ဒေသတွင်းသတင်း

မိုင်းတုံမှာ စစ်တပ်က ကျားဖြန့်၊ သတ္တုတူးခြင်းနဲ့ ရွှေဖောင်တွေကို ငွေယူပြီး ကာကွယ်ပေးနေ

မဲခေါင် 18 Apr - 2024
မိုင်းတုံ နဲ့ မိုင်းဆတ်ကြားက ခဲမဖြူထွက်တဲ့နေရာတွေနဲ့ မိုင်းကန်အုပ်စုဘက်မှာ ထွက်တဲ့ အဖြိုက်နက်သတ္တုတွေကိုတော့ လွန်ခဲ့တဲ့နှစ်တွေကတည်းက တရားမဝင်တူးဖော်နေကြတယ်လို့ ဒေသအရင်းအမြစ်တွေထံက သိရပါတယ်။

မဲခေါင်၊ ဧပြီ ၁၈

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့ စစ်ကောင်စီရဲ့ စစ်ဗျူဟာမှူးဟာ ကျားဖြန့်တရုတ်တွေ ဝင်ရောက်နေမှုတွေ၊ တရားမဝင်သတ္တုတူးဖော် နေတာတွေ၊ လောင်းကစားဝိုင်းတွေကို ခွင့်ပြုပေးနေတာတွေ နဲ့ သံလွင်မြစ်ထဲက တရားမဝင်ရွှေဖောင်တွေကို အခကြေးငွေယူပြီး အကာအကွယ် ပေးနေတယ်လို့ စစ်ကောင်စီအသိုင်းအဝန်းနဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်တွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

လက်ရှိ စစ်ဗျူဟာမှူးကျော်ထင်ဟာ သူ့လက်အောက် ဗိုလ်ကြီးသန်းမြတ်စိုး ဆိုသူကိုလည်း တရားမဝင်လုပ်ငန်းတွေလုပ်ခိုင်းပြီး ပိုက်ဆံရှာခိုင်းနေတာ ၊ မြို့ဝင်မြို့ထွက် ဂိတ်တွေမှာ တပ်ထိန်းတွေနဲ့ ပိုက်ဆံတောင်းနေတာတွေ ပြုလုပ်နေတယ်လို့လဲ ဆိုပါတယ်။

“ကျားဖြန့်တရုတ်တွေက မိုင်းဆတ် လွယ်ဆန်ဆွန်က ဖြတ်ဆင်းပြီး မိုင်းတုံ ထိုင်းနယ်စပ်က မုန်းကျွတ်ကိုသွားနေကြတာလေ၊ အဲမှာက ထိုင်းဘက်က ဆက်သွယ်ရေးတိုင်နီးတယ်။ ပိုက်ဆံယူတာ မယူတာတော့မသိဘူး၊ အဲဖက်က ၀ နဲ့လဲဆိုင်တယ်” လို့ မိုင်းတုံမြို့နယ်အကြောင်းသိသူ နယ်ခံတစ်ဦးက ပြောပါတယ်။

မိုင်းတုံ နဲ့ မိုင်းဆတ်ကြားက ခဲမဖြူထွက်တဲ့နေရာတွေနဲ့ မိုင်းကန်အုပ်စုဘက်မှာ ထွက်တဲ့ အဖြိုက်နက်သတ္တုတွေကိုတော့ လွန်ခဲ့တဲ့နှစ်တွေကတည်းက တရားမဝင်တူးဖော်နေကြတယ်လို့ ဒေသအရင်းအမြစ်တွေထံက သိရပါတယ်။

“အရင်က ကုမ္ပဏီတွေ လာကြသေးတယ်၊ မကိုက်လို့ပြန်ကုန်ကြတာ၊ ဒေသခံတွေကတော့ ထမင်းစားဖို့ တူးရောင်းနေကြတာပါ၊ နို့ဆီဗူး ၁ ဗူးကို ၁ သောင်းကနေ ၂ သောင်းကြား ကောင်းရင်ကောင်းသလို ရကြတော့ ရွာတွေက ဘိန်းအစား တူးရောင်းနေကြတာ၊ တပ်ကိုပေးရတာတော့မရှိပေမယ့် အုပ်ချုပ်ရေးပိုင်းကတော့ အခွန်ကောက်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လောင်းကစားဝိုင်းတွေကတော့ ဒီဒေသမှာ ရှင်ပြုကအစ တိုင်းရင်းသားပွဲအဆုံး ပါဝင်တယ်လို့ သိရပါတယ်။ အုပ်ချုပ်ရေးပိုင်းကို ပေးရတာ တွေကတော့ လောင်းကစားဒိုင်တွေတဆင့်ဖြစ်လို့ ဒေသခံအနေနဲ့တော့ မသိနိုင်ဘူးလို့ ဆိုပါတယ်။

“ဒီမှာက လောင်းကစားကို စီးပွားရေးအရ လုပ်နေကြတဲ့ ဒေသခံတွေရှိကြတယ်၊ သူတို့ကိုယ်တိုင်က လောင်းကစားလုပ်ချင်ကြတာ၊ ဘယ်ပွဲမဆို ထည့်ကြတယ်။ ပါမှလဲ ပွဲစည်တာလေ၊ အခြားအလုပ်လဲ မရှိကြတော့ လောင်းကစားလုပ်သူများတယ်၊ တချို့ကလဲ အပျော်ပေါ့” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

သံလွင်မြစ်ထဲက ဖောင်နဲ့ တရားမဝင်ရွှေတူးနေတာကတော့ အများစုက တရုတ်နိုင်ငံသားတွေဖြစ်ပြီး အခွန်ငွေကိုတော့ စစ်တပ်ရော လက်နက်ကိုင်အဖွဲ့တွေပါ ယူကြတယ်လို့ သိရပါတယ်။

“ကြာပါပြီ၊ ခုမှမဟုတ်ပါဘူး၊ ဗျူဟာမှ မဟုတ်ဘူး၊ လက်နက်ကိုင်အဖွဲ့ကတော့ အကုန်ပါပဲ၊ တဖောင်ကို ဒီရာသီမှာတစ်ဖွဲ့ကို ကျပ်သိန်း ၂၀၀ အထိ ပေးရတာ” လို့ ယင်းရွှေဖောင်လုပ်ငန်း အကြောင်းသိသူ မိုင်းပန်က ဒေသခံတစ်ဦးက ပြောပါတယ်။

သံလွင်မြစ်ထဲမှာ ပေ ၂၀၀ ခန့်အရှည်ရှိပြီး နှစ်ထပ်အိမ်ငယ် ၁ လုံးလောက်မြင့်မားတဲ့ ရွှေဖောင်ကြီးတွေနဲ့ မြစ်အောက်ခြေက သဲတွေကိုစုတ်ယူပြီး ကျင်ယူတာဖြစ်လို့ အနည်ထိုင်များတဲ့ မြစ်ထဲကို ချောင်းတွေစီးဝင်တဲ့ နေရာနဲ့ စည်းတိမ်နေရာတွေမှာ ရွှေပိဿာလိုက် ရကြတယ်လို့ပြောပါတယ်။

“တပ်ထိန်းတွေကလဲ ခုမှ မဟုတ်ပါဘူး၊ မိုင်းတုံမှာ ကျသွားတဲ့ တပ်ထိန်းတွေ ကားတွေဝယ်နိုင်တာ လူတိုင်းလိုလိုပါပဲ၊ ကားသမားတွေကလဲ ဘယ်လောက်ပေးရတယ်ဆိုတာ မပြောချင်ကြဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ကုန်ကား ဂိတ်အဝင်အထွက်ကို ဗျူဟာက ချုပ်ကိုင်ထားပြီး တပ်ထိန်းနဲ့ဂိတ်တာဝန်ကျတွေက ငွေတောင်းကာကုန်ကားမှန်သမျှ မပေးရတဲ့ကားမရှိကြောင်းနဲ့ ပါလာတဲ့ကုန်အပေါ် မူတည်ပြီး ငွေပေးရတာလို့ ဆိုပါတယ်။

မိုင်းတုံမြို့ဟာ ရှမ်းအရှေ့မှာ တောင်ဘက်အကျဆုံးမြို့ဖြစ်ပြီး ရှမ်းတောင် မိုင်းပန် ၊ ရှမ်းအရှေ့ မိုင်းဆတ်နဲ့ ထိုင်းနိုင်ငံနယ်စပ် ၄၆ မိုင်ကျော်ထိစပ်နေပြီး “၀”စစ်ဒေသ ၁၇၁ အခြေပြုရာ နယ်စပ်မြို့လဲ ဖြစ်ကာ RCSS ရဲ့ ဌာနချုပ်လွယ်တိုင်းလျန်းနဲ့လဲ နီးစပ်တဲ့ ပထဝီအနေအထားရှိပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ ဒေသခံတွေကို စစ်ကောင်စီ ဖမ်ဆီးပြီး ဓါးစာခံလုပ်ထား

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်းအွန်းနဲ့ ထမ်းယမ်ကျေးရွာမှာ ရွာခံ အရပ်သားတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့က ဖမ်းဆီးပြီး ဓါးစာခံ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

KNDF စစ်သင်တန်း ရှမ်းတောင် သင်တန်းသား ၁၅၀ ကျော် ပါဝင်၊ စစ်မှုထမ်းဥပေဒထုတ်ပြီးမှ တက်ရောက်သူ များပြား

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေ တောင်ပို့ကွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာစေတီ ထိမှန်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ့မြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို မနေ့ ဧပြီ ၃၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာရဲ့ အနောက်ဘက်ရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင်တွေ မိုးရာသီမှာ ငှက်ဖျားကူးစက်မှုများလာနိုင်တယ်လို့ ဆို

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက မိုးရာသီကာလရောက်ရင် ငှက်ဖျားရောဂါကူးစက်မှုနှုန်း ပိုများလာနိုင်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖယ်ခုံ ညောင်ကုန်းရပ်ကွက်မှ အိမ်တစ်လုံးကို စစ်ကောင်စီဒရုန်း ဗုံးကြဲ

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ညောင်ကုန်း ၄ ရပ်ကွက်မှ အိမ်တစ်လုံးကို စစ်ကောင်စီက ဧပြီ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက ဒရုန်းနဲ့ဗုံးချခဲ့လို့ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ထားဝယ်မှာ တိုက်ပွဲပြင်းထန်နေလို့ နိုင်ငံသားတွေကို ကယ်တင်ရေး ထိုင်းစစ်သင်္ဘော ၄ စီး အသင့်ပြင်ထား

တနင်္သာရီတိုင်း ထားဝယ်လမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေလို့ ပိုဆိုး ဝါးလာရင် စစ်ဇုန်ထဲရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေကို ကယ်တင်ဖို့ ထိုင်းလေတပ်က စစ်သင်္ဘော ၄ စီးကို အန်ဒမန်ပင်လယ်ကမ်းရိုးတန်းမှာ အသင့် ချထားပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ လူစားထိုးစရိတ် သုံးသောင်းကျပ်ကောက်ခံပြီး စစ်မှုထမ်း ၃ ဦးကိုလည်း ခေါ်ယူ

ရှမ်းပြည်နယ် တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်မှာ တစ်နှစ်စာအတွက် စစ်မှုထမ်းလူစားထိုးစရိတ် ကို ဧပြီလ ၂၈ ရက်နေ့အပြီး တစ်အိမ် သုံးသောင်းကျပ် ကောက်ယူခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ် ၀ိန်းလုံရွာကို စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်ခတ်

မဲခေါင်၊ ဧပြီ ၃၀ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ၀ိန်းလုံကျေးရွာကို စစ်ကောင်စီက မနေ့ ဧပြီ ၂၉ မှာ လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရတယ်လို့ PNLA က ယနေ့ ဧပြီလ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now