ဒေသတွင်းသတင်း

ရွှေဘိုထောင်က နိုင်ငံရေးအကျဥ်းသား ၅ ဦး အောက်ပိုင်းချိနဲ့ ဝေဒနာ ခံစားနေရ

မဲခေါင် 11 Mar - 2024
ရွှေဘိုအကျဥ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဥ်းသား ၅ ဦးက ထောင်တွင်းကျန်းမာရေး စောင့်ရှောက်မှုနည်းပါးမှုတွေကြောင့် အောက်ပိုင်းချိနဲ့ဝေဒနာတွေခံစားနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ရက်က မတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မဲခေါင်၊ မတ် ၁၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဥ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဥ်းသား ၅ ဦးက ထောင်တွင်းကျန်းမာရေး စောင့်ရှောက်မှုနည်းပါးမှုတွေကြောင့် အောက်ပိုင်းချိနဲ့ဝေဒနာတွေခံစားနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ရက်က မတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အကျဥ်းထောင်တွေထဲက ထမင်းဟင်းတွေဟာ ဗီတာမင်ဓာတ်တွေပါဝင်မှုနည်းပါးတာ၊ အကျဥ်းသားအများအပြား စုဝေးနေထိုင်ရတာ၊ အခန်းကျဥ်းထဲ အချိန်ကြာကြာနေထိုင်ရတာ၊ လှုပ်ရှားမှုပြုလုပ်နိုင်တဲ့ ဧရိယာကျဥ်းမြောင်းတာ၊ ကျန်းမာရေးစောင့်ရှောက်မှုမရှိတာ တွေကြောင့် ခန္ဓာကိုယ်အောက်ပိုင်း ချိနဲ့တဲ့ ဝေဒနါတွေ ခံစားနေရတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါရောဂါလက္ခဏာကို အကျဥ်းထောင်အခေါ်အဝေါ်အနေနဲ့ တုတ်ဆွဲတာလို့ခေါ်ဝေါ်ပြီး ရွှေဘိုအကျဥ်းထောင်ထဲမှာ တလကို အကျဥ်းသား ၂ ဦးကနေ ၅ ဦးအထိ တုတ်ဆွဲတဲ့ရောဂါဝေဒနာကို ခံစားနေရတယ်လို့ဆိုပါတယ်။

“ လက်ရှိမှာ အကျဥ်းထောင်က ပြည့်ဝတဲ့စသောက်နေထိုင်မှု မဖန်တီးပေးနိုင်တဲ့အတွက် အရွယ်ငယ်တဲ့အကျဥ်းသားတွေတောင် လမ်းလျှောက်ဖို့ခက်ခဲတာတွေဖြစ်နေတယ်။ ကျွေးတဲ့အစားအသောက်တွေက ထောင်က အသားကျွေးရမယ့်အချိန်မှာ လည်ပင်းရိုးလောက်ပဲကျွေးတာမျိုးတွေကြောင့် ကိုယ်ခံအားတွေလျော့နည်းလာတယ်” လို့ နိုင်ငံရေးအကျဥ်းသားများ ကွန်ရက် တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

ရောဂါလက္ခဏာအနေနဲ့ ညောင်းညာကိုက်ခဲတာ၊ လမ်းမလျှောက်နိုင်တာ၊ အပေါ့အပါးသွားလာရခက်ခဲတာ၊ ခန္ဓာကိုယ်အောက်ပိုင်း လေဖြတ်သလိုခံစားရတာ၊ ထော့နင်းထော့နင်းဖြစ်တာတွေအပြင် စိတ်ကျရောဂါဝေဒနာတွေအထိ ခံစားရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ အကျဥ်းထောင်တွေဟာ စစ်ကောင်စီတပ် အာဏာသိမ်းပြီးချိန်ကစပြီး မတရား ဖမ်းဆီးထားတဲ့ အကျဥ်းသား လူဦးရေအဆမတန်များပြားလာတာကြောင့် တုတ်ဆွဲရောဂါတွေ ဖြစ်ပွားမှုနှုန်းတိုးမြင့်လာတယ်လို့ သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အကျဥ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားပေါင်း ၂၆၀၀၀ ကျော်အထိရှိနေတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီထောက်ပံ့ရေးအဖွဲ့ AAPP က မတ်လ ၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

CJ-004

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

Non-CDM အမျိုးသားဝန်ထမ်းတွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်တာကြောင့် ကလောမြို့ကဌာနဆိုင်ရာ ဝန်ထမ်းတွေ ထွက်ပြေး တိမ်းရှောင်နေ

ကလောမြို့နယ်တွင်း ဌာနဆိုင်ရာ အသီးသီးက ရာထူးကြီးပိုင်း ဝန်ထမ်းတွေဟာ အောက်ခြေဝန်ထမ်းတွေကို အသိမပေးဘဲ စစ်ကောင်စီကို စစ်မှုထမ်းစာရင်း ပေးထားတာကြောင့် အမျိုးသားဝန်ထမ်းတွေ တိမ်းရှောင်နေတယ်
မြန်မာ့နွေဦး

မြန်မာလုပ်သား ၁၇ ဦးကို ထောက်ပို့လို့စွပ်စွဲကာ လာအိုရဲဖမ်းဆီးပြီး မြန်မာစစ်တပ်ကိုလွှဲပေး

ရွှေတြိဂံနယ်စပ် လာအိုနိုင်ငံ၊ ကာစီနိုမြို့တော်မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၁၇ ယောက်ကို စစ်ကောင်စီက ထောက်ပို့လို့ စွပ်စွဲပြီး လာအိုရဲတွေဆီ အကြောင်းကြားပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွတ်ငြိမ်းနဲ့လွှတ်ပြီးမှ ပြန်ဖမ်းသွားတဲ့ ဒေါက်တာခလမ်ဆမ်ဆွန်ကို နေအိမ်ပြန်ရောက်ဖို့ မျှော်လင့်တယ်လို့ KBC ထုတ်ပြန်

လွတ်ငြိမ်းနဲ့လွှတ်ပြီးမှ စစ်ကောင်စီက ပြန်ဖမ်းသွားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC ) အကြံပေး သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်မှာ ကျန်းမာရေးအားနည်းပြီး ဆေးဝါးကုသမှုခံယူရန် လိုအပ်နေသူဖြစ်လို့ မိသားစုနေအိမ်သို့အမြန်ဆုံး ပြန်လည်ရောက်ရှိရန် အထူးမျှော်လင့်တယ်လို့ KBC က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို ကစားတယ်ဆိုတာ။ သူက နှစ်ဖက်စလုံးဆီကနေ သူ့ အကျိုးအတွက် အကောင်းဆုံးသော အခြေအနေကို ရဖို့ကြိုးစားခဲ့တယ်ဆိုတာပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်အသုံးပြု ခေါ်ဆိုတာတွေကြောင့် ဒေသခံ တိုင်းရင်းသားအမျိုးသမီးငယ်တွေ တရုတ်နိုင်ငံအတွင်း ရောင်းစားခံရ

စစ်ကောင်စီ အာဏာသိမ်းပြီး တရုတ်နိုင်ငံအတွင်းနဲ့ ကျားဖျဲန်ငွေလိမ်လုပ်ငန်က တရုတ်နိုင်ငံသားတွေအတွက် လပြတ်နဲ့ တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်ကတဆင့် ခေါ်ဆိုတာတွေ ပိုမိုများပြားလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now