ရက်လောက်ရှိပြီ။ သူတို့ တောင်းတဲ့ ပိုက်ဆံက အရမ်းများလွန်းတော့ မပေးနိုင်လို့ အိမ်တော့ ပြန်မရောက်သေးဘူး” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ပြန်ပေးဆွဲသူတွေက ဒေါ်လာ တစ်သိန်းခွဲနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ဆိုပါတယ်။
“ ဟုတ်တယ်။ ဒီဘူတာ ဘက်က လုပ်ငန်းရှင်လည်းပါတယ်” လို့ ဒေသခံ အမျိုးသား တစ်ဦးက အတည်ပြု ပြောပါတယ်။
လားရှိုးကနေ ထွက်သွားပြီး တစ်နာရီခန့်ကြာအထိ အတက်အသွယ် ရသေးတာကြောင့် လားရှိုးနဲ့ သီပေါကြား တစ်နေရာမှာ ပြန်ပေးဆွဲ ခံရတာ ဖြစ်နိုင်ကြောင်း မိသားစုနဲ့ နီးစပ်သူတွေက ခန့်မှန်း ပါတယ်။
စစ်တပ် အာဏသိမ်းပြီး နောက်ပိုင်း လားရှိုး၊ ကွတ်ခိုင်၊ မူဆယ် မြို့တွေမှာ ကလေးရော လူကြီးတွေပါ မကြာခဏ ပြန်ပေးဆွဲ ခံရတာတွေ ဖြစ်နေပါတယ်။
CJ-008
#Mekongnews
#လားရှိုးမြို့
#ပြန်ပေးဆွဲ
#လုပ်ငန်းရှင်