စီးပွားရေး

ရှမ်းပြည်တောင်ပိုင်းက ဂေါ်ဖီထုပ်တွေ ဈေးကျလို့ တောင်သူတွေ ခြံပြတ် လှူနေ

မဲခေါင် 21 Aug - 2023
ရှမ်းပြည်နယ် တောင်ပိုင်းက ထွက်ရှိတဲ့ ဂေါ်ဖီထုပ် ဈေးတွေ ထိုးကျလာတာကြောင့် တောင်သူတွေ အနေနဲ့ ခြံပြတ် လှူဒါန်းနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ သြဂုတ် ၂၁

ရှမ်းပြည်နယ် တောင်ပိုင်းက ထွက်ရှိတဲ့ ဂေါ်ဖီထုပ် ဈေးတွေ ထိုးကျလာတာကြောင့် တောင်သူတွေ အနေနဲ့ ခြံပြတ် လှူဒါန်းနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရင်က ရှမ်းတောင် ဂေါ်ဖီထုပ် တစ်ထုပ်ကို ၅၀၀ ကျပ်ကနေ ၁,၀၀၀ ကျပ်ကြား ဈေးရရှိခဲ့ပေမယ့် ဩဂုတ်လ အစပိုင်းက စပြီး ပဲခူး-မြဝတီမြို့ ကားလမ်း ရေကြီးမှုကြောင့် ၂၀၀ ကျပ်အထိ ကျဆင်းက လက်ရှိ ၁၅၀ ကျပ်အထိ ကျဆင်းလာတာကြောင့် ခြံပိုင်ရှင်တွေ အနေနဲ့ အခုလို ခြံပြတ် လှူဒါန်းဖို့ စီစဉ်လာတာလို့ တီကျစ်မြို့နေ တောင်သူ တစ်ဦးက ပြောပါတယ်။

“စိုက်ပျိုး စရိတ်နဲ့ အလုပ်သမား ပေးရတာနဲ့က မကိုက်တော့ဘူး။ ကျနော်ကတော့ တစ်ခေါက် လှူပြီးပြီ။ ပရဟိတကျောင်းကို လှူလိုက်တာ။ ကား ၂ စီးနဲ့ အပြည့် လာတင်သွားတယ်။ နောက်လည်း လိုချင်ရင် ပြောလို့ရတယ်။ ကျနော်တို့ ပစ်ထားတာ ကြာပြီ” လို့ သူကပြောပါတယ်။

လက်ရှိ တချို့ ပွဲရုံတွေက ၁၅၀ ကျပ်ပင် ဈေးမပေးတော့တာကြောင့် တောင်သူတွေ အနေနဲ့ ဂေါ်ဖီခုတ်ခ၊ သယ်ယူပို့ဆောင်ရေး စရိတ်ပင် ပြန်မရတာကြောင့် အခုလို ခြံပြတ် လှူဒါန်းဖို့ စီစဉ်ရတာလို့ သူက ဆက်ပြောပါတယ်။

ပင်းတယမြို့နေ တောင်သူ တစ်ဦးက “ဝယ်လက် ရှိရင် ရောင်းတယ်။ အဲတာကလည်း ဈေးဖိုးလောက်ပဲ ပြန်ရတာ။ လိုချင်တဲ့သူ ရှိရင် ပေးလိုက်တယ်။ ကိုယ်မှ မပြုစုနိုင်တော့တာ” လို့ ပြောပါတယ်။

အခုနှစ်ထဲမှာ မြေဩဇာနဲ့ ပိုးသတ်ဆေး ၃ ဆနီးပါး ဈေးတက်ထားလို့ ဂေါ်ဖီထုပ်တွေ အခုလို ဈေးကျတာဟာ တောင်သူတွေ အတွက် များစွာ ဆုံးရှုံးနစ်နာ စေတယ်လို့ ဆိုပါတယ်။

ဂေါ်ဖီထုတ်ကို ရှမ်းပြည်နယ် တောင်ပိုင်း နောင်တရား၊ တီကျစ်၊ အောင်ပန်း၊ ရွာငံ၊ ပင်းတယ စတဲ့ မြို့တွေမှာ အဓိက စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

CJ-007

#MeKongNews

#ပင်းတယမြို့

#ဂေါ်ဖီထုတ်

#တီကျစ်မြို့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့
ဒေသတွင်းသတင်း

သံလွင်မြစ်ကူး တာကော်တံတား တစ်ရက် ၄ နာရီ ပိတ်တာကြောင့် ကုန်သွယ်မှုတွေ ကြန့်ကြာ

ရှမ်းပြည်အရှေ့ပိုင်းနဲ့ တောင်ပိုင်း ချိတ်ဆက်ထားတဲ့ အမှတ်(၄) လမ်းမကြီးပေါ် သံလွင်မြစ်ကူးတံတားအနီး လမ်းပြင်နေတာကြောင့် ဧပြီ ၃၀ ကနေ မေ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ လုပ်ထားတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေ တောင်ပို့ကွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာစေတီ ထိမှန်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ့မြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို မနေ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာရဲ့ အနောက်ဘက်ရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင်တွေ မိုးရာသီမှာ ငှက်ဖျားကူးစက်မှုများလာနိုင်တယ်လို့ ဆို

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက မိုးရာသီကာလရောက်ရင် ငှက်ဖျားရောဂါကူးစက်မှုနှုန်း ပိုများလာနိုင်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖယ်ခုံ ညောင်ကုန်းရပ်ကွက်မှ အိမ်တစ်လုံးကို စစ်ကောင်စီဒရုန်း ဗုံးကြဲ

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ညောင်ကုန်း ၄ ရပ်ကွက်မှ အိမ်တစ်လုံးကို စစ်ကောင်စီက ဧပြီ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက ဒရုန်းနဲ့ဗုံးချခဲ့လို့ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now